ကိုယ်ဝန်မဆောင်ခင် စစ်ဆေးထားသင့်တဲ့ မေမေတို့ရဲ့ကျန်းမာရေးများ

by: Khin Nyein Lwin
 0 comments  2 love

မေမေတို့အနေနဲ့ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့အခါ မွေးလာတဲ့ကလေးမှာ မွေးရာပါရောဂါ၊ ချို့ယွင်းချက်တွေ ပိုမိုများပြားတယ်လို့လည်း သိရပါတယ်။

မေမေတို့ရေ မေမေတို့အတွက် ကိုယ်ဝန်ဆောင်ဖို့ ကျန်းမာရေးအတွက်လည်း အသင့်တော်ဆုံးအချိန်က အသက် (၂၀) မှ (၃၄) နှစ်ထိလို့ သိရပါတယ်။ မိန်းကလေးတစ်ယောက်ဟာ အပျိုဖေါ်ဝင်လာတာနဲ့ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်ပေမဲ့ ကလေးကို ပြုစုစောင့်ရှောက်တဲ့အခါမှာတော့ အသက် ၂၀ ကျော်မှသာ လူကြီးစိတ်နဲ့ စောင့်ရှောက်နိုင်တာကြောင့် အသက် ၂၀ ကျော်လို့ ပြောရခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
မေမေတို့အနေနဲ့ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့အခါ မွေးလာတဲ့ကလေးမှာ မွေးရာပါရောဂါ၊ ချို့ယွင်းချက်တွေ ပိုမိုများပြားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးယူမယ်လို့ စိတ်ကူးဆုံးဖြတ်ချက်များရှိရင်တော့ ကိုယ်ဝန်ဆောင်သင့်တဲ့ အသက်အရွယ် အပိုင်းအခြားအတွင်းမှာ ဆောင်နိုင်ဖို့ အကြံပြုလိုပါတယ်။

ကိုယ်ဝန်မဆောင်ခင် မေမေကျန်းမာရေးအတွက် ဒါတွေပြင်ဆင်စစ်ဆေးထားပါ

  •  သွေးတိုးရောဂါ
  • သွေးအားနဲခြင်း
  • ရူဘဲလား (Rubella) ခေါ် ဗိုင်းရပ်ပိုး
  • လိင်ဆိုင်ရာ ရောဂါပိုး
  • နှလုံးရောဂါ
  • ပန်းနာရောဂါ
  • မိန်းမအင်္ဂါနှင့် သားအိမ်ကျန်းမာမှု

ကိုယ်ဝန်အတွက် ကိုယ်ဝန်မဆောင်ခင်ထဲက ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင် စစ်ဆေးပါ

မေမေတို့ဒီလိုပြင်ဆင်စစ်ဆေးထားခြင်းဖြင့် ကိုယ်ဝန်ဆောင်တဲ့အခါ

အထောက်အကူပြု ပြင်ဆင်နိုင်မှာလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါ ကိုယ်တွင်းမှာ ရေဓါတ် ပိုများလာတာကြောင့် သွေးကျဲလာပြီး သွေးအားနဲခြင်း (Anemia) ဖြစ်ပါတယ်။ ဒါကြောင့် သံဓါတ်ကို စားသုံးရတာပါ။ Folic Acid ကို သောက်သုံးရတာကတော့ မွေးရာပါ ရောဂါတွေ ပါမလာအောင် ကာကွယ်တာပါ။ လိင်ဆိုင်ရာ ရောဂါပိုးတွေ ရှိမရှိလဲ စစ်ဆေးဖို့ အရေးကြီးပါတယ်။ ရှိနေရင် သန္ဓေသားကို အနှောက်အရှက်ပေးတတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းကတော့ သွေးတိုးရောဂါရှိသူတွေမှာ ပိုပြီး ပြင်းထန်တတ်ပါတယ်။ ကိုယ်ဝန်ရှိပြီးမှ သွေးတိုးလာတာတွေလဲ ရှိတတ်ပါတယ်။

 

Source: Internet

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles