ကိုယ်ဝန်ယူလိုသူတွေအတွက် အရေးကြီးတဲ့ အိုမီဂါ (3)

by: Nang Htwe
 0 comments  12 love

ကိုယ်ဝန်ယူလိုသူတွေအနေနဲ့ အိုမီဂါ (3)ပါဝင်တဲ့ အစားစာတွေကို စားသုံးတာက ကိုယ်ဝန်ရစေတဲ့အပြင် မွေးဖွားလာမယ့် သားသားမီးမီးလေးတွေအတွက်လည်း အထောက်အကူပြုပါတယ်။

အိုမီဂါ(၃)က tissue တွေကို ပြန်လည်တည်ဆောက်ပေးတာကြောင့် ကိုယ်ဝန်ယူမယ့်သူတွေအတွက် အလွန်အရေးကြီးပါတယ်

ကိုယ်ဝန်ဆောင်မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ အိုမီဂါ(၃)ပါဝင်တဲ့ အစားအစာတွေကို မဖြစ်မနေ စားပေးဖို့လိုနေပြီနော်။ အိုမီဂါ(3)က tissue တွေကို ပြန်လည် တည်ဆောက်ပေးတာကြောင့် ကိုယ်ဝန်ယူမယ့်သူတွေအတွက် အလွန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေ အိုမီဂါ(3)ပါတဲ့ အစားအစာတွေကို စားသုံးပေးရင် မွေးလာတဲ့ သားသားမီးမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုသာမက အမြင်အာရုံကိုလည်း ကောင်းမွန်စေတာကို တွေ့ရပါတယ်။ အိုမီဂါ(3)မှာ EPA (Eicosapentaenoic acid), ALA (Alpha-linolenic acid) and DHA (Docosahexaenoic acid) တို့ပါဝင်တာကြောင့် သန္ဓေသားလောင်းလေးကိုလည်း ဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူလိုသူများ အိုမီဂါ(3) ပါဝင်တဲ့အစားအစာတွေကို မရှိမဖြစ် စားပေးဖို့ လိုပါတယ်။

 အကူအညီများ

  • ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။
  • သားအိမ်လည်ပတ်မှုကို ကောင်းစေတဲ့အပြင် သားအိမ်နံရံတွေကိုလည်း ထူလာစေပါတယ်။
  • ကိုယ်ဝန်ဆောင်မေမေများ ကြုံတွေ့နေရတဲ့ တင်ပဆုံတဝိုက် နာကျင်တာတွေကိုလည်း သက်သာစေပါတယ်။
  • သားသားမီးမီးလေးတွေ မွေးတဲ့အခါမှာလည်း နာကျင်တာတွေကို သက်သာစေပါတယ်။
  • မမျိုးဥဆီကို သုတ်ကောင်လေး လာဖို့အတွက် လိုအပ်တဲ့ အကျိအချွဲတွေကိုလည်း ထုတ်ပေးပါတယ်။
  • ဓမ္မတာ၊ ရာသီစက်ဝန်းကိုလည်း ပုံမှန်လာစေပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ အိုမီဂါ(3)ပါတဲ့ အစားအစာတွေကို လုံလောက်စွာ စားသုံးပေးပါက မွေးလာမယ့်သားသားမီးမီးလေးတွေရဲ့ ဥာဏ်ရည်ကို အထောက်အကူပြုပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရတဲ့ စိတ်ဓာတ်ကျတာတွေကိုလည်း သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေအတွက်တော့ ငါးကိုလုံလုံလောက်လောက်စားပေးနိုင်ပါတယ်

အိုမီဂါ(၃) ကြွယ်ဝတဲ့ အစားအစာများ

  • ကန်နိုလာဆီ
  • သစ်ကြားသီး
  • ဖရုံစေ့
  • ကြက်ဥ
  • ဆော်လမွန်ငါး
  • ဟင်းနုနွယ်ရွက်
  • ပန်းဂေါ်ဖီစိမ်း
  • ပူစီနံ
  • ပင်လယ်ရေမှော်

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေအတွက်တော့ ငါးကိုလုံလုံလောက်လောက်စားပေးနိုင်ပြီး ငါးကြီးဆီမှလည်း အိုမီဂါ(3)ကို ရရှိစေပါတယ်။ အိုမီဂါ(3)ပါဝင်တဲ့ တခြားဆီတွေကတော့

  • သီဟိုစေ့ဆီ
  • ထောပတ်ဆီ
  • ဗာဒံဆီ
  • နေကြာဆီ
  • နှမ်းဆီ
  • သံလွင်ဆီ
  • မြေပဲဆီ
  • ကန်နိုလာဆီ
  • ပြောင်းဆီ

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: fishoilomegavegetable

Comments

0 comments
Latest video
Refer to more useful articles
x