ကိုယ်ဝန်ရဖို့ ခန္ဓာကိုယ်ကျန်းမာအောင် ဘယ်လိုပြင်ဆင်ကြမလဲ

by: Nang Htwe
 0 comments  26 love

ခန္ဓာကိုယ်ကြံ့ခိုင်စေမယ့် အစားအစာတွေကို ကိုယ်ဝန်ယူဖို့ ပြင်ဆင်ချိန်မှာ စားဖို့ စီစဉ်ထားတာက ခန္ဓာကိုယ်ကျန်းမာစေပြီး ကိုယ်ဝန်ရဖို့ အထောက်အကူဖြစ်စေပါတယ်။

ကိုယ်ဝန်ယူဖို့ဆိုတာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိဖို့လိုပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေနေနဲ့ ကိုယ်ဝန်ယူဖို့ပြင်ဆင်တဲ့အခါမှာ ခန္ဓာကိုယ်ကျန်းမာအောင်လည်း ပြင်ဆင်ထားဖို့လိုပါတယ်။

ဇနီးမောင်နှံတွေအေနေနဲ့ ကိုယ်ဝန်ယူဖို့ပြင်ဆင်တဲ့အခါမှာ ခန္ဓာကိုယ်ကျန်းမာအောင်လည်း ပြင်ဆင်ထားဖို့လိုပါတယ် (Photo by Rebel Circus)

 ကိုယ်ဝန်ရဖို့ ခန္ဓာကိုယ်ကျန်းမာအောင် ဘယ်လိုပြင်ဆင်ကြမလဲ

၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ

ကိုယ်ဝန်ယူဖို့ပြင်ဆင်နေပြီဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားပေးဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေရရှိတာကြောင့် ကိုယ်ဝန်ဆောင်မယ့်သူတွေ မရှိမဖြစ် စားသုံးပေးရပါမယ်။

၂။ အဆိပ်သင့်ခြင်း

ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေကနေ အဆိပ်သင့်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ့်ဇနီးမောင်နှံတွေအနေနဲ့ အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်သင့်နိုင်တဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးပါ။

၃။ ပူနွေးတဲ့အစားအစာ

လတ်ဆတ်ပြီး ပူနွေးနွေးအစားအစာတွေက သားအိမ်အတွက် အကျိုးကျေးဇူးတွေရရှိစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ့်ဇနီးမောင်နှံတွေ လတ်ဆက်ပြီး ပူပူနွေးနွေးအစားအစာတွေကို နေ့တိုင်းစားပေးဖို့ ပြင်ဆင်ထားရပါမယ်။

ကိုယ်ဝန်ယူမယ့်ဇနီမောင်နှံတွေ သွားကျန်းမာရေးစစ်ဆေးပေးသင့်ပါတယ် (Photo by redfordsmiles)

၎။ ဖောလစ်အက်ဆစ်

ဖောလစ်အက်ဆစ်ကို ကိုယ်ဝန်ယူမယ့် အမျိုးသမီးတွေ မရှိမဖြစ်သောက်ပေးရပါမယ်။ ဖောလစ်အက်ဆစ်ပါဝင်တဲ့ အစားအစာတွေကို စားပေးရမယ့်အပြင် ဖော့လစ်အက်ဆစ်ပါဝင်တဲ့ ဆေးဝါးကိုလည်း သောက်ပေးရပါမယ်။ ဖောလစ်အက်ဆစ်က ကိုယ်ဝန်ရဖို့အထောက်အကူပြုတဲ့အပြင် မကြာမီရလာတော့မယ့် သန္ဓေသားလောင်းအတွက်လည်း အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၅။ သွားကျန်းမာရေး

ကိုယ်ဝန်ယူမယ့်ဇနီမောင်နှံတွေ သွားကျန်းမာရေးစစ်ဆေးပေးသင့်ပါတယ်။ ကိုယ်ဝန်ရဖို့ ပြင်ဆင်မယ့်အစီအစဉ်တွေထဲမှာ သွားကျန်းမာရေးစစ်ပေးဖို့လည်း ထည့်သွင်းပေးသင့်ပါတယ်။

၆။ ယောဂ၊ လေ့ကျင့်ခန်း

နောက်ထည့်သွင်းပေးရမယ့် အစီအစဉ်တခုကတော့ ယောဂလေ့ကျင့်တာပါ။ ဇနီးမောင်နှံ(၂)ဦးစလုံး ယောဂလေ့ကျင့်ပေးတာက ကိုယ်ဝန်အမြန်ရဖို့ အကူအညီဖြစ်စေပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ဖိုကိုလည်း အစီအစဉ်တွေထဲမှာ ထည့်သွင်းရေးဆွဲထားသင့်ပါတယ်။

၇။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေက ကိုယ်ဝန်ရဖို့ အခက်အခဲတွေဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူဖို့ ပြင်ဆင်တဲ့အခါမှာ ဝင်ရောက်လာမယ့် စိတ်ဖိစီးမှုတွေကို ဘယ်လိုဖယ်ရှားရမယ်ဆိုတာ ကြိုတင်လေ့လာထားဖို့ အရေးကြီးပါတယ်။ တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း စတဲ့လုပ်ဆောင်ချက်တွေက စိတ်ဖိစီးမှုတွေကို ပျောက်ကင်းစေပါတယ်။

ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့ စုံတွဲတွေအနေနဲ့  ကိုယ်ဝန်ရဖို့ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ Kalay ကနေ အကြံပြုလိုက်ပါတယ်။

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles