ကလေးတွေကို ဖွင့်ပြပေးသင့်တဲ့ ငါးမန်းကာတွန်း movies

by: Nang Htwe
 0 comments  0 love

အခုပြောပြထားတဲ့ ငါးမန်း movies တွေကို YouTube ကနေ ဖြစ်ဖြစ် Google ကနေ ဖြစ်ဖြစ် ရှာဖွေပြီး ပြပေးပါနော်။

ကာတွန်းမကြိုက်တဲ့ ကလေးဆိုတာ မရှိပါဘူး။ အခု kalay ကနေပြောပြမယ့် ငါးမန်းရုပ်ရှင်လေးတွေကို ပြောပြပေးမယ်နော်။ မေမေတို့လည်း ကလေးတွေနဲ့ အတူတူကြည့်လို့ရတယ်နော်။

ငါးမန်း ကာတွန်း ကလေး

Jabberjaw (1976) (Photo by The Movie Database)

Jabberjaw (1976)

American television series တစ်ခုဖြစ်ပြီး အစောပိုင်းကာတွန်းရုပ်ရှင်တွေထဲက တစ်ခုပါ။ ကာတွန်းထဲမှာပါတဲ့ ငါးမန်းက အရှည် (၁၅)လက်မခန့်ဖြစ်ပြီး သူ့နာမည်က ‘The Neptunes’ ပါ။ Shelly, Biffy, Clamhead နဲ့ Bubbles ဆိုတဲ့ ငါးမန်းလေးသုံးကောင်က ရေနောက်အနက် (၂၀၇၆) မီတာမှာ နေထိုင်ကြပြီး ရာဇဝတ်မှု တိုက်ဖျက်ရေးတွေ လုပ်တယ်။ ရယ်လည်းရယ်ရတယ်၊ သီချင်းလေးတွေကလည်း မြူးတယ်၊ စွန့်စားခန်းတွေကိုလည်း ကြည့်ရတယ်။ ကလေးတွေအတွက် အလွန်ကောင်းတယ်။

Finding Nemo (2003)

ပျော်ပျော်နေတတ်တဲ့ ငါးမန်းလေး Nemo နဲ့ သူ့အဖေ Marlin တို့က သမုဒ္ဒရာအောက်မှာ နေထိုင်ကြတယ်။ Nemo လေးက သူနေထိုင်ရာနေရာကနေ သမုဒ္ဒရာထဲကို လေ့လာချင်တာပါ။ သူ့အဖေက မလွှတ်ပါဘူး။ ဒီလိုနဲ့ တစ်ရက် ခိုးအထွက် ငါးဖမ်းသမားတွေသူ့ကိုဖမ်းမိသွားတယ်။ ရယ်မောစရာကောင်းတဲ့အပြင် စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။

The Little Mermaid (1989)

မေမေတို့သိထားပြီးတဲ့ ကာတွန်းကားလေးပါ။ ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြတယ်။ ကလေးတွေအတွက် အလွန်ကောင်းတဲ့ ဇာတ်လမ်းပါ။

Kenny The Shark (2003)

ကျားငါးမန်းလေး Kenny အကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။ Kenny လေးက ထူးဆန်းတဲ့ အခြေအနေတစ်ခုနဲ့ ကြုံခဲ့ရပြီးနောက် အိမ်မွေးတိရစ္ဆာန်လေးဖြစ်လာခဲ့တယ်။ ကလေးတွေကြည့်သင့်တဲ့ ငါးမန်းဇာတ်လမ်းလေးပါ။

ငါးမန်း ကလေး ကာတွန်း

ငါးမန်း movies တွေကို YouTube ကနေ ဖြစ်ဖြစ် Google ကနေ ဖြစ်ဖြစ် ရှာဖွေပြီး ပြပေးပါနော် (Photo by FirstCry Parenting)

The Reef (2006)

တခြားနေရာတစ်ခုကို ပြောင်းရွေ့နေထိုင်တဲ့ ငါးမန်းတစ်ကောင်ရဲ့ စွန့်စားခန်းပါ။ လှည့်ကွက်တွေ အလှည့်အပြောင်းတွေနဲ့ ချစ်စရာကောင်းတဲ့ စွန့်စားခန်းတွေပါ။ ကလေးတွေ အလွန်ကြိုက်ကြပါတယ်။

Wild Kratts – Stuck on Sharks (2011)

Kratts ညီအကိုနှစ်ဦးက ငါးမန်းဖြူလေးနဲ့ မိတ်ဖွဲ့ပြီး ငါးမန်းတွေဘဝကို လေ့လာတဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။ ကလေးတွေအတွက် ပျော်စရာကောင်းပြီး သတ္တဝါအကြောင်းလေ့လာရန် အထောက်အကူပြုတယ်။

Sharks: Knights of the Sea (2008)

စိတ်ဝင်စားစရာကောင်းတဲ့ မှတ်တမ်းရုပ်ရှင်တိုဖြစ်တယ်။ ငါးမန်းတွေရှာဖွေတဲ့ ခရီး ဗဟုသုတတွေရတယ်။ ကလေးတွေ ငါးမန်းအကြောင်း သိစေတဲ့အပြင် ပျော်စရာလည်းကောင်းတယ်။

Shark Superhighway (2008)

မှတ်တမ်းတင် ကာတွန်းရုပ်ရှင်ဖြစ်ပြီး ငါးမန်းတွေအကြောင်းသိဖို့နဲ့ ငါးမန်းအလွန်အမင်းဖမ်းဆီးတာကို လျှော့ချဖို့ ရည်ရွယ်ပါတယ်။

Shark Week (1988)

ကလေးတွေအတွက် ငါးမန်းအကြောင်း သတင်းအချက်အလက်နဲ့ ဟာသပေါင်းစပ်ထားပါတယ်။ ကလေးတွေအတွက် အလွန်ကောင်းပါတယ်။

အခုပြောပြထားတဲ့ ငါးမန်း movies တွေကို YouTube ကနေ ဖြစ်ဖြစ် Google ကနေ ဖြစ်ဖြစ် ရှာဖွေပြီး ပြပေးပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles