ကိုယ်ဝန်နောက်ဆုံးပတ်မှာ ဗိုက်ဗိုက်လေးတို့ ပြင်ဆင်ထားရမယ့် အရာများ

by: Nang Htwe
 0 comments  1 love

မွေးဖွားမယ့်နေ့ကို မကြာခင်မှာ ရောက်လာတော့မယ်ဆိုတော့ ဗိုက်ဗိုက်လေးတွေ စိတ်လှုပ်ရှားပြီး ပူပန်မှုတွေ ပိုတိုးလာနေပါတယ်

မွေးဖွားမယ့်နေ့ကို မကြာခင်မှာ ရောက်လာတော့မယ်ဆိုတော့ ဗိုက်ဗိုက်လေးတွေ စိတ်လှုပ်ရှားပြီး ပူပန်မှုတွေ ပိုတိုးလာနေပါတယ်။ ဒီတစ်ခါမှာတော့ Kalay ကနေ ဗိုက်ဗိုက်လေးတို့အတွက် ကိုယ်ဝန်နောက်ဆုံးပတ်မှာ ပြင်ဆင်ထားရမယ့် အရာတွေကို ပြောပြပေးပါ့မယ်။

မွေးဖွားမယ့်နေ့ကို မကြာခင်မှာ ရောက်လာတော့မယ်ဆိုတော့ ဗိုက်ဗိုက်လေးတွေ စိတ်လှုပ်ရှားပြီး ပူပန်မှုတွေ ပိုတိုးလာနေပါတယ် (Photo by The Pulse – Pregistry)

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ

အခုချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲနေပါလိမ့်မယ်။ အိပ်ပျော်အောင် ကြိုးစားပြီး များများအနားယူဖို့ လိုအပ်ပါတယ်။

ပြင်ဆင်ထားမယ် (၁)

မေမေလောင်းတို့ ကလေးမွေးချိန်မှာ အစားအသောက်အတွက် အခုချိန်ကတည်းက ပြင်ဆင်ထားသင့်ပါပြီ။ ဗိုက်ဗိုက်တို့ မွေးဖွားချိန်မှာ ထမင်းဟင်း ကူညီချက်ပေးမယ့် မိသားစုဝင် မရှိဘူးဆိုရင် အခုချိန်မှာ မီးတွင်းအတွက် အစားအသောက်ကို ပြင်ဆင်ထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ ဆိုင်နဲ့ ချိတ်မယ်ဆိုရင်လည်း အခုချိန်ကတည်းက ဆက်သွယ်မှုတွေ ပြုလုပ်ထားနိုင်ပါပြီ။

ပြင်ဆင်ထားမယ် (၂)

နောက်တစ်ပတ်ဆိုရင် ကလေးငယ်က အိမ်ကိုရောက်လာတော့မှာပါ။ ဒါကြောင့် အခုချိန်မှာ ကလေးငယ် အိမ်ရောက်တဲ့အခါ အဆင်သင့်ဖြစ်အောင် ကုတင်၊ ပုခက် တို့ကို နေရာတကျ စီစဉ်ထားဖို့ ပြင်ဆင်ရမယ့်အချိန်ပါ။

ပြင်ဆင်ထားမယ် (၃)

ကလေးအဝတ်အစားတွေ လျှော်ထားရမယ့်အချိန်ပါ။

ပြင်ဆင်ထားမယ် (၄)

ဆေးရုံသွားတဲ့အခါ ဘာတွေယူသွားမယ်၊ ဘာတွေထည့်သွားမယ်ဆိုတာ ပြင်ဆင်ရတော့မှာပါ။ အခုချိန်ကတည်းက လိုအပ်တာတွေ အိတ်ထဲ ထည့်ထားဖို့ လိုအပ်နေပါပြီ။ မလိုအပ်တာတွေကို ထားခဲ့ပါ။

ကလေးအဝတ်အစားတွေ လျှော်ထားရမယ့်အချိန်ပါ (Photo by Babble)

 

ပြင်ဆင်ထားမယ် (၅)

ကလေးမွေးတဲ့အခါ သီးသန့်သူနာပြုငှားဖို့ စိတ်ကူးရှိတယ်ဆိုရင် အခုချိန်ကတည်းက ချိတ်ဆက်ထားဖို့ လိုပါတယ်။ မေမေလောင်းတို့ မွေးဖွားမယ့် ဆေးရုံ ဒါမှမဟုတ် ပြင်ပကနေ ကျွမ်းကျင်တဲ့ သူနာပြု ငှားရမ်းနိုင်ပါတယ်။

ပြင်ဆင်ထားမယ် (၆)

အိမ်သန့်ရှင်းရေး ပြုလုပ်ပါ။

ပြင်ဆင်ထားမယ် (၇)

မေမေလောင်းတို့ မွေးဖွားတဲ့အခါ အကူအညီပေးမယ့် မိသားစုဝင်တွေ မရှိဘူးဆိုရင် မိတ်ဆွေတွေကို အခုချိန်ကတည်းက အကူအညီတွေ တောင်းထားသင့်ပါတယ်။

မွေးဖွားခါနီးတစ်ပတ်အလိုမှာ ဗိုက်ဗိုက်လေးတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles