မေမေ့ဗိုက်ထဲက သန္ဓေသားလေး ဂေါ်ဖီပန်းအရွယ်

by: Phyo Pyae Thu
 0 comments  2 love

လက်သည်းဆိုးဆေးဆိုးတာက လက်သည်းတွေ တဝိုက်ကို မှိုတွေ၊ ဘက်တီးရီးယားတွေ ဖြစ်စေပြီး ပိုးဝင်တာကြောင့် သန္ဓေသားလေးကို ထိခိုက်စေနိုင်ပါတယ်။

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်ကြာလာတာနဲ့အမျှ ဗိုက်ထဲက သန္ဓေသားလေးလည်း တဖြည်းဖြည်း ကြီးထွားလာမှာပါ။ မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန် (၂၇) ပတ်မြောက်မှာတော့ သန္ဓေသားလေးရဲ့ အရွယ်အစားက ပန်းဂေါ်ဖီလောက် ရှိနေပါပြီ။ သန္ဓေသားလေးက ကျန်းကျန်းမာမာပဲ ရှိနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်အလေးချိန်(၉၀၀) ဂရမ်၊ စင်တီမီတာအားဖြင့် (၃၆.၈) စင်တီမီတာ ရှိနေပါပြီ။ အဆုတ်၊ အသည်းနဲ့ ကိုယ်ခံအားက ကောင်းကောင်းမဖွံ့ဖြိုးသေးပေမယ့် ဒီချိန်မှာ မွေးလာရင်တော့ ရှင်နိုင်ပါတယ်။ အကြားအာရုံက ဆက်ဖွံံ့ဖြိုးနေမှာမို့လို့ မေမေ၊ ဖေဖေတွေရဲ့ အသံကို ကောင်းကောင်းမှတ်မိနေပါပြီ။ ရေမြွှာရည်တွေ မဝင်အောင်လို့ နားကို ထူထဲတဲ့ ဖယောင်းလွှာနဲ့ ကာထားပါတယ်။ ဒီတော့ သန္ဓေသားလေးက အပြင်က အသံတွေကို မသဲမကွဲလေး ကြားရနိုင်ပါတယ်။

သန္ဓေသားလေးရဲ့ အရွယ်အစားက ပန်းဂေါ်ဖီလောက် ရှိနေပါပြီ  (Photo: BabyCenter)

ဘာတွေကို ကြိုတင်လေ့လာထားသင့်လဲ

မေမေလောင်းတို့ ဒီအချိန်ကစပြီး ကလေးလေးမွေးဖို့အတွက် လေ့ကျင့်ခန်းတွေ၊ ဗဟုသုတရဖွယ်ရာ ဟောပြောပွဲမှာ သွားရောက်နားထောင်တာမျိုးတွေ လုပ်ပါ။ ဒီအခါမှာ ကလေးလေးမွေးဖို့အတွက်နဲ့ မွေးပြီးနောက်ပိုင်းမှာ ဘာတွေလုပ်သင့်တယ်ဆိုတာ မေမေတို့ ကြိုတင်သိထားပြီးသား ဖြစ်နေမှာပါ။ မီးဖွားတာ ကလေးလေးနဲ့ပတ်သက်တာမှန်သမျှကို တတ်နိုင်သလောက် သင်ယူလေ့လာထားတာကောင်းပါတယ်။ ကိုယ်က အခုမှ ပထမဆုံးမွေးမှာဆိုရင် ဒီဗဟုသုတတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေပါတယ်။

ရေမြွှာရည်တွေ မဝင်အောင်လို့ နားကို ထူထဲတဲ့ ဖယောင်းလွှာနဲ့ ကာထားပါတယ် (Photo: BabyCenter)

ကိုယ်ဝန်ဆောင်ကာလ (၂၇) ပတ်လောက်မှာ

ကလေးလေးရဲ့ ခေါင်းနဲ့ သားအိမ်ရဲ့ အလေးချိန်ကတော့ မေမေတွေရဲ့ခါးအောက်ပိုင်းက အာရုံကြောမကြီးပေါ်မှာ ငြိမ်ပြီးရှိနေရပါမယ်။ ဒီတော့ တင်ပါးနာတာ၊ ယားတာကျောကနေခြေထောက်အထိကို အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ နာကျင်တာတွေ သက်သာစေဖို့အတွက် ထိုင်ပါ။ ခြေထောက်လှုပ်ရှားမှုကို အနားပေးပါ။ သက်တောင့်သက်သာရှိမယ့် အနေအထားနဲ့ လှဲနေရင်လည်း အဆင်ပြေပါတယ်။ ရေနွေးအိတ်လေးတွေ ကပ်ပေးလည်း ရပါတယ်။

မေမေလောင်းတို့ရေ ဒီအချိန်မှာ ဆရာဝန်ချိန်းတဲ့ အချိန်ကိုလည်း ဗိုက်ပြဖို့ လိုသလို ဝမ်းအရမ်းသွားပြီး ရာသီလာတဲ့အချိန် ဗိုက်အောင့်သလို အောင့်ခြင်း၊ ပျို့အန်နေခြင်း၊ ခါးအောက်ပိုင်းဆက်တိုက် ကိုက်ခဲခြင်း၊ အရည်နဲ့ သွေးဆင်းခြင်းတွေ ဖြစ်တယ်ဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုပါတယ်။

မေမေလောင်းလေးရေ ဒီအချိန်မှာ လက်သည်းနီ၊ ခြေသည်းနီ ဆိုးချင်တာတွေ ဖြစ်လာရင် အောင့်ထားတော့နော်။ လက်သည်းဆိုးဆေးဆိုးတာက လက်သည်းတွေ တဝိုက်ကို မှိုတွေ၊ ဘက်တီးရီးယားတွေ ဖြစ်စေပြီး ပိုးဝင်တာကြောင့် သန္ဓေသားလေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မေမေလောင်းလေးတို့ ဒီအချိန်မှာ ဂရုစိုက်ရမယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles