ကိုယ်ဝန်ယူဖို့ ဘယ်လိုပြင်ဆင်ကြမလဲ

by: Nang Htwe
 0 comments  0 love

ဇနီးမောင်နှံ(၂)ဦးစလုံး သဘောတူမှသာ ကိုယ်ဝန်ယူဖို့ ပြင်ဆင်တာ အကောင်းဆုံးပါ

ဇနီးမောင်နှံတွေ ကလေးယူတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ပထမဆုံး ကိုယ်ဝန်ယူဖို့ ပြင်ဆင်ရတော့မှာပေါ့။ ကိုယ်ဝန်ယူဖို့ ဘာတွေပြင်ဆင်ရမှာလဲ။ မှန်ကန်တဲ့ လိင်ဆက်ဆံရေး၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်၊ လေ့ကျင့်ခန်းစတာတွေကို ကြိုတင်ပြင်ဆင်ရပါမယ်။ ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးဝါးတွေကိုလည်း သောက်သုံးဖို့ ပြင်ဆင်ရတော့မှာပါ။ နောက်ထပ်ပြင်ဆင်ရမှာက အလုပ်အကိုင်နဲ့ ငွေကြေးကိစ္စတွေပါ။ ဇနီးမောင်နှံ(၂)ဦးစလုံး သဘောတူမှသာ ကိုယ်ဝန်ယူဖို့ ပြင်ဆင်တာ အကောင်းဆုံးပါ။ တစ်ဖတ်သက်ဖိအားပေးပြီး ကိုယ်ဝန်မယူသင့်ပါဘူး။

မှန်ကန်တဲ့ လိင်ဆက်ဆံမှု ရှိနေဖို့ လိုပါတယ် (Photo by closer)

ဘယ်အချိန်တွေမှာ ကိုယ်ဝန်ယူဖို့ ပြင်ဆင်သင့်တာလဲ

အသက်(၃၀)

အသက်(၃၀)အရွယ်ကို ရောက်လာပြီဆိုရင်တော့ ကိုယ်ဝန်ယူဖို့ ပြင်ဆင်သင့်တဲ့ အရွယ်ပါပဲ။ အသက်(၄၀)ကိုရောက်တဲ့အခါမှာ ကိုယ်ဝန်ဆောင်နိုင်မယ့် အခွင့်အရေးက အလွန်နည်းသွားပါပြီ။ ဒါ့ကြောင့် အသက်(၃၀)မှာ ကိုယ်ဝန်ယူဖို့ စတင်ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ ဒီအသက်အရွယ်က ငွေကြေး၊ ပညာဗဟုသုတ၊ အလုပ်အကိုင်နဲ့ ကျန်းမာရေး စတာတွေကို အဆင့်သင့်ဖြစ်နေတာကြောင့်ပါ။

ရာသီစက်ဝန်း

ရာသီစက်ဝန်းမှန်တဲ့ အချိန်တွေမှာ ကိုယ်ဝန်ယူဖို့ ပြင်ဆင်သင့်ပါတယ်။ ရာသီစက်ဝန်းမမှန်တဲ့အခါမှာ ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ဖြစ်နိုင်တာကြောင့် ရာသီစက်ဝန်းမှန်တဲ့ အချိန်တွေမှာ ကိုယ်ဝန်ယူဖို့ ပြင်ဆင်ထားပါ။ အသက်အရမ်းငယ်တဲ့အချိန်နဲ့ အသက်ကြီးတဲ့အချိန်မှာ ရာသီစက်ဝန်းမမှန်တာကို တွေ့ကြုံရနိုင်ပါတယ်။

ဇနီးမောင်နှံတွေအနေနဲ့ အချိန်အခါနဲ့ အခြေအနေကိုလိုက်ပြီး ကိုယ်ဝန်ယူဖို့ ပြင်ဆင်နိုင်ပါတယ် (Photo by 愛樂維)

လိင်ကိစ္စ

လိင်ကိစ္စစွမ်းဆောင်နိုင်ချိန်မှာ ကိုယ်ဝန်ယူဖို့ ပြင်ဆင်သင့်ပါတယ်။ လိင်ကိစ္စနည်းပါးသွားပါက ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ရှိလာစေပါတယ်။

အချိန်

ကိုယ်ဝန်ယူဖို့ ပြင်ဆင်တဲ့ အချိန်က ကြာနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့က အနည်းဆုံး(၆)လကနေ (၁)နှစ်အထိ ကြာနိုင်တာကြောင့် အချိန်ပေးနိုင်တယ်ဆိုရင် ကိုယ်ဝန်ယူဖို့ ပြင်ဆင်နိုင်ပါတယ်။

ကျန်းမာရေး

ကျန်းမာရေးကောင်းတယ်ဆိုရင်လည်း ကိုယ်ဝန်ယူဖို့ ပြင်ဆင်သင့်ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိမှာသာ ကိုယ်ဝန်ဆောင်နိုင်မှာပါ။ ဒါ့ကြောင့် ဇနီးမောင်နှံတွေအနေနဲ့ အချိန်အခါနဲ့ အခြေအနေကိုလိုက်ပြီး ကိုယ်ဝန်ယူဖို့ ပြင်ဆင်နိုင်ပါတယ်။

ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အနေအထိုင်၊ အစားအသောက်၊ မူးယစ်ဆေးဝါးနဲ့ အရက်ဘီယာ သောက်သုံးတာကို ပြုပြင်ပြောင်းလဲပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

From Kalay with

Tag: agepregnantsexStarted

Comments

0 comments
Latest video
Refer to more useful articles
x