မေမေလောင်းမဖြစ်မီ ဒါတွေပြင်ဆင်ထားပါ

by: Phyo Pyae Thu
 0 comments  2 love

မေမေလောင်းဖြစ်ချင်တယ်ဆိုရင်တော့ကြိုတင်ပြင်ဆင်ရမှာတွေ ရှိပါတယ်။ ပြင်ဆင်ရမယ့် အချက်အလက်တွေ အကုန်လုံးကို ပြင်ဆင်မှသာ ကိုယ်ဝန်ယူတဲ့အခါမှာ ခပ်မြန်မြန် ရရှိမှာပါ

မေမေလောင်းဖြစ်ချင်တယ်ဆိုရင်တော့ကြိုတင်ပြင်ဆင်ရမှာတွေ ရှိပါတယ်။ ပြင်ဆင်ရမယ့် အချက်အလက်တွေ အကုန်လုံးကို ပြင်ဆင်မှသာ ကိုယ်ဝန်ယူတဲ့အခါမှာ ခပ်မြန်မြန် ရရှိမှာပါ။ ဒါအပြင့် ကိုယ်ဝန်ရရှိတဲ့အခါမှာလည်း ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်ဖို့ ကြိုတင်ရပါမယ်။

ဖောလစ်အက်ဆစ် သောက်ဖို့ လိုပါတယ် (photo: BabyCenter)

ဆေးတွေကို ဂရုစိုက်သောက်သုံးခြင်း

မေမေလောင်းတို့ အနေနဲ့ ကိုယ်ဝန်မယူမီမှာ ကလေး မွေးရာပါ ချို့ယွင်းတာတွေ မဖြစ်စေဖို့အတွက် ဖောလစ်အက်ဆစ် သောက်ဖို့ လိုပါတယ်။ တစ်နေ့ကို (၄၀၀) မီလီဂရမ် သောက်သုံးရပါမယ်။ အကယ်လို့များ မေမေလောင်းက တခြားရောဂါကြောင့် ဆေးတွေ မှီဝဲနေရတယ်ဆိုရင်လည်း ကိုယ်ဝန်ရလာတဲ့အခါမှာ အဆင်ပြေနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒါမှ စိတ်ချရတဲ့ ကိုယ်ဝန်ကို ရရှိမှာ ဖြစ်ပါတယ်။ အကယ်လို့ သောက်နေတဲ့ဆေးတွေက ကိုယ်ဝန်ရနိုင်ခြေကို ထိခိုက်နေနိုင်တယ်ဆိုရင်လည်း ဆက်သောက်ဖို့ လိုမလို ဖြတ်ဖို့လိုမလို ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။

ကျန်းမာရေးကို ဂရုစိုက်ခြင်း

ကိုယ်ဝန်ယူမယ့် မေမေလောင်းကိုယ်တိုင်က ကျန်းမာနေမှ ကျန်းမာတဲ့ ကိုယ်ဝန်ကို ရရှိနိုင်မှာပါ။ မေမေလောင်းတို့ ကိုယ်ဝန်မယူမီကတည်းက ကျန်းမာရေးကို ဂရုစိုက်ခြင်း။ လေ့ကျင့်ခန်း လုပ်ရပါမယ်၊ အိပ်ချိန်မှန်ဖို့ လိုသလို ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်၊ အရက်တွေလည်း ရှောင်ရပါမယ်။ မေမေလောင်းရော ဖေဖေလောင်းပါ လိင်ကနေ တဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ရှိတယ်ဆိုရင် ကိုယ်ဝန်မရခင်ကတည်းက ကြိုတင်စစ်ဆေးကုသတာတွေ လုပ်ရပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုးကျိုးနည်းမှာပါ။

ကိုယ်ဝန်ယူမယ့် မေမေလောင်းကိုယ်တိုင်က ကျန်းမာနေမှ ကျန်းမာတဲ့ ကိုယ်ဝန်ကို ရရှိနိုင်မှာပါ (Photo by Flo)

အစားအစာ

အစားအစာတွေက ကိုယ်ဝန်ရအောင် မလုပ်ပေးပေမယ့် ကိုယ်ဝန်ရဖို့အတွက်တော့ အစားအစာ လိုပါတယ်။ ဒါကြောင့် မေမေလောင်းလေးတို့ အစားအစာ များများနဲ့ ကျန်းမာရေးညီညီ စားရပါမယ်။ သစ်သီး၊ နို့၊ အုတ်ဂျုံစတဲ့ အာဟာရပြည့်မယ့်အစားအစာတွေ၊ သရေစာတွေ ဝယ်ပြီး ရေခဲသေတ္တာထဲမှာ စုထားပါ။ အသင့်စားတွေတော့ ရှောင်စားပါ။ ဒါတွေကို ကိုယ်ဝန်မယူမီမှာ ကြိုတင် စားသုံးရမှာပါ။

မေမေလောင်းလေးတို့ရော ဖေဖေလောင်းလေးတို့ပါ အပေါ်က အချက်တွေကို လိုက်နာမယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်ဝန်ရရှိနိုင်မှာပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicefoodgood tipshealth


Comments

0 comments
Latest video
Refer to more useful articles