ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးရင်

by: Phyo Pyae Thu
 1 comments  21 love

ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ များပါတယ်။ ကြိုတင်ပြင်ဆင်ထားမှလည်း ကိုယ်ဝန်ရဖို့ မြန်မှာပါ။

မေမေလောင်းဖြစ်ချင်သူတွေအနေနဲ့ ကိုယ်ဝန်မဆောင်မီမှာ ကာကွယ်ဆေးတွေ ထိုးထားဖို့ လိုပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ များပါတယ်။ ကြိုတင်ပြင်ဆင်ထားမှလည်း ကိုယ်ဝန်ရဖို့ မြန်မှာပါ။ ဒါမှ ကိုယ်ဝန်ရတဲ့အခါမှာလည်း သန္ဓေသားရော၊ မေမေလောင်းပါ ကျန်းမာနိုင်မှာပါ။ ဘာတွေလုပ်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ကာကွယ်ဆေး

မေမေလောင်းဖြစ်ချင်သူတွေအနေနဲ့ ကိုယ်ဝန်မဆောင်မီမှာ ကာကွယ်ဆေးတွေ ထိုးထားဖို့ လိုပါတယ်။ ရေကျောက်လိုမျိုး ရောဂါက သန္ဓေသားလေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ထိုးဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဆေးပြောင်းလဲခြင်း

မေမေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့ အားဆေး ဒါမှမဟုတ် ကျန်းမာရေးအတွက် ဖြည့်စွက်စာတွေ စားသုံးနေတယ်ရဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဘာတွေ စားသုံးနေရတယ်ဆိုတာ ပြောပြပါ။ ဒါမှ ဆရာဝန်က အခြေအနေပေါ် မူတည်ပြီး ဆေးပမာဏ ပြောင်းလဲခြင်း၊ ဆေးအမျိုးအစား ပြောင်းလဲခြင်းနဲ့ ဆေးရပ်ဖို့ လိုမလိုတွေ ပြောပါလိမ့်မယ်။

Image result for deciding-to-get-pregnancy

မေမေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့ အားဆေး ဒါမှမဟုတ် ကျန်းမာရေးအတွက် ဖြည့်စွက်စာတွေ စားသုံးနေတယ်ရဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ (Photo by Medical News Today)

တားဆေး

ကိုယ်ဝန်ယူပြီဆိုရင်တော့ တားဆေး ကြိုဖြတ်ဖို့ လိုပါတယ်နော်။ သန္ဓေတားဆေးက သောက်ဆေးသုံးတယ်ဆိုရင် ဆေးဖြတ်ပြီးနောက်ပိုင်းမှာ (၂) ပတ်ခန့်လောက် နောက်ကျပြီးမှ ရာသီလာတတ်ပါတယ်။ စိတ်ရှည်ရှည် စောင့်ပါ။  Progestrone ထိုးဆေးတွေ ထိုးနေတယ်ဆိုရင် ဆေးဖြတ်ပြီး ပုံမှန်ရာသီပြန်လာဖို့ အတော်လေး စောင့်ရမှာပါ။ မမျိုးဥကြွေဖို့ နည်းနည်းတော့ စောင့်ရပါမယ်။ (၅၀%) ကတော့ ထိုးဆေးရပ်ပြီး (၇) လလောက်ကြာမှ ကိုယ်ဝန်ရနိုင်ပါတယ်။

အစားအစာ

မေမေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့ အစားအစာလည်း ဂရုတစိုက် စားသင့်ပါတယ်။ ကိုယ်ဝန်ရဖို့အတွက် စားသင့်တဲ့ အစားအစာလို့ သီးသန့်မရှိပေမယ့် အစားအစာတွေက ကိုယ်ဝန်ရဖို့ အထောက်အကူပြုပါတယ်။ မေမေလောင်းတို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပေးပါ။ ဒါမှ သားအိမ်ရဲ့ ကျန်းမာရေး အားကောင်းပြီး ကိုယ်ဝန် မြန်မြန် ရနိုင်မှာပါ။ ကြိုတင်ပြင်ဆင်တဲ့ အချက်တွေထဲမှာ သားအိမ်အားကောင်းဖို့နဲ့ ဖေဖေလောင်းအတွက် သုတ်ပိုးအားကောင်းဖို့ အဓိကထားကာ လုပ်ဆောင်ရမှာပါနော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x