ကိုယ်ဝန်ရရှိချိန်မှာ ကျန်းမာအောင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

by: Phyo Pyae Thu
 1 comments  2 love

မေမေလောင်းတို့အနေနဲ့ ကိုယ်ဝန်မယူခင်ကတည်းက ကြိုတင်ပြင်ဆင်ထားမှသာ မေမေလောင်းစတင်ဖြစ်လာတဲ့အချိန်မှာ ကျန်းမာတဲ့ကိုယ်ဝန်ကို လွယ်ထားနိုင်မှာပါ။ 

ကျန်းမာတဲ့ကိုယ်ဝန်ဖြစ်ဖို့ ကြိုတင်ပြင်ဆင်ပါ (photo: dentistryhuntingtonbeach.com)

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ရရှိတဲ့အချိန်မှာ ကျန်းမာစေချင်တယ်ဆိုရင်တော့ ကိုယ်ဝန်မယူတည်းက ကြိုတင်ပြင်ဆင်ရမှာတွေ ရှိပါတယ်။ ကိုယ်ဝန်မယူခင်ကတည်းက ကြိုတင်ပြင်ဆင်ထားမှသာ မေမေလောင်းစတင်ဖြစ်လာတဲ့အချိန်မှာ ကျန်းမာတဲ့ကိုယ်ဝန်ကို လွယ်ထားနိုင်မှာပါ။

သွားဆရာဝန်ဆီမှာ စစ်ဆေးတာမျိုးတွေ လုပ်ရပါမယ်  (photo: dentistryhuntingtonbeach.com)

ကျန်းမာတဲ့ကိုယ်ဝန်ဆိုတာ ဘာလဲ

မေမေလောင်းလေးတို့ရေ ကျန်းမာတဲ့ကိုယ်ဝန်ဆိုတာ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေးလေးမွေးဖွားလာတဲ့အထိ သန္ဓေသားလေးက ဖွံ့ဖြိုးတိုးတက်တာ ပုံမှန်ဖြစ်ခြင်း၊ ကျန်းမာခြင်း၊ မေမေလောင်းလေးလည်း ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ကျန်းမာနေခြင်းပါ။

ကျန်းမာတဲ့ကိုယ်ဝန်ရအောင် ပြင်ဆင်ခြင်း

 နေထိုင်မှုပုံစံကို ပြောင်းပစ်ရပါမယ်။ အကယ်လို့ မေမေလောင်းက အိပ်ချိန်မမှန်တာ၊ အစားအသောက်မမှန်တာ၊ အသီးအရွက်မစားတာ ၊ ရေသောက်နည်းတာ၊ အလုပ်ကစိတ်ဖိစီးမှုတွေ များနေတာ အစရှိသလို နေထိုင်မှု ပုံစံက တခုခုခု ချို့ယွင်းနေတယ်ဆိုရင် ပြင်ဆင်ရပါမယ်။ မေမေလောင်းဖြစ်ချင်သူတွေအနေနဲ့ သားအိမ်အတွက် အဓိက ထားပြီး လေ့ကျင့်ပါ။ ဒါဆိုရင် ကိုယ်ဝန်ရလာတဲ့အခါ သားအိမ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ရှောင်ရှားပြီးသား ဖြစ်မှာပါ။ သန္ဓေသားလေးရဲ့ ချက်ကြိုးမှာ ချွတ်ယွင်းချက်တွေ မရှိစေဖို့အတွက် တစ်ရက်ကို ဖောလစ်အက်ဆစ် အနည်းဆုံး (၄၀၀)မီလီဂရမ် နေ့စဉ် ပုံမှန်သောက်ပေးပါ။

မေမေလောင်းဖြစ်ချင်သူတွေအနေနဲ့ ကိုယ်ဝန်မဆောင်မီမှာ

ကာကွယ်ဆေးတွေ ထိုးထားဖို့ လိုပါတယ်။ ရေကျောက်လိုမျိုး ရောဂါက သန္ဓေသားလေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ထိုးဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။ မေမေလောင်းတို့ ကိုယ်ဝန်ယူဖို့ ပြင်ဆင်ကြတဲ့အခါမှာ သွားကို မေ့ထားလို့ မရပါဘူးနော်။ သွားဆရာဝန်ဆီမှာ စစ်ဆေးတာမျိုးတွေ လုပ်ရပါမယ်။ သွားမှာ ပြဿနာတွေ ရှိနေတာက ကိုယ်ဝန်ရဖို့ အနှောင့်အယှက် ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ပြီး မွေးလာရင်လည်း လမစေ့တာ၊ ပေါင်မပြည့်တာတွေ ဖြစ်လာနိုင်ပါသေးတယ်။

သားအိမ်ရဲ့ ကျန်းမာရေးကိုလည်း စစ်ဆေးမှုလုပ်ပါ

နောက်ထပ် ကျန်းမာရေး အနေနဲ့ ဆီးချိုရောဂါ၊ နာတာရှည် ပန်းနာရင်ကျပ်တွေနဲ့ သွေးတိုးရောဂါတွေ ရှိမရှိလဲ စစ်ကြည့်ဖို့ လိုပါတယ်။ အကယ်လို့များ ဒီလိုရောဂါတွေ ရှိနေမယ်ဆိုရင် ကိုယ်ဝန်ရလာတဲ့အခါ သန္ဓေသားမထိခိုက်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ ပြင်ဆင်ရပါမယ်။

မေမေလောင်းလေးတို့ ကျန်းမာတဲ့ကိုယ်ဝန်ရရှိဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်တွေကို သိထားပြီးပြီဆိုရင်တော့ လုပ်ဆောင်ရမှာတွေကို ကြိုတင်လုပ်ထားပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicefoodgood tipshealthprepare


Comments

0 comments
Latest video
Refer to more useful articles
x