ကိုယ်ဝန်ရနိုင်တဲ့ မျိုးဥတွေကို ပိုမိုအားကောင်းလာစေမယ့် နည်းလမ်းများ

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေအတွက် စနစ်တကျနဲ့ အမြန်ရနိုင်မယ့် နည်းလမ်းကောင်းတွေကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

ဇနီးမောင်နှံတွေ ကိုယ်ဝန်အမြန်ရချင်တယ်ဆိုရင် လက်ရှိနေထိုင်တဲ့ ပုံစံကို ပြောင်းလဲပေးရပါမယ်။ ပြောင်းလဲပေးရမယ့် အရာတွေက ဘာတွေလဲ။ ကိုယ်ဝန်ရဖို့ ဆောင်ရန်၊ ရှောင်ရန်နဲ့  အထောက်အကူပြုနိုင်တဲ့ နည်းလမ်း(၉)ခုကို Kalay ကနေ ပြောပြပေးမယ်နော်။

ဇနီးမောင်နှံတွေ ကိုယ်ဝန်အမြန်ရချင်တယ်ဆိုရင် လက်ရှိနေထိုင်တဲ့ ပုံစံကို ပြောင်းလဲပေးရပါမယ် (Photo by Populer )

ကိုယ်ဝန်အမြန်ဖို့ အထောက်အကူပြုမယ့် နည်းလမ်း(၉)ခု

၁။ ကောင်းကောင်းစားပါ

နေ့တိုင်းလည်း ကောင်းကောင်းစားနေတာပဲလို့ ဇနီးမောင်နှံတွေ ထင်ကောင်းထင်နေပါလိမ့်မယ်။ မှန်ပါတယ်။ နေ့တိုင်းလည်း ကောင်းကောင်းမွန်မွန်စားနေတာပါပဲနော်။ ဒါပေမယ့် ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင်တော့ နည်းလမ်းတကျနဲ့ ကောင်းကောင်းမွန်မွန်စားပေးရမှာပါ။ ဘယ်လို နည်းလမ်းတကျ စားကြမလဲ။ ကိုယ်ဝန်ရဖို့နဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓါတ်တွေ ရရှိအောင် စုံစုံလင်လင် စားပေးရမှာပါ။ မမျိုးဥ အထွက်ကောင်းအောင်နဲ့ အရည်အသွေးကောင်းတဲ့ သုတ်ပိုးတွေ ထွက်ရှိအောင် အာဟာရပြည့်ပြည့်ဝဝ စားသုံးရပါမယ်။

၂။ မသောက်ခင်စဉ်းစားပါ

မသောက်ခင် ဘာတွေစဉ်းစားရမှာလဲ။ အရက်၊ ဘီယာ၊ ဝိုင်၊ ကော်ဖီနဲ့ လက်ဖက်ရည် တို့ကို မသောက်ခင် စဉ်းစားခိုင်းတာပါနော်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင် အဲဒါတွေကို လျှော့ချပေးရမှာပါနော်။ ဒါကြောင့် ဇနီးမောင်နှံတွေကို မသောက်ခင် စဉ်းစားခိုင်းတာပါ။

၃။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ

ကိုယ့်ကိုယ်ကို ဘာပြန်ကြည့်ရမှာလဲ။ ကိုယ်အလေးချိန်ကို ပြန်ကြည့်ခိုင်းတာပါနော်။ ကိုယ်ဝန်ဆောင်မယ့် ဇနီးသည်က အဝလွန်နေလား၊ ပိန်လွန်းနေလားဆိုတာ ပြန်စစ်ဆေးရပါမယ်။ အဝလွန်တာနဲ့ ပိန်းလွန်းတာတွေက ကိုယ်ဝန်ရဖို့ ခက်ခဲစေတယ်လေ။

၎။ ပိုးသတ်ဆေးတွေကို ဝေးဝေးရှောင်ပါ

ပိုးသတ်ဆေးနဲ့ ဘာဆိုင်လဲလို့ စဉ်းစားနေပြီလား။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်တဲ့အခါ အော်ဂဲနစ်ကို ရွေးချယ်ပေးပါ။ ပိုးသတ်ဆးသုံးထားတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားသုံးတော့မယ်ဆိုရင် ဆားရည်နဲ့ ဆေးပေးဖို့ အကြံပေးလိုက်ပါတယ်။ ပိုးသတ်ဆေးဖြန်းထားတာ မကြာသေးတဲ့ မြက်ခင်း၊ သစ်ပင်နဲ့ ဥယျာဉ်တွေဆီ သွားလည်တာကို ရှောင်ရှားပါ။

၅။ လုပ်ငန်းခွင်က အနှောက်အယှက်တွေကို သတိထားပါ

ဇနီးမောင်နှံတွေ လက်ရှိအလုပ်လုပ်နေတဲ့ နေရာက ကိုယ်ဝန်ရဖို့ ဘယ်လိုအနှောက်အယှက်တွေ ဖြစ်စေလဲ။ ဥပမာ ဓာတု ဒါမှမဟုတ် ဓာတုအသုံးပြုတဲ့ နေရာတွေမှာ အလုပ်လုပ်တယ်ဆိုရင် ကိုယ်ဝန်ရဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ရဖို့နဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓါတ်တွေ ရရှိအောင် စုံစုံလင်လင် စားပေးရမှာပါ (Photo by zitawest)

၆။ ဆေးလိပ်ဖြတ်ပေးပါ

ကိုယ်ဝန်ယူဖို့ ကြိုးစားနေပြီဆိုရင်တော့ ဇနီးမောင်နှံ(၂)ဦးစလုံး ဆေးလိပ်သောက်တာကို ရပ်ပေးပါနော်။ ဆေးလိပ်မှာပါတဲ့ အဆိပ်အတောက်တွေက မမျိုးဥကို ပျက်စီးစေလို့ပါ။

၇။ ဓမ္မတာမှန်မမှန်  သတိထားပါ

ကိုယ်ဝန်ရဖို့ဆိုတာ ဓမ္မတာမှန်ဖို့ လိုအပ်ပါတယ်နော်။ ဓမ္မတာမမှန်ဘူးဆိုရင် သားဖွားမီးယပ် ဆရာဝန်တွေနဲ့ ပြသဖို့ လိုပါတယ်။

၈။ အိပ်ခန်းထဲမှာ အလုပ်မရှုပ်စေနဲ့နော်

ဇနီးမောင်နှံ(၂)ဦးစလုံး အိပ်ခန်းထဲမှာ အလုပ်ရှုပ်နေတယ်ဆိုရင် အချိန်မှန်မှန် လိင်ဆက်ဆံမှုမပြုလုပ်ဖြစ်ကြတော့ဘူးပေါ့နော်။ ဒါကြောင့် အပြင်မှာ အလုပ်ဘယ်လောက်ပဲ ရှုပ်ရှုပ် အိပ်ခန်းထဲမှာ အလုပ်မရှုပ်မိဖို့ သတိထားပေးပါ။

၉။ ဆေးသောက်ပါ

ကိုယ်ဝန်အမြန်ရဖို့ ဆရာဝန်က လိုအပ်တဲ့ ဆေးဝါတွေ ပေးပါလိမ့်မယ်။ ဆရာဝန်ပေးတဲ့ ဆေးဝါးတွေကို ဇနီးမောင်နှံ(၂)ဦးစလုံး မှန်မှန်သောက်သုံးဖို့ လိုအပ်တယ်နော်။

ဇနီးမောင်နှံတွေအနေနဲ့ အထက်မှာပြောပြထားတဲ့ အချက်(၉)ချက်ကို သတိထားပြီး ကြိုးစားနေမယ်ဆိုရင် မကြာခင်မှာ ကိုယ်ဝန်ရလာမယ့် အခွင့်အရေး များနိုင်မှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

From Kalay with

Tag: boostfertilityways

Comments

0 comments
Latest video