သားသားမီးမီးလေးတွေ ရတဲ့အခါ မပင်ပန်းရအောင် ဘာတွေပြင်ဆင်ထားမလဲ

by: Phyo Pyae Thu
 0 comments  0 love

အရင်ကထက် ပိုရင်းနှီးနိုင်အောင် ပြင်ဆင်ရပါမယ်နော်။ သားသားမီးမီးလေး ကြီးလာလေ အလုပ်လေးတွေ ပိုလာပါလေပါပဲ

အချိန်ပေးပါ (Photo by 每日頭條)

ကိုယ်ဝန်နဲ့ စိတ်ဖိစီးမှု

ဖေဖေလောင်း မေမေလောင်းတို့ရေ ကိုယ်ဝန်ယူတော့မယ်ဆိုရင် ကိုယ်ဝန်ရလာတဲ့အခါ ဒါမှမဟုတ် ကလေးရလာတဲ့အခါ စိတ်ဖိစီးလေးတွေရှိလာနိုင်တာကိုလည်း  ထည့်စဉ်းစားရမှာပါနော်။ သားသားမီးမီးလေးတွေက မိသားစုဆည်းလည်း ပျော်စရာလေးတွေလည်း ဟုတ်သလို ထိန်းရတာ ပင်ပန်းရင်တော့ ဖေဖေ မေမေတို့မှာ စိတ်ဖိစီးမှု ရှိလာနိုင်ပါတယ်။ ဒါတွေကို ကျော်ဖြတ်ဖို့ ကလေးမယူခင်တည်းက ကြိုတင်ပြီး စဉ်းစားပြင်ဆင်ထားရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။

အချိန်ပေးပါ

ဖေဖေလောင်း မေမေလောင်းကနေ ဖေဖေ မေမေ အဆင့်ရောက်လာပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးတာတွေ လျော့ကျပါလိမ့်မယ်။ သားသားမီးမီးထိန်းရတာလည်း ပင်ပန်းလာတာမို့ တစ်ယောက်နဲ့ တစ်ယောက် အလုပ်တွေ လွဲချတာမျိုးလည်း တွေ့ကြုံလာရနိုင်ပါတယ်။ ဒီတော့ တာဝန်ခွဲယူမှာတွေက ကလေးလေး မရခင်တည်းက ကြိုတင် စီမံထားပါ။

ဖေဖေ မေမေရယ်လို့ ဖြစ်လာရင် အရင်ကထက် ပိုရင်းနှီးနိုင်အောင် ပြင်ဆင်ရပါမယ်နော် (Photo by Best)

ဧည့်သည်များ

ဖေဖေ မေမေတို့ရေ ကိုယ့်မှာ သားသားမီးမီးလေးတွေ မွေးပြီဆိုတာနဲ့ မိသားစု၊ ဆွေမျိုး၊ အလုပ်က လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းတွေလည်း လာကြည့်ကြမှာပါ။ ဒီအခါမှာ မေမေတို့ ဧည့်သည်တွေကို ဧည့်ခံရပါပြီ။ ဒီအခါမှာ ကလေးရဲ့ ပထမဆုံး ပင်ပန်းမှုကို စကြုံရပါပြီနော်။ ဒါကြောင့် မမွေးခင်ကတည်းက ဧည်သည်တွေလာကြည့်တဲ့အခါ အဆင်ပြေစေဖို့ကိုပါ ထည့်တွေးပါ။

အိပ်ရေးဝဝအိပ်ခြင်း

ကျန်းမာတဲ့ စားသောက်မှုပုံစံ၊ ရေများများသောက်ခြင်း၊ အသီးဖျော်ရည် များများသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတွေ လုပ်သင့်ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့အတွက် အချိန်ဇယားကို နှစ်ယောက် အတူတူ ကြိုတင် တိုင်ပင်ထားပါ။ မေမေတို့ ဒါမှသာ အနားရနိုင်မှာပါ။

ပိုမိုရင်းနှီးအောင်

ဖေဖေ မေမေရယ်လို့ ဖြစ်လာရင် အရင်ကထက် ပိုရင်းနှီးနိုင်အောင် ပြင်ဆင်ရပါမယ်နော်။ သားသားမီးမီးလေး ကြီးလာလေ အလုပ်လေးတွေပိုလာပါလေပါပဲ။ စိတ်ဖိစီးမှုတွေလည်း ကြုံရဦးမှာဖြစ်တာကြောင့် တစ်ဦးနဲ့ တစ်ဦး မျှဝေပါ။ မဟုတ်ရင် ကလေးကြောင့် ပင်ပန်းသလို ခံစားနေရပါလိမ့်မယ်ဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

From Kalay with

Tag: prepare

Comments

0 comments
Latest video
Refer to more useful articles
x