ကိုယ်ဝန်တန်းရချင်ရင် ဒါတွေကို ပြင်ဆင်ထားဖို့ မမေ့ပါနဲ့

by: Nang Htwe
 0 comments  3 love

ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ ရောဂါကူးစက်ခြင်းတွေမရှိအောင် ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ပတ်ဝန်းကျင်က အန္တရယ်ဖြစ်စေမယ့်အရာတွေကို ကြိုတင်ကာကွယ်ပေးရပါမယ်။

ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးပြီဆိုရင် ပထမဆုံး ပြင်ဆင်မှုတွေပြုလုပ်ရမှာပါ။ ဇနီးမောင်နှံ(၂)ဦးစလုံး ဆေးစစ်ပေးခြင်း၊ အထောက်အကူပြုတဲ့ ဆေးဝါးများကို ကြိုတင်သောက်သုံးခြင်း၊ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ပုံစံမှန်တဲ့ လိင်ဆက်ဆံမှုရှိခြင်း၊ မမျိုးဥကြွေမယ့်ရက်ကို သိရှိအောင်ပြုလုပ်ခြင်းနဲ့ သုတ်ပိုးကောင်းအောင်နေထိုင်ခြင်း စတာတွေကို ပြင်ဆင်ရမှာပါ။ စုံတွဲတွေ သတိမထားမိတဲ့ ပြင်ဆင်စရာတွေ ကျန်ပါသေးတယ်။

ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးပြီဆိုရင် ပထမဆုံး ပြင်ဆင်မှုတွေပြုလုပ်ရမှာပါ (Photo by Singapore Motherhood)

၁။ ဆုံးဖြတ်ချက်ခိုင်မာခြင်း

ကိုယ်ဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ဇနီးမောင်နှံ(၂)ဦးစလုံး ပြန်လည်မေးခွန်း ထုတ်သင့်ပါတယ်။ ဖိအားတွေကြောင့် ကိုယ်ဝန်ယူတာတော့ ရှောင်ရှားသင့်ပါတယ်။ ကလေးငယ်တွေရှိလာပြီဆိုရင်တော့ အလုပ်နဲ့မိသားစုကို ဟန်ချက်ညီအောင် ထိန်းဖို့လိုလာပါပြီ။ အရင်တုန်းက နေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးရပေးရမှာပါ။ ဒါကြောင့် ဇနီးမောင်နှံ(၂)ဦးစလုံး သေသေချာချာဆွေးနွေးတိုင်ပင်ပြီးမှသာ ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

အသားငါးအစိမ်းတွေကို  သေသေချာချာချက်ပြုတ်ဖို့ အရေးကြီးပါတယ် (Photo by Wellness Today)

၂။ ရောဂါကူးစက်ခြင်း

ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ ရောဂါကူးစက်ခြင်းတွေမရှိအောင် ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ အထူးသဖြင့် အစားအသောက်တွေကနေ ရောဂါပိုးတွေ မကူးစက်အောင် သတိထားရပါတယ်။ အသားငါးအစိမ်းတွေကို  သေသေချာချာချက်ပြုတ်ဖို့ အရေးကြီးပါတယ်။ အစိမ်းစားတဲ့ပုံစံကို ရှောင်ရှားပေးပါ။ နွားနို့သောက်တဲ့ အခါမှာလည်း ကျိုချက်ပြီးမှ သောက်သုံးပေးပါ။ နွားနို့အစိမ်းနဲ့ ပေါင်းတင်ထားရှိတဲ့ ဒိန်ခဲတွေက ကိုယ်ဝန်ရတဲ့အခါမှာ သန္ဓေသားကို ပြဿနာဖြစ်စေပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်တဲ့အထိ ဖြစ်လာစေပါတယ်။ တုပ်ကွေးရောဂါမဖြစ်အောင်လည်း ကာကွယ်ထားဖို့လိုပါတယ်။ ကိုယ်ဝန်ယူဖို့ ပြင်ဆင်ချိန်ကတည်းက တုပ်ကွေးရောဂါကာကွယ်ဆေးကို ထိုးပေးဖို့လိုပါတယ်။

၃။ ပတ်ဝန်းကျင်

ပတ်ဝန်းကျင်က အန္တရယ်ဖြစ်စေမယ့်အရာတွေကို ကြိုတင်ကာကွယ်ပေးရပါမယ်။ ပတ်ဝန်းကျင်ကနေ အန္တရာယ်ရှိနိုင်မယ့်အရာတွေအားလုံးကို ဖယ်ရှားပစ်ပါ။ လုပ်ငန်းခွင်မှာ ဓာတ်ရောင်ခြည်ထိတွေ့မှုများရင်လည်း အခက်အခဲတွေတွေ့ရနိုင်တာကြောင့် ကိုယ်ဝန်ယူဖို့ ပြင်ဆင်ချိန်မှာ ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးပစ္စည်းများ၊ ရေပိုက်အဟောင်းများနဲ့ ပိုးသတ်ဆေးတွေက သန္ဓေသားအတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဘယ်အရာတွေကို ကာကွယ်ရမယ်ဆိုတာ မသိဘူးဆိုရင် ဆရာဝန်တွေနဲ့ ကျွမ်းကျင်သူတွေဆီကို မေးမြန်းနိုင်ပါတယ်။

ကိုယ်ဝန်ရဖို့ စနစ်တကျပြင်ဆင်ထားတာက ကိုယ်ဝန်ဆောင်မိခင်ရော သန္ဓေသားအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Beforepregnanttry

Comments

0 comments
Latest video
Refer to more useful articles
x