ကိုယ်ဝန်မယူခင် ကြိုတင်စားရမယ့် အစားအစာများ

by: Phyo Pyae Thu
 1 comments  31 love

တချို့တွေက ကိုယ်ဝန်ရဖို့က လွယ်ကူပြီး တချို့တွေကျတော့လည်း  ခက်ကြပြန်ပါတယ်။ ကိုယ်ဝန်ရနိုင်ချေရှိတဲ့ နည်းလမ်းတွေ ပြင်ဆင်ရမှာပါ။

Choline ကို ဥအနှစ်၊ အမဲအသည်းနဲ့ ပန်းဂေါ်ဖီတို့မှာ တွေ့နိုင်ပါတယ်(Photo: Food Technology)

လူ့ပြည်က အပ်တစ်တစင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ထိဖို့သာလွယ်မယ် သန္ဓေတည်ဖို့ကတော့ မလွယ်ဘူးဆိုတဲ့ စကားလည်း ဖေဖေဖြစ်ချင်သူ၊ မေမေဖြစ်ချင်သူတွေ သိကြမှာပါနော်။ တချို့တွေကျတော့လည်း ကိုယ်ဝန်ရဖို့က လွယ်ကူပြီး တချို့တွေကျတော့လည်း  ခက်ကြပြန်ပါတယ်။ ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ကိုယ်ဝန်ရနိုင်ချေရှိတဲ့ နည်းလမ်းတွေ အားလုံးကိုကြိုတင် ပြင်ဆင်ရမှာပါ။ ဒီလို ပြင်ဆင်ရမယ့်အထဲမှာ စားသောက်မှုပုံစံတွေလည်း ပါဝင်ပါတယ်။

ကိုယ်ဝန်ရရှိဖို့ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မဟော်မုန်းကို

မေမေလောင်းရဲ့ မျိုးဥအိမ်နဲ့ အဆီဆဲလ်တွေက စနစ်တကျဖြစ်စေပါတယ်။ အရမ်းပိန်နေတဲ့အချိန်မှာ လုံလောက်တဲ့ မဟော်မုန်းပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။အဝလွန်ပြန်ရင်လဲ အဆင်ပြေမှာ မဟုတ်ပါဘူး။ Body Mass Index (BMI) အဆင့် (၁၉) ကနေ (၂၄ )အတွင်းရှိရပါမယ်။ အမဲသား၊ ဝက်သား၊ ပဲတွေကနေ အသားဓါတ်ကို ရရှိနိုင်ပါတယ်။ တစ်ပတ်ကို (၂) ကြိမ်လောက်တော့ အဆီများတဲ့ နို့ထွက် အစားအစာလေးတွေ စားသုံးပေးပါ။

အဆီများများစားတာက မကောင်းဘူးဆိုပေမယ့် ပိန်တဲ့မေမေလောင်းအတွက်တော့ ကိုယ်ဝန်ရနိုင်ချေ မြင့်တက်စေပါတယ်။ ဗီတာမင် ဖြည့်စွက်စာ စားသုံးပါ။ ရှာဖွေတွေ့ရှိချက်တွေမှာ သံဓာတ်၊ folic acid နဲ့ တခြား ဗီတာမင်တွေ လုံလုံလောက်လောက်ရှိတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါးတာမျိုး မရှိပါဘူး။

အစားပုံမှန်စားပါ(Photo: Food Technology)

choline က ကလေးမွေးဖွားတာကို ထိခိုက်စေတဲ့ ဗီဇသက်ရောက်မှုတွေကို

လျှော့ချပေးတယ်လို့ သိထားကြပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။ choline ကို ဥအနှစ်၊ အမဲအသည်းနဲ့ ပန်းဂေါ်ဖီတို့မှာ တွေ့နိုင်ပါတယ်။ ဆေးဖက်ဝင်လက်ဖက်ရည် စမ်းသောက်ကြည့်ပါ။ ဟင်းသီးဟင်းရွက်ကရတဲ့ အသားဓာတ်က စားသောက်တဲ့ ကယ်လိုရီပမာဏရဲ့ ၅% လောက် ရှိမယ်ဆို ကိုယ်ဝန်မရနိုင်မယ့် အန္တရာယ်ကို တဝက် လျော့ကျသွားပါမယ်။

ကဖိန်း စားသုံးတာက ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ ကိုယ်ဝန်ရပြီးသား ဆောင်နေစဉ်မှာတောင် ကဖိန်းက ရန်သူပါ။ ဘာလို့လဲဆိုတော့ သူက အချင်းကနေတဆင့် သန္ဓေသားအထိ ရောက်သွားနိုင်ပြီး အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်စေနိုင်လို့ပါ။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x