ဒုတိယတစ်ခေါက် ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေထပ်ကြုံရဦးမလဲ

by: Nang Htwe
 0 comments  0 love

ဒုတိယအကြိမ်မှာ ခံနိုင်ရည်ရှိနေပါပြီ။ ဒါပေမယ့်လည်း မထင်ထားတဲ့ အခက်အခဲအသစ်တွေ ကြုံရဦးမှာပါ။

ပထမကလေးငယ် အရွယ်ရောက်လို့ မေမေတို့အနေနဲ့ နောက်ထပ် ကလေးထပ်ယူဖို့ ဆုံးဖြတ်ပြီးပြီလား။ ပထမအကြိမ် ကိုယ်ဝန်ဆောင်ထားတုန်းက အတွေ့အကြုံကြောင့် ဒုတိယအကြိမ်မှာ ခံနိုင်ရည်ရှိနေပါပြီ။ ဒါပေမယ့်လည်း မထင်ထားတဲ့ အခက်အခဲအသစ်တွေ ကြုံရဦးမှာပါ။

Image result for pregnant mother of daughter

မေမေတို့ ဒုတိယကိုယ်ဝန်ဆောင်ချိန်မှာ ပထမ ကလေးငယ်စိတ်ဒဏ်ရာမဖြစ်ရလေအောင် ဂရုတစိုက် ရှင်းပြပေးရပါတယ် (Photo by 大纪元)

အခက်အခဲအသစ်များ

(၁) ကုန်ကျစရိတ်

အရင်ကထက် ကုန်ကျစရိတ်တွေ ပိုများလာတော့မှာပါ။ ကိုယ်ဝန်ဂရုစိုက်ဖို့၊ ကလေးပစ္စည်းတွေကြိုဝယ်ဖို့၊ မွေးဖွားစရိတ်၊ ကျန်းမာရေး အပြင် စီနီယာသားသားမီးမီးလေးတွေရဲ့ ကုန်ကျစရိတ် စတဲ့ ငွေကြေးကုန်ကျမှုတွေ မေမေတို့ရင်ဆိုင်ရမှာပါ။

ဖြေရှင်းနည်း – ခင်ပွန်းသည်နဲ့ တိုင်ပင်ဆွေးနွေးပါ။

(၂) ပင်ပန်းခြင်း

နှစ်ဆပင်ပန်းပါလိမ့်မယ်။ ကိုယ်ဝန်ကို ဂရုစိုက်ပေးရတဲ့အပြင် ပထမကလေးငယ် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လစ်ဟာမှုတွေဖြစ်မှာစိုးရိမ်တာကြောင့် မေမေတို့ အရင်ကထက် ပိုဂရုစိုက်ပေးရပါတယ်။

(၃) တာဝန်တွေများလာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ များများအနားယူရပါတယ်။ ဒါပေမယ့် ပထမကလေးငယ်ကို ဂရုစိုက်ရမယ့်တာဝန်တွေရှိနေသေးတာကြောင့် ဒုတိယကိုယ်ဝန်ဆောင်ချိန်မှာ အနားယူဖို့ အခက်အခဲတွေရှိနေပါတယ်။

(၄) ခံစားချက်များ

မေမေတို့ ဒုတိယကိုယ်ဝန်ဆောင်ချိန်မှာ ပထမ ကလေးငယ်စိတ်ဒဏ်ရာမဖြစ်ရလေအောင် ဂရုတစိုက် ရှင်းပြပေးရပါတယ်။ အချိန်ပေးပြီး ဂရုစိုက်ရပါတယ်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်တဲ့ မေမေတို့ရဲ့ အခက်အခဲတစ်ခုပါ။

Image result for sitting

ပထမကလေးငယ်အတွေ့အကြုံ့ မေမေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေဖြစ်ပါတယ် (Photo by freepik.adobe.vip)

ပျော်ရွှင်စရာ အသစ်များ

(၁) လက်ဆောင်

မေမေဖေဖေတို့နဲ့ အတူ အေးတူပူအမျှ အတူတကွဖြတ်သန်းမယ့် မိသားစုဝင်အသစ်လေးဖြစ်ပါတယ်။

(၂) အကောင်းဆုံး

ပထမကိုယ်ဝန်ဆောင်ချိန်မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက ဒုတိယကိုယ်ဝန်အတွက် အကောင်းဆုံးဖြစ်လာပါတယ်။ ပိုပြီးတော့ စနစ်ကျလာပါတယ်။

(၃) စံပြ

ကလေးငယ်ကို ဂရုစိုက်တဲ့အခါ ယောင်ဝါးဝါး မဖြစ်တော့ပါဘူး။ မသဲကွဲတာနဲ့ ဒွိဟဖြစ်တာတွေ မရှိတော့ပါဘူး။ မစိုးရိမ်သင့်တာနဲ့ မလိုအပ်တာတွေ သိထားပြီးပြီ ဖြစ်ပါတယ်။

(၄) သင်ခန်းစာ

ပထမကလေးငယ်အတွေ့အကြုံ့ မေမေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။ ဒုတိယကလေးငယ်အတွက် အကောင်းဆုံးလက်ဆောင်ပဲဖြစ်ပါတယ်။

ဒုတိယကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အတွက် ပြဿနာကြီးကြီးမားမားမရှိပေမယ့်လည်း အခက်အခဲအသစ်တွေကိုတော့ လိမ္မာပါးနပ်စွာ ဖြေရှင်းဖို့ လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: a second babyconsPros

Comments

0 comments
Latest video
Refer to more useful articles
x