ကိုယ်ဝန်ပျက်ကျပြီး နောက်ထပ်ကိုယ်ဝန်မယူခင် ပြင်ဆင်ရမည့် အချက်များ

by: Phyo Pyae Thu
 0 comments  1 love

ကိုယ်ဝန်ပျက်ကျပြီးရင် နောက်ထပ်ကိုယ်ဝန်ရနိုင်လားဆိုတဲ့ မေးခွန်းဟာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်ပြီး အမေးအများဆုံး မေးခွန်းပါ။

ကိုယ်ဝန်ပျက်ကျပြီးရင် နောက်ထပ်ကိုယ်ဝန်ရနိုင်လားဆိုတဲ့ မေးခွန်းဟာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်ပြီး အမေးအများဆုံး မေးခွန်းပါ။ ကိုယ်ဝန်ပျက်သွားပြီးတဲ့အခါ နောက်ထပ် ကိုယ်ဝန်ရရှိနိုင်ပါတယ်။ နောက်ထပ် ကိုယ်ဝန်ရရှိနိုင်ဖို့အတွက်တော့ ကိုယ်ဝန်မဆောင်ခင်မှာ ကြိုတင်ပြင်ဆင်စရာလေးတွေ ရှိပါတယ်။ ပုံမှန်ထက် ပိုပြီး ဂရုစိုက်ဖို့တော့ လိုတယ်နော်။

အချိန်ဘယ်လောက် ထပ်စောင့်သင့်လဲ

ကိုယ်ဝန်ပျက်ကျပြီးနောက် နောက်ထပ် ကိုယ်ဝန်ယူမယ်ဆိုရင်တော့ အနည်းဆုံး (၂) လလောက်တော့ စိတ်ရှည်ရှည်ထားပြီး စောင့်ရပါမယ်။ ကိုယ်ဝန်ပျက်ထားပြီးပြီဆိုရင် ကိုယ့်ရဲ့ ရာသီစက်ဝန်းကို စောင့်ကြည့်ဖို့ လိုပါတယ်။ ရာသီစက်ဝန်း ပုံမှန်ဖြစ်မှသာ နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားရမှာပါ။ ဒါမှ နောက်တစ်ကြိမ် သန္ဓေသားမြဲမှာပါ။

 

စောင့်ကြည့်ပေးရမယ့် သားအိမ်အနေအထား

ကိုယ့်ရဲ့ သားအိမ်အနေအထားကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။ သားအိမ်ကို ဓါတ်မှန် မရိုက်ချင်ဘူးဆိုရင်တောင် ဆရာဝန်နဲ့ ပြပါ။ ဆရာဝန်နဲ့ ပြတဲ့အခါမှာ ကိုယ်ဝန်ဘယ်အချိန်မှာ သားလျှောခဲ့ကြောင်းနဲ့ သားလျှောချိန်က အဖြစ်အပျက် မှန်သမျှ အကုန်လုံးပြောပေးဖို့ လိုတယ်နော်။ ဆရာဝန်က ကိုယ့်ရဲ့ သိုင်းရွိုက် အခြေအနေကို စစ်ကြည့်ပြီး လိုအပ်တဲ့ ကုသမှုတွေပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ နောက်ထပ် ကိုယ်ဝန်ရရှိဖို့ အခွင့်အလမ်းပိုများပါတယ်။

လေ့ကျင့်ခန်းနဲ့ ယောဂ

လေ့ကျင့်ခန်းတွေ အများကြီး မလုပ်ဘဲ ယောဂကျင့်စဉ်လိုမျိုးတွေသာ လုပ်ပေးပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေက စိတ်မချရသေးတာကြောင့်ပါ။ ဗီတာမင်ဓါတ်တွေနဲ့ ဖောလစ်အက်ဆစ်ဆေးတွေ ကြိုတင်သောက်ပါ။ ကော်ဖီ၊ အရက်ကို နည်းနည်းလေးမှတောင် မသောက်ပါနဲ့တော့နော်။ အကယ်လို့ ကိုယ့်ရဲ့လက်တွဲဖော်က အရက်သောက်တယ်ဆိုရင်တောင် လျှော့ခိုင်းပါ။ သုတ်ကောင်ရေအား လျော့နည်းစေတာမို့ ကိုယ်ဝန်ရဖို့ အဟန့်အတား ဖြစ်စေနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video