ကိုယ်ဝန်မယူခင် ပြင်ဆင်ထားရမယ့် နည်းလမ်းအဆင့်ဆင့်

by: Nang Htwe
 0 comments  10 love

ဆရာဝန်နဲ့ ကျွမ်းကျင်တဲ့သူနာပြုတွေက ဇနီးမောင်နှံ(၂)ဦးစလုံးရဲ့ မိသားစုနောက်ခံရာဇဝင်၊ မျိုးရိုးဗီဇနဲ့ ကျန်းမာရေးကို အဓိကထားပြီး စစ်ဆေးပေးပါတယ်။

ဇနီးမောင်နှံတွေမှာ ကိုယ်ဝန်ယူဖို့ပြင်ဆင်တော့မယ်ဆိုရင် ပြောင်းလဲရမယ့် နေထိုင်မှုပုံစံတွေကို သိနေဖို့ လိုပါတယ်။ အပြောင်းအလဲတွေကို ပြုလုပ်မှသာ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်လာမှာပါ။ ကျန်းမာတဲ့ ရင်သွေးငယ်ကို မွေးဖွာဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ကိုယ်ဝန်မရခင်ကတည်းက နည်းလမ်းကျတဲ့ ပြင်ဆင်မှုတွေကို အဆင့်ဆင့်ပြုလုပ်သွားဖို့လိုပါတယ်။

ဆရာဝန်နဲ့ ကျွမ်းကျင်တဲ့ သူနာပြုတွေက ဇနီးမောင်နှံ(၂)ဦးစလုံးရဲ့ မိသားစုနောက်ခံရာဇဝင်တွေကို မေးမြန်းပါလိမ့်မယ် (Photo by gettyimage)

ဆရာဝန် သို့မဟုတ် ကျွမ်းကျင်တဲ့ သူနာပြုတွေနဲ့ ပြသပေးပါ

ကိုယ်ဝန်ယူတော့မယ်လို့ ဇနီးမောင်နှံ(၂)ဦးစလုံး ဆုံးဖြတ်ပြီးပြီဆိုရင် ပထမဆုံး ဆရာဝန် သို့မဟုတ် သားဖွားသူနာပြုတွေနဲ့ ပြသစစ်ဆေးသင့်ပါတယ်။ လိုအပ်တဲ့ အကြံဥာဏ်တွေနဲ့ နည်းလမ်းတွေကိုလည်း မေးမြန်းနိုင်ပါတယ်။

ကိုယ်ဝန်ယူတော့မယ်လို့ ဇနီးမောင်နှံ(၂)ဦးစလုံး ဆုံးဖြတ်ပြီးပြီဆိုရင် ပထမဆုံး ဆရာဝန် သို့မဟုတ် သားဖွားသူနာပြုတွေနဲ့ ပြသစစ်ဆေးသင့်ပါတယ် (Photo by gettyimage)

  • ဆရာဝန်နဲ့ ကျွမ်းကျင်တဲ့ သူနာပြုတွေက ဇနီးမောင်နှံ(၂)ဦးစလုံးရဲ့ မိသားစုနောက်ခံရာဇဝင်တွေကို မေးမြန်းပါလိမ့်မယ်။ အဓိကအားဖြင့်တော့ မျိုးရိုးဗီဇနဲ့ ကျန်းမာရေးကို အဓိကထားပြီး စစ်ဆေးမှာပါ။
  • ဇနီးမောင်နှံ(၂)ဦးစလုံးကို သွေးစစ်ဆေးမှုတွေပြုလုပ်ပြီး လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုလည်း ထိုးပေးသွားမှာပါ။
  • ကိုယ်ဝန်ယူဖို့ ကြိုးစားချိန်မှာ စားသုံးပေးရမယ့် အစားအစာတွေနဲ့ ဆေးဝါးတွေကိုလည်း ညွှန်ကြားပေးမှာပါ။ ပြောင်းလဲရမယ့် နေထိုင်မှုပုံစံတွေအပြင် ဆောင်ရန်ရှောင်ရန်တွေကိုလည်း လမ်းညွှန်ပေးပါလိမ့်မယ်။
  • နာတာရှည်ရောဂါရှိသူများ (ဥပမာ- ဆီးချိုနဲ့ ပန်းနာရင်ကျပ်) ကိုလည်း ဆရာဝန်တွေက ဆောင်ရန်၊ရှောင်ရန်နဲ့ သောက်သုံးရမယ့်ဆေးဝါးတွေကို လမ်းညွှန်ပေးပါတယ်။
  • အဝလွန်နေတယ်ဆိုရင်လည်း ကိုယ်အလေးချိန် လျော့ချဖို့ အကြံဥာဏ်ပေးပါလိမ့်မယ်။ ဒီလို ကိုယ်အလေးချိန်လျော့ချတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကို လျော့ချပေးပါတယ်။
  • သင့်တော်တဲ့လေ့ကျင့်ခန်းများ၊ ယောဂကျင့်စဉ်များ၊ စိတ်ဖိစီးမှုပြေလျော့နည်းများနဲ့ ရာသီစက်ဝန်းမှန်ကန်တဲ့ နည်းလမ်းတွေကိုလည်း ဆရာဝန်နဲ့ ကျွမ်းကျင်တဲ့ သူနာပြုတွေက လမ်းညွှန်ပေးမှာပါ။

ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေအနေနဲ့ စနစ်တကျပြင်ဆင်ထားတာက အမြန်ရစေတဲ့အပြင် ကျန်းမာတဲ့ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်လာစေနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: doctormidwifepregnant


Comments

0 comments
Latest video
Refer to more useful articles
x