ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုတဲ့ ဗီတာမင် C

by: Nang Htwe
 0 comments  0 love

ဗီတာမင် C ဟာ မျိုးမပွားနိုင်တဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေ ဟန်ချက်ညီစေပြီး ရာသီစက်ဝန်းမှန်ကန်အောင် ထိန်းပေးပါတယ်။

မျိုးမပွားနိုင်ခြင်းဟာ စုံတွဲတော်တ်ာများများ ရင်ဆိုင်ရတဲ့ စိုးရိမ်ပူပန်မှု တစ်ခုပါ။ စစ်ဆေးကုသမှုကို ခံယူရသလို အိမ်မှာလည်း အပြောင်းအလဲတွေဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေစာခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုနည်းအောင် နေထိုင်ခြင်းနဲ့ မှန်ကန်တဲ့ လိင်ဆက်ဆံနည်းတွေ အသုံးပြုခြင်းစတဲ့ အပြောင်းအလဲတွေကို အိမ်မှာ ပြုလုပ်ရပါမယ်။

ဗီတာမင် C ဟာဆိုရင် စုံတွဲတွေ ကိုယ်ဝန်အမြန်ရရှိအောင် အကူအညီပေးပါတယ် (Photo by eWhat)

ဗီတာမင် C နဲ့ ကျန်းမာရေး

ဗီတာမင် C ဟာဆိုရင် စုံတွဲတွေ ကိုယ်ဝန်အမြန်ရရှိအောင် အကူအညီပေးပါတယ်။ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်စလုံးအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင် C ဟာ ရေတွင်ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆက်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင် C ကြွယ်ဝစွာ ရရှိပါတယ်။ အရိုး၊ အရေပြားနဲ့ သွေးကြောတွေမှာရှိတဲ့ တစ်သျှူးတွေကို ဖွဲ့စည်းပေးပြီး ထိန်းသိမ်းပေးပါ။ ဗီတာမင် C ဟာ လူ့ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ်တွေမှာ မရှိမဖြစ် အရေးကြီးပါတယ်။

ဗီတာမင် C ရဲ့ အကျိုးကျေးဇူးများ

ဗီတာမင် C ဟာ အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ကာကွယ်ပေးပြီး စုံတွဲတွေ မျိုးပွားတာ အောင်မြင်ဖို့ ဗီတာမင် C က အထောက်အကူပြုပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင် ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။

အမျိုးသားတွေအတွက်

ဗီတာမင် C က ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် သုတ်ပိုးတွေရဲ့ DNA ကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။ သုတ်ပိုးတွေရဲ့ မျိုးရိုးဗီဇ ချို့ယွင်းချက်တွေကို ကာကွယ်ပေးတာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေ နည်းသွားစေပါတယ်။ Free radicals တွေကြောင့် သုတ်ပိုးတွေ ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဗီတာမင် C နည်းလာတဲ့အခါ သုတ်ပိုးတွေရဲ့ အရည်အသွေးတွေ ကျဆင်းလာပါတယ်။

အမျိုးသမီးတွေအတွက်

အမျိုးသမီးတွေမှာ တွေ့ကြုံရတဲ့ ပြဿနာတစ်ခုက ကိုယ်ဝန်ဆောင်နိုင်တဲ့ အခွင့်အလမ်းနည်းတာပါ။ ဗီတာမင် C ဟာ အမျိုးသမီးတွေ မျိုးမပွားနိုင်တဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေ ဟန်ချက်ညီအောင် အကူအညီတွေပေးပြီး ရာသီစက်ဝန်းမှန်ကန်အောင် ထိန်းပေးပါတယ်။ ဗီတာမင် C ဟာ သားအိမ်ကို ကျန်းမာအောင် အကူအညီပေးပါတယ်။ ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေကို အမျိုးသမီးတွေ နေ့စဉ်စားသုံးသင့်ပါတယ်။

ဗီတာမင် C ဟာ အမျိုးသမီးတွေ မျိုးမပွားနိုင်တဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပါတယ် (Photo by Springs Family Dentistry)

အစားအစာတွေရဲ့ အရင်းအမြစ်

  • သဘောင်္သီး အလတ်စား တစ်ခွက် – ၁၆၀ မီလီဂရမ်
  • ပန်းဂေါ်ဖီစိမ်း (ဘရိုကိုနီ) အလတ်စား တစ်ခွက် – ၈၁.၂ မီလီဂရမ်
  • ငရုတ်ပွ အလတ်စား တစ်ခွက် – ၁၂၀ မီလီဂရမ်
  • လိမ္မော်သီး အလတ်စား တစ်ခွက် – ၇၀ မီလီဂရမ်
  • ကီဝီသီး အလတ်စား တစ်ခွက် – ၆၄ မီလီဂရမ်
  • ပန်းဂေါ်ဖီ တစ်ခွက် – ၅၅ မီလီဂရမ်
  • သခွားမွေး တစ်ခွက် – ၅၇ မီလီဂရမ်
  • နာနတ်သီး တစ်ခွက် – ၈၀ မီလီဂရမ်
  • မာလကာသီး အလတ်စား တစ်လုံး – ၁၂၆ မီလီဂရမ်
  • ကျွဲကောသီးဖျော်ရည် – ၇၃ မီလီဂရမ်
  • စတော်ဘယ်ရီဖျော်ရည် တစ်ခွက် – ၈၉.၄ မီလီဂရမ်
  • သရက်သီးဖျော်ရည် တစ်ခွက် – ၅၀ မီလီဂရမ်
  • ကိုက်လန်တစ်ခွက် – ၈၂ မီလီဂရမ်
  • ပဲပင်ပေါက် – ၇၄.၈ မီလီဂရမ်

ကိုယ်ဝန်ရဖို့ အထောက်အကူပြုအောင် ဇနီးမောင်နှံ(၂)ဦးစလုံး ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Ref : Does Vitamin C Help Boost Female and Male Fertility?

 

 

From Kalay with


Comments

0 comments
Latest video