ကိုယ်ဝန်ဆောင်သက်တမ်း (၇) ပတ်

by: Khin Nyein Lwin
 11 comments  4 love

တစ်ကြိမ်မှာ ကိုယ်ဝန်ဆောင်ရတဲ့အတွက် ဝမ်းသာပီတိတွေဖြစ်နေတတ်ပြီး မိခင်ဖြစ်ရတော့မယ်ဆိုတဲ့ အတွေးနဲ့တင် မျက်ရည်တွေကျတတ်နေပါပြီ

ကိုယ်ဝန်ဆောင်သက်တမ်း (၇) ပတ် ရှိသွားပြီဆိုတော့ ခန္ဓာကိုယ်တွင်း လျင်မြန်စွာပြောင်းလဲနေမှုနဲ့ သန္ဓေသားရဲ့ ဖွံ့ဖြိုးလာမှုတွေကို သိရှိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်သက်တမ်း (၇) ပတ် ဆိုတာက ပထမအဆင့်ရဲ့ လမ်းတစ်ဝက်ကိုရောက်နေပြီ။ အရာအားလုံးက လျင်မြန်စွာ ဖြစ်ပေါ်နေတယ်။ တကယ်လို့ ဆရာဝန်နဲ့တစ်ခါမှ မပြရသေးဘူးဆိုရင် ရက်ချိန်းယူပြီး သွားပြသင့်တဲ့ အချိန်ဖြစ်နေပါပြီ။ ကလေးမွေးဖွားမယ့်အချိန်အထိ လိုအပ်မယ့်စစ်ဆေးမှုတွေနဲ့ စမ်းသပ်တာတွေကို လုပ်ဖို့ အရမ်းအရေးပါတဲ့အချိန်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သက်တမ်း (၇) ပတ် ဆိုရင်တော့ ကလေးရဲ့ခြေလက်တွေတိုင်းမှာ အရွတ်တွေဖွဲ့စည်းပြီး သူ့ခြေထောက်တစ်လျှောက် နာဗ့်ကြောတွေ ပြေးနေပြီဖြစ်ပါတယ်။ ဒီအပတ်မှာ သန္ဓေသားအကြောင်း ပိုသိအောင်လုပ်ကြရအောင်။

သန္ဓေသားလေးက ဘလူးဘယ်ရီသီးအရွယ်လောက်ရှိနေပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

အခုချိန်မှာ သန္ဓေသားလေးက (၁) စင်တီကနေ (၁.၄) စင်တီမီတာအတွင်းရှိပြီး ဘလူးဘယ်ရီသီးအရွယ်လောက်ရှိနေပါပြီ။ မြီးညောင့်ရိုးကထွက်နေတဲ့ အမြီးသေးသေးလေးရှိနေမယ်။ ဒါပေမယ့်နောက်ပိုင်းကျရင်တော့ ပျောက်သွားမှာပါ။ ကလေးရဲ့ခြေလက်တွေတိုင်းမှာ အရွတ်တွေဖွဲ့စည်းပြီး သူ့ခြေထောက်တစ်လျှောက် နာဗ့်ကြောတွေ ပြေးနေပြီဖြစ်ပါတယ်။ လက်တွေက ဆန့်ထွက်လာနေပြီး ပုခုံး၊ လက်မောင်း၊ လက်ဖျံနဲ့ လက်ဖဝါးတွေက ပိုပြီး ထင်ရှားလာပါပြီ။ ကိုယ်ကခံစားမိသေးမှာ မဟုတ်ပေမယ့် သူ့ခန္ဓာကိုယ်က ခုန်နေတဲ့ပဲစေ့လိုမျိုး ရပ်လိုက် လှုပ်ရှားလိုက် ဖြစ်နေပါမယ်။

ဒီအပတ်ရဲ့ သုံးရက်မြောက်မှာ ကလေးရဲ့ဦးနှောက်စတင် ဖွံ့ဖြိုးပါပြီ။ သွားနဲ့အာခေါင်ကလည်း ဖြစ်ထွန်းနေပြီး နားရွက်က ဦးခေါင်းရဲ့တစ်ဖက်စီမှာ ဖွံ့ဖြိုးနေပါပြီ။ မျက်လုံးကတော့ အစပိုင်းဖွံ့ဖြိုးမှုအဆင့်မှာပဲ ရှိသေးပေမယ့် မျက်ခွံကတော့ တစ်ဝက်တစ်ပျက်ရှိနေပါပြီ။ ဒီအပတ်က ကလေးရဲ့ ဖွံ့ဖြိုးမှုတစ်လျှောက် အရမ်းအလုပ်များတဲ့အပတ်ဖြစ်ပါတယ်။ အစပိုင်းအပတ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အင်္ဂါအစိတ်အပိုင်းတွေက နှလုံးနဲ့ ဦးနှောက်စတာတွေက ပိုပုံပေါ်လာပြီး ပိုရှုပ်ထွေးလာပါပြီ။ ဒီအပတ်နဲ့ အပတ် (၂၀) ကြားမှာ သန္ဓေသားက လျင်လျင်မြန်မြန်ကို ကြီးထွားဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအိပ်ရေးပျက်ခြင်းကိုလည်း ခံစားရတတ်ပါတယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ပြီးခဲ့တဲ့ ၅ပတ်အတွင်းမှာ သားအိမ်က နှစ်ဆကြီးလာပြီဖြစ်ပြီး အစားအသောက်ပိုကောင်းလာတာ၊ မနက်ပိုင်းပျို့အန်တာတွေကြောင့် အစားအသောက်ပိုပျက်သွားတာ ဖြစ်နိုင်ပါတယ်။ တိုးလာတဲ့ သွေးပမာဏနဲ့ ကျောက်ကပ်ကို ဖြတ်သွားတဲ့ အရည်ပမာဏ ပိုများလာတာကြောင့် ပုံမှန်ထက် ဆီးပိုသွားနိုင်ပါတယ်။ ယခုအချိန်မှာ သွေးကလည်း ကိုယ်ဝန်မဆောင်ခင်မှာ ရှိခဲ့တဲ့ သွေးပမာဏထက် ၁၀%ပိုများနေပါပြီ။  ကိုယ်ဝန်ကာလအဆုံးပိုင်းလောက်ဆိုရင် အလုံးစုံဖွံ့ဖြိုးပြီဖြစ်တဲ့ ကလေးလေးအတွက် သွေးက သွေးကြောတွေထဲမှာ ၄၀-၄၅% အထိပိုများများ စီးဆင်းနေပါလိမ့်မယ်။ သားအိမ်ကြီးလာတာကြောင့် ဆီးအိတ်ကို ဖိအားပိုရောက်ပြီး ဒါကလည်း သန့်စင်ခန်း ခဏခဏဝင်စေတဲ့ အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

ကိုယ်ဝန်ပထမအဆင့်မှာ မအီမသာခံစားခဲ့ရတဲ့ အမျိုးသမီးတွေက ကိုယ်ဝန် (၁၄) ပတ်လောက်ဆိုရင် ကောင်းသွားပါလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာဖို့ နောက်ထပ်တစ်လ ဒါမှမဟုတ် တစ်လကျော်လောက် အချိန်ယူရပါလိမ့်မယ်။ မကြာခဏဆီးသွားခြင်းကတော့ ကလေးမွေးဖွားပြီးတဲ့အထိ မပြောင်းလဲပဲရှိနေမှာပါ။ သုတေသနလေ့လာချက်အရ ဆီးသွားတဲ့ အကြိမ်အရေအတွက်နဲ့ ပမာဏက ကိုယ်ဝန်ဆောင် သက်တမ်းတစ်လျှောက်မှာ ပိုများလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်လက္ခဏာများ

ကိုယ်ဝန်ဆောင်သက်တမ်း (၇) ပတ်မှာ သန္ဓေသားလောင်းလေးကတော့ အင်္ဂါပြည့်စုံသွားပါပြီ။ အရင်က မကြိုက်တတ်တဲ့အစားအစာတွေကို စားချင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်စားနေတဲ့အတိုင်းပဲ ဆက်စားပါ။ ကိုယ်ဝန်ဆောင်သက်တမ်း (၇) ပတ်မှာ ကိုယ်ဝန်သည်နဲ့တူတာ ဒါမှမဟုတ် ကိုယ်ဝန်သည်လိုမျိုးခံစားရသေးမှာ မဟုတ်ပေမယ့် အထူးသဖြင့် သားအိမ်ကတော့ တဖြည်းဖြည်းကြီးထွားလာတဲ့ သန္ဓေသားအတွက် ကျယ်လာနေပြီ။ ဒီအချိန်မှာတော့ သန္ဓေသားလေးက ဘလူးဘယ်ရီသီးအရွယ်လောက်ရှိပါပြီ။ သားအိမ်ကြီးလာတာကြောင့် ဝမ်းဗိုက်နေရာမှာ သားကြောအနည်းငယ်ပျက်နေတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

တခြားထင်ရှားတဲ့ လက္ခဏာကတော့ စိတ်အနေအထား မူမမှန်တာဖြစ်ပါတယ်။ ရိုလာကိုစတာစီးနေသလိုမျိုး ခံစားနေရပြီး တစ်ကြိမ်မှာ ကိုယ်ဝန်ဆောင်ရတဲ့အတွက် ဝမ်းသာပီတိတွေဖြစ်နေတတ်ပြီး မိခင်ဖြစ်ရတော့မယ်ဆိုတဲ့ အတွေးနဲ့တင် မျက်ရည်တွေကျတတ်နေပါပြီ။ စိတ်မူပြောင်းတာမျိုးဖြစ်တတ်တာက ပုံမှန်ပါပဲ။ စိတ်မူမမှန်တာကြောင့် ထင်ရှားတဲ့အိမ်မက်မျိုးနဲ့ အိပ်မပျော်တာတွေကို တွေ့ကြုံရနိုင်ပါတယ်။ လက္ခဏာတွေက ပြင်းထန်လာခဲ့မယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x