သုတ်ပိုးတွေနဲ့ မမျိုးဥလေး ဘယ်ကနေလာတာလဲ

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့ စုံတွဲတွေအတွက် သုတ်ပိုးလေးတွေနဲ့ မမျိုးလေးအကြောင်းကို Kalay ကနေ ဗဟုသုတရဖို့ ပြောပြပေးမယ်နော်။

သုတ်ပိုးလေးတွေနဲ့ မမျိုးဥလေးက ဘယ်ကနေလာတာလဲဆိုတာ သိပါသလား။ ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့ စုံတွဲတွေသိထားသင့်ပါတယ်။ ကိုယ်ဝန်ရဖို့အတွက် နောက်ကွယ်ကနေ ဘယ်လိုစတင်လာတာလဲဆိုတာကို လေ့လာထားတာ အကောင်းဆုံးပါပဲ။ ဒီလိုလေ့လာထားတာက ကိုယ်ဝန်ယူဖို့ ပြင်ဆင်တဲ့အခါ စုံတွဲတွေအတွက် အထောက်အကူတွေ ရစေနိုင်ပါတယ်။

သုတ်ကောင်လေးနဲ့ မမျိုးဥအကြောင်း လေ့လာထားတာက လ့လာထားတာက ကိုယ်ဝန်ယူဖို့ ပြင်ဆင်တဲ့အခါ စုံတွဲတွေအတွက် အထောက်အကူတွေ ရစေနိုင်ပါတယ် (Photo by 12wbt)

မမျိုးဥလေး ဘယ်က စတင်လာတာလဲ

ကိုယ်ဝန်ရဖို့ အဓိက လိုအပ်ချက်တစ်ခုဖြစ်တဲ့ မမျိုးဥလေးဟာ သားအိမ်ထဲကနေ စတင်ခဲ့တာပါ။ သားအိမ်ရဲ့ တစ်ဖက်စီမှာ ချိတ်ဆက်တွယ်ထားတဲ့ ဥအိမ်နှစ်ခုကနေ မမျိုးဥလေး စတင်ပေါက်ဖွားလာတာပါ။ အသက်ကြီးလာလေလေ မမျိုးဥ အရေအတွက် လျော့လေလေပါပဲ။ဓမ္မတာ စတင်လာချိန် မှစပြီး နောက်ဆုံလာတဲ့အချိန်ထိ  မမျိုးဥ အရေအတွက် စုစုပေါင်း (၄၀၀)ကျော် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

မမျိုးဥလေးနဲ့ သားအိမ်

ရာသီစက်ဝန်းကာလအတွင်း ဒါမှမဟုတ် တချို့တွေမှာ ရာသီစက်ဝန်းပြီးတဲ့နောက်မှာ မမျိုးဥ တစ်ဥ ဒါမှမဟုတ် သုံဥ စတင်ဖြစ်လာပြီး သားအိမ်ထဲကိုတော့ မမျိုးဥ တစ်ဥသာ ရောက်ရှိပါတယ်။ မမျိုးဥက တဖြည်းဖြည်းရင့်မှည့်လာပြီး ကြွေလာတာကို ဥကြွေတာကိုခေါ်ပါတယ်။ ဒီရင့်မှည့်ပြီး ကြွေလာတဲ့ မမျိုးဥလေးကို အနီးဆုံးဥပြွန်က အလျင်အမြန် စုပ်ယူလိုက်ပါတယ်။ သားအိမ်မှာ ဥပြွန်(၂)ခုရှိပြီး တစ်ခုစီမှာ အရှည်(၁၀)စင်တီမီတာ ရှိပါတယ်။ သားအိမ်ဆီကို မမျိုးဥ ပို့ဆောင်ပေးပါတယ်။

ရာသီစက်ဝန်းနဲ့ ဥကြွေခြင်း

ဓမ္မတာစက်ဝန်းလာတဲ့နေ့ကစပြီး (၁၂)ရက်ကနေ (၁၄)ရက်အတွင်းမှာ မမျိုးဥ လေးထွက်လာပါတယ်။ မမျိုးဥ ထွက်ချိန် အတိအကျကတော့ ဓမ္မတာလာမယ့် ရက်ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် တူညီမှာမဟုတ်ပါဘူး။ မမျိုးဥ ကြွေတာ မှန်မမှန်ကတော့ ဟော်မုန်းနဲ့ ရာသီစက်ဝန်းပေါ် မူတည်နေပါတယ်။

သက်တမ်း

မမျိုးဥလေးရဲ့ သက်တမ်းက (၂၄)နာရီပါ။ သုတ်ပိုးလေးတွေကတော့ ဒီထက်မက သက်တမ်းရှည်ပါတယ်။ သားအိမ်ထဲမှာ ကျန်းမာတဲ့ သုတ်ပိုးနဲ့ မမျိုးဥလေး တွေ့တယ်ဆိုရင်တော့ သန္ဓေသားလေးစတင်ဖြစ်တည်လာတော့မှာပါ။ အကယ်လို့ ကျန်းမာတဲ့ သုတ်ပိုးနဲ့ မတွေ့ခဲ့ဘူးဆိုရင်တော့ သားအိမ်မှာ မမျိုးဥလေး ပြိုကွဲသွားပြီး ဓမ္မတာလာတာကို ကြုံတွေ့ရမှာပါ။

အီစရိုဂျင်ဟော်မုန်း

ကိုယ်ဝန်ရပြီဆိုတာနဲ့ သားအိမ်မှာ အီစရိုဂျင်ဟော်မုန်း ထုတ်လုပ်တာကို ရပ်လိုက်ပါတယ်။ ဒီဟော်မုန်းက မမျိုးဥဖြစ်ပေါ်ဖို့ အကူအညီပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းက သားအိမ်နံရံကို ထူစေပြီး မမျိုးဥလေးတွယ်နေစေပါတယ်။

မမျိုးဥလေးနဲ့ သုတ်ပိုးလေး ပေါင်းစပ်ချိန်မှာ သန္ဓေသားစတင်ဖြစ်ပေါ်လာပါတယ် (Photo by Utah People’s Post)

သုတ်ပိုးလေးတွေ ဘယ်ကစတင်လာတာလဲ

အမျိုးသမီးတွေမှာတော့ မမျိုးဥ တစ်လ တစ်ဥသာကြွေပြီး အမျိုးသားတွေမှာတော့ တစ်လကို သုတ်ပိုးသန်းပေါင်းများစွာ ထုတ်လုပ်ပါတယ်။ သုတ်ပိုးရဲ့ ရည်ရွယ်ချက်ကတော့ မမျိုးဥလေးနဲ့ ပေါင်းစပ်ဖို့ပါ။ သုတ်ပိုးဆဲလ်တွေ ဖန်တီးဖို့က (၂)လကနေ (၃)လအထိ ကြာမြင့်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာတော့ သုတ်ပိုးလေးတွေက ရက်အနည်းငယ်သာ နေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသားသူတွေရဲ့ ဘဝတစ်လျှောက်လုံးမှာ သုတ်ပိုးတွေဖြစ်ပေါ်ပါတယ်။

ဝှေးစေ့နဲ့ သုတ်ပိုး

ဝှေးစေ့မှာ သုတ်ပိုးစတင်ထုတ်လုပ်ပါတယ်။ ဝှေးစေ့ ခန္ဓာကိုယ်ပြင်ပရဲ့ အပူချိန်ကို မခံနိုင်ပါဘူး။ အပူချိန် (၃၄)ဒီဂရီ စင်တီဂရိတ်မှာ ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်လုပ်နိုင်ပြီး ဒီသုတ်ပိုးတွေကို ဝှေ့စေ့တဲမှာ အရှည်(၆)မီတာရှိတဲ့ coil ထဲမှာ သိမ်းထားပါတယ်။

လိင်အမျိုးအစား

ထုတ်လွတ်လိုက်တဲ့ သုတ်ပိုးသန်းပေါင်းများစွာတွေထဲမှ တစ်ကောင်သာ မမျိုးဥနဲ့ ပေါင်းစပ်ပါတယ်။ Y ခရိုမိုဆုန်းပါတဲ့ သုတ်ပိုးက ယောကျာ်းလေး ဖြစ်လာစေပြီး X ခရိုမိုဆုန်းပါတဲ့ သုတ်ပိုးက မိန်းကလေး ဖြစ်လာစေပါတယ်။

ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့ ဇနီးမောင်နှံတွေဗဟုသုတရစေဖို့ သုတ်ပိုးလေးတွေနဲ့ မမျိုးဥလေးအကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: a babyconceive


Comments

0 comments
Latest video
Refer to more useful articles