ဇနီးမောင်နှံတွေ ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုတဲ့ ကြက်သွန်ဖြူ

by: Nang Htwe
 0 comments  0 love

ရေပြောင်သွားပြီဆိုရင် ပျားရည်ထည့်ထားတဲ့ ဗူးထဲ ထည့်သွင်းစိမ်ထားပါ။ ဇနီးမောင်နှံတွေ နေ့တိုင်း စားပေးပါ

ကြက်သွန်ဖြူဟာဆိုရင် ဇနီးမောင်နှံတွေ ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ ကျန်းမာရေးပြဿနာတွေကို ကူညီဖြေရှင်းပေးပါတယ်။ ခင်ပွန်းသည်ရော ဇနီးမှာပါ ကြုံရတဲ့ ဒီလိုပြဿနာတွေကို ဖြေရှင်းပေးတာပါ။

ကြက်သွန်ဖြူဟာဆိုရင် ဇနီးမောင်နှံတွေ ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ ကျန်းမာရေးပြဿနာတွေကို ကူညီဖြေရှင်းပေးပါတယ် (Photo by parenting.firstcry)

မျိုးအောင်ဖို့ ကြက်သွန်ဖြူက တကယ်အထောက်အကူပြုရဲ့လား

ဆေးပညာသုတေသနတွေအရ ကြက်သွန်ဖြူဟာဆိုရင် ဇနီးမောင်နှံတွေအတွက် sex ကိစ္စမှာ တိုးတက်ကောင်းမွန်စေတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံ နှစ်ဦးစလုံးအပေါ် သက်ရောက်မှုရှိပါတယ်။

  • ကြက်သွန်ဖြူကို တစ်ရက် (၂)မွှာကနေ (၃)မွှာအထိ စားပေးပါ။ မျိုးပွားစနစ်ကို အထောက်ကူပြုပါတယ်။
  • ကြက်သွန်ဖြူဟာ သွေးကိုသန့်စင်ပေးတာကြောင့် သွေးလည်ပတ်မှုစနစ်ကောင်းမွန်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
  • ကြက်သွန်ဖြူမှာ ဆယ်လီနီယမ်၊ ဗီတာမင် C နဲ့ B6 တို့ပါဝင်တာကြောင့် မျိုးရိုးဗီဇချို့ယွင်းတာနဲ့ ခရိုမိုဇုန်းအပြောင်းအလဲတွေ နည်းသွားစေပါတယ်။
  • ကြက်သွန်ဖြူဟာဆိုရင် လိင်အင်္ဂါအစိတ်အပိုင်းတွေကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။
  • ကြက်သွန်ဖြူဟာဆိုရင် သုတ်ပိုးနဲ့ မမျိုးဥ အရည်အသွေးကောင်းမွန်လာစေပါတယ်။
  • ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက ကိုယ်ဝန်ယူမယ့် အမျိုးသားနဲ့ အမျိုးသမီးတွေကို အထောက်အကူပြုပါတယ်။
  • အမျိုးသားတွေမှာ ကြုံရတဲ့ ဆဲလ်ပျက်စီးတာနဲ့ ဆဲလ်တွေ အလုပ်မလုပ်တာတွေ နည်းသွားစေပါတယ်။

ကြက်သွန်ဖြူဟာ ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေကို ဘယ်လိုအထောက်အကူပြုလဲ

အမျိုးသားများအတွက်

Allicin – လိင်အင်္ဂါတွေ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး သုတ်ပိုးပျက်စီးတာကို ကာကွယ်ပေးပါတယ်။

Selenium – သုတ်ပိုးလှုပ်ရှားမှုတွေ ကောင်းမွန်စေပါတယ်။

Vitamins C and B6 – သုတ်ပိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ကြက်သွန်ဖြူနဲ့ ပျားရည် (Photo by parenting.firstcry)

အမျိုးသမီးများအတွက်

  • ကြက်သွန်ဖြူမှာ Vitamin B6 ကြွယ်ဝစွာပါဝင်တာကြောင့် ဥကြွေတာကို အထောက်အကူပြုပါတယ်။
  • သွေးကို ကောင်းမွန်စေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုယ်ဝန် နဲ့ သန္ဓေသားကို ပိုင်ဆိုင်စေပါတယ်။
  • မျိုးရိုးဗီဇ ပျက်စီးတာကို အထောက်အကူပြုပြီး မမျိုးဥရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူနဲ့ ပျားရည်

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ
  • ပျားရည်
  • ရေ

အခွံခွာထားတဲ့ သန့်ရှင်းသော ကြက်သွန်ဖြူကို ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်လိုက်ပါ။ ပြီးရင် ရေပြောင်အောင် စစ်ထားပါ။ ရေပြောင်သွားပြီဆိုရင် ပျားရည်ထည့်ထားတဲ့ ဗူးထဲ ထည့်သွင်းစိမ်ထားပါ။ ဇနီးမောင်နှံတွေ နေ့တိုင်း စားပေးပါ။

ကြက်သွန်ဖြူကို တခြားနည်းလမ်းတွေနဲ့လည်း စားသုံးလို့ရနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: fertilityGarlic

Comments

0 comments
Latest video
Refer to more useful articles
x