ကိုယ်ဝန်ယူမယ့်စုံတွဲတွေ စားဖို့ ပြင်ဆင်ထားရမယ့် အစားအစာများ

by: Nang Htwe
 0 comments  46 love

ကိုယ်ဝန်ဆောင်မယ့်စုံတွဲတွေအနေနဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။ ဒီလိုကျန်းမာကြံ့ခိုင်နေမှသာ ကိုယ်ဝန်ယူနိုင်မှာပါ။

ခန္ဓာကိုယ်ကြံ့ခိုင်စေမယ့် အစားအစာတွေကို ကိုယ်ဝန်ယူဖို့ ပြင်ဆင်ချိန်မှာ စားဖို့ စီစဉ်ထားသင့်ပါတယ်။ ဒီလိုပြင်ဆင်တာက ကိုယ်ဝန်ယူဖို့ ကြိုးစားချိန်မှာသာမက မကြာခင်ရရှိလာမယ့် သန္ဓေသားလောင်းအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။

ကိုယ်ဝန်ရဖို့အတွက် ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိနေဖို့ လိုပါတယ် (Photo by Check Ovulation)

ကိုယ်ဝန်ယူမယ့်စုံတွဲတွေ စားသုံးဖို့ပြင်ဆင်ထားရမယ့် အစားအစာများ

၁။ ဖောလစ်အက်စစ်

ဖောလစ်အက်စစ်က ကိုယ်ဝန်ယူမယ့်စုံတွဲတွေအတွက် မရှိမဖြစ်ပါပဲ။ ဒါ့ကြောင့် ကိုယ်ဝန်ယူဖို့ ပြင်ဆင်ချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ အစားအစားတွေထဲမှာ ဖောလစ်အက်စစ်ပါဝင်တဲ့ အစားအစာတွေကို ထည့်သွင်းစားသုံးပေးရပါမယ်။ ဖော့လစ်အက်စစ်ပါဝင်တဲ့ အစားအစာတွေက ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုစေတဲ့အပြင် သန္ဓေသားလောင်းလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုပါတယ်။ ဖောလစ်အက်စစ်ကို အစားအစာတွေကနေ ရရှိနိုင်တဲ့အပြင် ဖောလစ်အက်စစ်ဆေးဝါးတွေကိုလည်း မှီဝဲပေးရပါမယ်။

၂။ အရည်အသွေးမြင့်မားတဲ့ ပရိုတိန်း

ပရိုတိန်း(အသားဓာတ်) က ကိုယ်ဝန်ယူမယ့်စုံတွဲတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ပရိုတိန်းပါဝင်တဲ့ အစားအစာတွေက မမျိုးဥအရည်အသွေးကို ကောင်းမွန်စေပါတယ်။ အဖြူရောင်အသားဖြစ်တဲ့ ကြက်သား၊ငါး၊ ဆော်လမွန်ငါး၊ အိုမီဂါ(၃)ပါဝင်တဲ့ အစားအစာများ၊ ကြက်ဥနဲ့ ဥအမျိုးမျိုးတို့မှာ ပရိုတိန်းဓာတ်မြင့်မားစွာ ပါဝင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေက ကိုယ်ဝန်ရဖို့ အခက်အခဲဖြစ်စေတဲ့ အဝလွန်တာကိုလည်း တားဆီးပေးပါတယ် (Photo by youtube)

၃။ Omega-3 Fatty Acids

အိုမီဂါ(၃)ပါဝင်တဲ့ အစားအစာတွေက ကိုယ်ဝန်ယူတဲ့အခါမှာ မရှိမဖြစ်လိုအပ်တာကြောင့် ပြင်ဆင်ချိန်မှာ ထည့်သွင်းပေးထားဖို့ အရေးကြီးပါတယ်။ အိုမီဂါ(၃)က ကိုယ်ဝန်ရစေမယ့် ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သန္ဓေသားလောင်းလေးရဲ့ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

၎။ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း

အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်နဲ့ ပရိုတိန်းဓာတ်တွေပါဝင်တာကြောင့် ကိုယ်ဝန်ယူမယ့်စုံတွဲတွေအတွက် အထောက်အကူပြုပါတယ်။  ကိုယ်ဝန်ဆောင်ဖို့အတွက် ကျန်းမာတဲ့ခန္ဓာကိုယ်ရရှိဖို့နဲ့ သန္ဓေသားလောင်းလေးကြီးထွားဖွံ့ဖြိုးဖို့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးဖို့ ပြင်ဆင်ပေးထားပါ။

၅။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ရောင်ရမ်းတာတွေနဲ့ နာကျင်တာတွေကို သက်သာစေပါတယ်။ ကိုယ်ဝန်ရဖို့ အခက်အခဲဖြစ်စေတဲ့ အဝလွန်တာကိုလည်း တားဆီးပေးပါတယ်။ ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့ စုံတွဲတွေအနေနဲ့  ကိုယ်ဝန်ရဖို့ အထောက်အကူပြုနိုင်တဲ့ အစားအစာတွေကို ကြိုတင်စားသုံးပေးဖို့ Kalay ကနေ အကြံပြုလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Eatingpregnantprepare


Comments

0 comments
Latest video
Refer to more useful articles