အားလပ်ရက်မှာ ကိုယ်ဝန်ရဖို့ ဘယ်လိုပြင်ဆင်ကြမလဲ

by: Nang Htwe
 1 comments  1 love

မှန်ကန်တဲ့ နည်းလမ်းတွေကိုသိမှာသာ အားလပ်ရက်ရှည်မှာ ကိုယ်ဝန်ရနိုင်မှာပါ။ မှန်ကန်တဲ့ နည်းလမ်းတွေကိုသိဖို့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ပိတ်ရက်ရှည်မှာ ခင်ပွန်းသည်ပြန်လာတော့မယ်ဆိုရင် ကိုယ်ဝန်ယူမယ့် ဇနီးသည်တွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုလာပါပြီ။ အချိန်နည်းတာကြောင့် သေသေချာချာပြင်ဆင်ထားဖို့လိုပါတယ်။  အားလပ်မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားမှသာ ကိုယ်ဝန်ရနိုင်မယ့်အခွင့်အလမ်းတွေ ရရှိစေမှာပါ။

ပိတ်ရက်ရှည်မှာ ခင်ပွန်းသည်ပြန်လာတော့မယ်ဆိုရင် ကိုယ်ဝန်ယူမယ့် ဇနီးသည်တွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုလာပါပြီ (Photo by verywell family)

အားလပ်ရက်မှာ ကိုယ်ဝန်ယူဖို့ ဘယ်လို ပြင်ဆင်ကြမလဲ

 ရာသီစက်ဝန်း

ဇနီးသည်တွေအနေနဲ့ ရာသီစက်ဝန်းကို တွက်ချက်ထားဖို့လိုပါတယ်။ အကယ်လို့ မမျိုးဥကြွေချိန်က အားလပ်ရက်ကျော်မှဆိုရင်တော့ ကျွမ်းကျင်တဲ့ သားဖွားမီးယပ် ဆရာဝန်တွေဆီမှာ အကြံဥာဏ်တောင်းသင့်ပါတယ်။

 လိင်ကိစ္စ

ပုံစံမမှန်တဲ့ လိင်ဆက်ဆံနည်းတွေကို ဒီအားလပ်ရက်မှာ မပြုလုပ်ဖို့လိုပါတယ်။ ဒီအချိန်လေးက ကိုယ်ဝန်ရဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်တာကြောင့် မှန်ကန်တဲ့ လိင်ဆက်ဆံနည်းတွေကို အသုံးပြုဖို့ လိုပါတယ်။

 ကျန်းမာရေး

ကျန်းမာရေးကောင်းမှ ကိုယ်ဝန်ရနိုင်မှာဖြစ်တာကြောင့် အားလပ်ရက်မရောက်ခင်အချိန်ကတည်းက ကျန်းမာရေးလိုက်စားထားဖို့ လိုပါတယ်။ ကျန်းမာရေးကောင်းမွန်စေတဲ့အစားအစာတွေကို စားသုံးခြင်း၊ သုတ်ပိုးကောင်းမွန်စေတဲ့ အစားအစာတွေကိုစားခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ယောဂလေ့ကျင့်တာတွေကို အားလပ်ရက်မတိုင်မီမှာ ကြိုတင်ပြင်ဆင်ထားပါ။ ဖောလစ်ပါဝင်တဲ့ ဆေးဝါးတွေကို ကြိုတင်သောက်သုံးခြင်းတို့ကိုလည်း ပြုလုပ်ထားသင့်ပါတယ်။

အချိန်နည်းတာကြောင့် သေသေချာချာပြင်ဆင်ထားဖို့လိုပါတယ် (Photo by things to prepare before pregnancy)

 စိတ်ဖိစီးမှု

အားလပ်ရက်မှာ စိတ်ဖိစီးမှုတွေဝင်ရောက်မလာအောင် တားဆီးထားဖို့လိုပါတယ်။ စိတ်ဖိစီးမှုတွေက ကိုယ်ဝန်ရဖို့အတွက် အနှောင့်အယှက်တွေ ဖြစ်စေပါတယ်။

သွားကျန်းမာရေး

အားလပ်ရေးမတိုင်မီမှာ ကိုယ်ဝန်ယူမယ့် စုံတွဲတွေအနေနဲ့ သွားကျန်းမာရေးကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ အားလပ်ရက်မှာ ကိုယ်ဝန်ရရှိစေဖို့ သွားကျန်းမာရေးကို ကြိုတင်စစ်ဆေးထားတာ အကောင်းဆုံးပါ။

 ဆေးစစ်ခြင်း

မှန်ကန်တဲ့ နည်းလမ်းတွေကို သိမှာသာ အားလပ်ရက်ရှည်မှာ ကိုယ်ဝန်ရနိုင်မှာပါ။ ဒါ့ကြောင့် ဇနီးမောင်နှံတွေအနေနဲ့ ဆရာဝန်တွေဆီမှာ ဆွေးနွေးသင့်ပါတယ်။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာတာက အားလပ်ရက်မှာ ကိုယ်ဝန်ရရှိစေနိုင်ပါတယ်။ အားလပ်ရက်မှာ ဇနီးမောင်နှံတွေအနေနဲ့  ကိုယ်ဝန်ယူဖို့ ပြင်ဆင်တဲ့အခါ နည်းလမ်းမှန်မှန်နဲ့ စနစ်တကျပြင်ဆင်ဖို့  Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x