စိတ်အလှုပ်ရှားဆုံးဖြစ်တဲ့ သန္ဓေသားလောင်းလေး ဖွံ့ဖြိုးဆုံးအချိန်

by: Nang Htwe
 0 comments  42 love

ကိုယ်ဝန်ဆောင်ချိန်ရဲ့ တတိယပိုင်း ကတော့ မေမေဖေဖေ အတွက် စိတ်အလှုပ်ရှားဆုံး နဲ့ ရင်ခုန်အပျော်ရွင်ဆုံး အချိန်လေးတွေ ပါပဲနော်။

တတိယပိုင်းကတော့ ခုနစ်လ ကနေ ကိုးလပါ။

ကိုယ်ဝန်ဆောင်ချိန်ေလးကို အပိုင်းလေး (၃) ပိုင်း ပိုင်းကြည့်ရအောင်။ တစ်လ ကနေ သုံးလ ထိကို ပထမပိုင်းလို့ သတ်မှတ်လိုက်မယ်နော်။ ဒုတိယပိုင်း ကတော့ လေးလ ကနေ ခြောက်လ အထိဖြစ်ပြီး တတိယပိုင်းကိုတော့ ခုနစ်လ ကနေ ကိုးလ အထိ သတ်မှတ်ပေးထားလိုက်မယ်နော်။ အဲဒီ အပိုင်း (၃) ပိုင်းထဲကမှ ကိုယ်ဝန်ဆောင်မေမေတွေ စိတ်လှုပ်ရှားဆုံး အပိုင်းကတော့ မွေးခါနီးဖြစ်တဲ့ တတိယ အပိုင်းလေးပါပဲ။

တတိယ အပိုင်းလေးကို

ရောက်နေပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေ တို့ အရမ်းစိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ မကြာမီ မိသားစုဝင် ဖြစ်လာတော့မယ့် သားသားမီးမီးလေး တွေ ကိုယ်ဝန်ဆောင်မေမေတို့ရော ဖေဖေတို့ကပါ မျှော်လင့်ချက်တွေ နီးကပ်လာလို့ပါပဲ။ ကိုယ်ဝန်ဆောင်မေမေတို့ပိုပြီး စိတ်လှုပ်ရှားရအောင် ကိုယ်ဝန်ရဲ့ တတိယ အပိုင်းလေးမှာ မကြာမီ မွေးလာတော့မယ့် သန္ဓေသားလောင်းလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်ကို ဝေမျှပေးလိုက်ပါတယ်နော်။

ကိုယ်ဝန်ဆောင်မေမေတို့ရေ ကိုယ်ဝန်ရဲ့ တတိယပိုင်းမှာတော့ သန္ဓေသားလောင်းလေးရဲ့ အင်္ဂါအစိတ်အပိုင်းလေးတွေဟာ ပြီးပြည့်စုံလုနီးပါး ဖွံ့ ဖြိုးလာပါပြီ။ ပြီးပြည့်စုံဖွံ့ဖြိုး နေပေမယ့်လည်း အကုန်လုံး အလုပ်လုပ် နိုင်သည့်အထိတော့ မဖွံ့ဖြိုးသေးပါဘူးနော်။ သန္ဓေသားလောင်းလေးရဲ့ ဦးနှောက်၊ အဆုတ်၊ နှလုံး နဲ့ မျက်လုံးလေးတွေကတော့ အလုပ်တွေ စတင်လုပ်နေပါပြီ။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ သန္ဓေသားလောင်းလေးရဲ့ လှုပ်ရှားမှုေတွကို ဂရုစိုက်နေဖို့ လိုပါတယ်။ သန္ဓေသားလောင်းလေးရဲ့ ပုံစံမမှန်တာတွေ နဲ့ ပြောင်းလဲတာတွေ ရှိမရှိ မေမေတို့ သတိထားပေးပါ။


တဖြည်းဖြည်း ကြီးထွားလာနဲ့ အတူ ကိုယ်ဝန်ဆောင်မေမေတို့မှာလည်း အရင်လတွေထက်ပိုပြီး စားချင်စိတ်တွေ ဖြစ်ပေါ်လာနေတာကို သတိထားမိမှာပါ (Photo by Health Advantages)

သန္ဓေသားလောင်းက

တဖြည်းဖြည်း ကြီးထွားလာနဲ့ အတူ ကိုယ်ဝန်ဆောင်မေမေတို့မှာလည်း အရင်လတွေထက်ပိုပြီး စားချင်စိတ်တွေ ဖြစ်ပေါ်လာနေတာကို သတိထားမိမှာပါ။ သန္ဓေသားလောင်းလေးက ကြီးထွာလာတာနဲ့အမျှ မေမေတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကလည်း တဖြည်းဖြည်းနဲ့ တိုးလာတာပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပါပဲ မေမေတို့ရေ။ ကိုယ်ဝန်ဆောင်မေမေတို့ သတိထားရမှာကတော့ ကိုယ်ဝန်တတိယပိုင်းမှာ မေမေတို့ အစားစားချင်စိတ်ပျောက်နေတာတွေ၊ အလေးချိန်တက်မလာတာတွေ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်တွေဆီကို သွားရောက်ပြသပြီး ညွှန်ကြားချက်တွေကို လိုက်နာပေးပါနော်။

မကြာခင်မှာ မွေးဖွားလာတော့မှာ ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ အရင်ကထက်ပိုပြီး အနားယူဖို့လိုနေပြီနော်။ လုပ်ငန်းခွင်ဝင်နေတဲ့ ကိုယ်ဝန်ဆောင်မေမေ တို့ကတော့ အလုပ်ကနေ လုပ်သက်ခွင့် ယူပြီး အနားယူဖို့ အချိန်ရောက်လာပါပြီ။ ကိုယ်ဝန်ဆောင်မေမေတို့ရေ ဒီအချိန်လေးမှာ မေမေတို့ အိပ်ရေးဝဝ အိပ်ဖို့လိုအပ်နေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေ ကို စားသုံးပေးဖို့  လည်းမမေ့ပါနဲ့နော်။

ကိုယ်ဝန်ဆောင်မေမေတို့ရေ အိမ်မှာအပြည့်အဝအနားယူရင်း မကြာမီရောက်လာတော့မယ့် သားသားမီးမီးလေးကို စိတ်လှုပ်ရှားစွာ ကြိုဆိုနေရင်း  သားသားမီးမီးလေးအတွက် အသုံးအဆောင် ပစ္စည်းလေးတွေကို ပြင်ဆင်လိုက်ရအောင်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles