ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေ မဖြစ်မနေ ဆောင်ထားရမယ့် ပစ္စည်း(၅)မျိုး

by: Nang Htwe
 0 comments  3 love

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေ တဲ့ ဇနီးမောင်နှံ တွေ အတွက် အထောက်အကူပြုနိုင်မယ့် ပစ္စည်းငါးမျိုးကို kalay ကနေ ဝေမျှပေးလိုက်တယ်နော်။

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေ ရေများများသောက်ဖို့ မမေ့နဲ့နော်

၁။ ရေများများသောက်ပါ

ကျန်းမာရေးကောင်းဖို့ အတွက် ရေဓာတ်က အရေးကြီးတယ်နော်။ ခန္ဓာကိုယ်ကျန်းမာနေမှသာ ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေစေမှာပါ။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူများ တစ်ရက်ကို ရေဖန်ခွက် ရှစ်ခွက် မှ ဆယ်ခွက် အထိ သောက်ပေးပါ။

၂။ ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အစားအစာများ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေမှာ ခန္ဓာကိုယ်ကို အကျိုးပြုမယ့် အဆီဓာတ်တွေ ပါတာကြောင့် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူတွေ စားပေးဖို့ အကောင်းဆုံးပါပဲနော်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်တွေက ခန္ဓာကိုယ်ကို ကျန်းမာရုံသာမက ကိုယ်ဝန်ဆောင်နိုင်အောင်လည်း ထောက်ပံ့ပေးတဲ့ ဟော်မှုန်းဓာတ်တွေလည်း ထုတ်ပေးပါသေးတယ်။

၃။ မမျိုးဥကြွေတာကို စစ်ပေးတဲ့ အတံ (ovulation sticks)

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေ ဥကြွေစစ်တံ ကို ဆောင်ထား ပါနော်။ ဓမ္မတာ စက်ဝန်းရဲ့ တတိယမြောက်အပတ်ကတော့ မမျိုးဥကြွေတဲ့ အချိန်ပါပဲ။ ဒါကြောင့် ဥကြွေစစ်တံ ကို ဆောင်ထားလိုက်ရင် အလွယ်တကူသိနိုင်လို့ပါ။ အသုံးပြုပုံကတော့ စစ်တံ ရဲ့ ထိပ် ကို ဆီးတစ်စက်လောက် ချပေးလိုက်ရင် ရလာဒ်ကို ပြပေးပါတယ်။

ထူးခြားတဲ့ ပြောင်းလဲမှု တွေ ရှိတယ်ဆိုရင်တော့ ဥကြွေစစ်တံ နဲ့ စစ်ဆေးပေးလိုက်နော် (Photo by avawomen.com)

၎။ အမှတ်အသားတွေ ရေးမှတ်ထားပါ

ဓမ္မတာလာတဲ့နေ့တွေကို တစ်လ ပြီး တစ်လ မှတ်သားထာပါနော်။ အိမ်ထောင်ဖက်နဲ့ နောက်ဆုံးနေခဲ့တဲ့ ရက်တွေကိုလည်း မှတ်ထားဖို့လိုပါသေးတယ်။ တစ်လ နဲ့ တစ်လ ပြောင်းလဲလာမှုတွေကိုလည်း မှတ်တမ်းတင်ထားပါ။ ထူးခြားတဲ့ ပြောင်းလဲမှု တွေ ရှိတယ်ဆိုရင်တော့ ဥကြွေစစ်တံ နဲ့ စစ်ဆေးပေးလိုက်နော်။

၅။ Prenatal vitamin ဆေး

ကိုယ်ဝန်အမြန် ရရှိ စေတယ်။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း မိခင်လောင်းတွေကို လိုအပ်တဲ့ အာဟာရတွေကို ထောက်ပံ့ပေးတယ်နော်။

၆။ မျိုးအောင်ခြင်း ကို အထောက်အကူပြုတဲ့ ဆေးများ

မျိုးအောင်စေ တဲ့ ဆေးဝါးတွေက သားအိမ်အကျိအချွဲ တွေကို ကောင်းမွန်စေတဲ့အပြင် သုတ်ပိုးကောင်လေး တွေကိုလည်း ကျန်းမာစေတယ်နော်။မျိုးအောင်စေတဲ့ ဆေးတွေကိုတော့ ဆရာဝန် ညွှန်ကြားတာကို သောက်တာ အကောင်းဆုံးဖြစ်ကြောင်း Kalay ကနေ ပြောပြလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: conceivepreparewomen

Comments

0 comments
Latest video
Refer to more useful articles
x