ကိုယ်ဝန်ဆောင်သက်တမ်း (၆) ပတ်

by: Khin Nyein Lwin
 1 comments  0 love

ခန္ဓာကိုယ်အတွင်းမှာ သွေးလည်ပတ်မှုလည်း စတင်နေပြီဖြစ်ပါတယ်။ အူလမ်းကြောင်းက စတင်ဖွံ့ဖြိုးလာနေပြီး အဆုတ်ဖြစ်လာမယ့် တစ်သျူးအလုံးလေးလည်း ပေါ်လာနေပါပြီ။

ကိုယ်ဝန် (၆) ပတ်တောင် ဖြစ်သွားပါပြီ။ အစောပိုင်းကိုယ်ဝန်ဆောင် လက္ခဏာတွေကလည်း အားကောင်းလာနေပြီ။ သန္ဓေသားလောင်းလေးကလည်း နေ့စဉ်နဲ့အမျှ ကြီးထွားပြောင်းလဲလာပါပြီ။  မကြာမီအချိန်တွင်း ကလေးကို ရင်ခွင်မှာပွေ့ချီထားရတော့မယ်ဆိုတဲ့ အတွေးရှိနေပါပြီ။ အပိုင်း (၃) ပိုင်းမှာ ပထမအဆင့်ရဲ့ လမ်းတစ်ဝက်ကိုရောက်နေပြီဖြစ်ပြီး ပျော်ရွှင်ရမယ့် မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန် (၆) ပတ်အချိန်မှာ ကြုံတွေ့နိုင်တာတွေကို ဖော်ပြထားပါတယ်။

ကိုယ်ဝန် ၆ပတ်အချိန်မှာ သန္ဓေသားလေးက ပဲစေ့အရွယ်လောက်ရှိနေပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

 နှာခေါင်း၊ပါးစပ်နဲ့ နားရွက်လေးတွေက စပြီးပုံပေါ်လာနေပါပြီ။ တကယ်လို့ သားအိမ်ထဲကိုမြင်ရမယ်ဆိုရင်တော့ ခေါင်းကြီးကြီးလေးရယ်၊ ကလေးရဲ့ မျက်လုံးနဲ့ နှာခေါင်းဖြစ်လာမယ့်နေရာမှာ အမဲရောင်အစက်ကလေးကို မြင်ရမှာဖြစ်ပါတယ်။ ထွက်လာတော့မယ့် နားရွက်လေး ကတော့ ဦးခေါင်းအောက်ပိုင်းနားမှာ အမှတ်လေးအဖြစ်ရှိနေပြီး လက်တွေခြေထောက်တွေကတော့ ဘုလုံးလေး ပုံစံထွက်နေပြီဖြစ်ပါတယ်။ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ် (၁၀၀) ကနေ( ၁၆၀) အထိရှိနေပြီဖြစ်ပြီး နှလုံးခုန်နှုန်း ထက်နှစ်ဆနီးပါးမြန်နေပါတယ်။

ခန္ဓာကိုယ်အတွင်းမှာ သွေးလည်ပတ်မှုလည်း စတင်နေပြီဖြစ်ပါတယ်။ အူလမ်းကြောင်းက စတင်ဖွံ့ဖြိုးလာနေပြီး အဆုတ်ဖြစ်လာမယ့် တစ်သျူးအလုံးလေးလည်း ပေါ်လာနေပါပြီ။ ခန္ဓာကိုယ်ကြီးထွားဖို့ဟော်မုန်းထုတ်ပေးမယ့် pituitary ဂလင်းကလည်း ဖြစ်ထွန်းနေပြီဖြစ်ပြီး ကျန်တဲ့ ဦးနှောက်၊ ကြွက်သားနဲ့ အရိုးတို့လည်း ဖြစ်ထွန်းလာနေပါပြီ။ အခုချိန်မှာတော့ သန္ဓေသားလေးက (၁) လက်မရဲ့လေးပုံတစ်ပုံခန့် ပဲစေ့အရွယ်လောက် ရှိနေပါပြီ။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ့်ကိုယ်ကို စရိုက်ကွဲတွေရှိနေတယ်လို့ ခံစားလာရပါမယ်။ ဒီနေ့မှာ ဒေါသတွေကြီးနေပြီး နောက်နေ့ကျရင် ရွှင်လန်းတက်ကြွနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စိတ်တိုင်းမကျနိုင်ဘူးဖြစ်နေမယ်။ အဲ့တာဟာ ပုံမှန်ပါပဲ။  စိတ်ခံစားမှုတွေက ဟော်မုန်း အတက်အကျ မမှန်တာကြောင့်ဖြစ်ပါတယ်။ ဟော်မုန်းတွေကို အသာထား ၊ ဘဝကြီးတစ်ခုလုံး ပြောင်းပြန်လှန်သလို ကြီးကြီးမားမားပြောင်းလဲတော့မယ့်အရေးမှာ လူတိုင်းကတော့ ဒီလိုပဲ အနည်းနဲ့ အများတော့ ခံစားကြရမှာပါပဲ။

သွေးအနည်းငယ်ဆင်းခြင်း (အတွင်းခံမှာ သွေးနည်းနည်းစွန်းခြင်း သို့ ဆီးသွားပြီးနောက်သွေးပါခြင်း ) ဒါမှမဟုတ် သွေးဆင်းခြင်းက ကိုယ်ဝန်အစောပိုင်းကာလမှာ ဖြစ်နေကျ ပုံစံမျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားလုံးရဲ့ လေးပုံပုံ တစ်ပုံမှာ ဖြစ်လေ့ရှိပါတယ်။ ပုံမှန်အချိန်မှာလည်းဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ ကိုယ်ဝန်ပျက်ခြင်း ဒါမှမဟုတ် ectopic pregnancy ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးဆင်းပြီဆိုရင်တော့ ဆရာဝန်ကိုအမြန်ဆုံး သွားပြသသင့်ပါတယ်။

နေမကောင်းဖြစ်နေတာက  ကိုယ်ဝန်အစောပိုင်းကာလရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။

မိခင်အတွက်နည်းလမ်းကောင်းများ

ကိုယ်ဝန် (၆) ပတ်တွင် မူးဝေခြင်းအတွက် နည်းလမ်းကောင်းများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများ ကြောက်ကြတဲ့အရာဖြစ်တယ်။ ကိုယ်ဝန်ဆောင်သက်တမ်း (၆) ပတ်အချိန်မှာ တစ်ချိန်လုံး နေမကောင်းဖြစ်နေတာက  ကိုယ်ဝန်အစောပိုင်းကာလရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ မအီမသာဖြစ်ခြင်း၊ ပျို့ချင်အန်ချင်ဖြစ်ခြင်းစတဲ့ လက္ခဏာတွေ အဖြစ်များပါတယ်။ ဒီလို ဆိုးရွားတဲ့ လက္ခဏာတွေကို တိုက်ဖျက်ကြရပါမယ်။

မနက်စောစော အစာစားပါ

ဗိုက်ပြည့်စေနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ထပြီးပြီးချင်း မနက်စောစောပိုင်းမှာ အစာစားတာက အကြံကောင်းတစ်ခုဖြစ်ပါတယ်။

သရေစာစားပါ

မအီမသာဖြစ်ခြင်းက အစာမရှိရင်ပိုဆိုးပါတယ်။ ဒါကြောင့် အိပ်ရာဘေးမှာ ခရက်ကာတချို့ထား အိပ်ပြီး မနက်နိုးတာနဲ့ စားပေးပါ။ ညဘက်အိပ်ရာမဝင်ခင်လည်း သရေစာစားပေးပါ။

နည်းနည်းပဲစားပါ

မအီမသာဖြစ်နေရင် အစာကို ဗိုက်ပြည့်ရုံတင်လေးစားပါ။ ဆိုလိုတာက တစ်နေ့ကို ထမင်းသုံးနပ်ပဲစားမယ့်အစား ပမာဏနည်းနည်းနဲ့ အကြိမ်အရေအတွက်များများစားပေးပါ။

ဝေဒနာသက်သာစေမည့် ဖျော်ရည်တွေကို သောက်ပါ

ဂျင်းနှင့်လုပ်ထားတဲ့ဖျော်ရည်၊ ရေနဲ့ တခြားဖျော်ရည်တွေကိုများများသောက်ပြီး ဗိုက်ပြည့်အောင်လုပ်ထားပါ။ မအီမသာဖြစ်တာကိုတော့ လျော့သွားစေမှာ မဟုတ်ပေမယ့်  တဖြည်းဖြည်းနဲ့ ဘယ်အစားအစာက အခြေအနေပိုဆိုးလာစေလဲဆိုတာကို သိလာနိုင်ပါတယ်။ တခါတည်း အကုန်ရှောင်လို့ရပါတယ်။

အဆီကို ရှောင်ပါ

ဒီလိုအချိန်မျိုးမှာ အဆီက နေမကောင်းတာကို ပိုဆိုးစေပါတယ်။ အဲ့အစား ပရိုတင်းနှင့် ကာဗွန်ဟိုက်ဒရိတ်ဓာတ် အပြည့်ပါတဲ့အစားအစာတွေကို စားသုံးပါ။

From Kalay with


Comments

0 comments
Latest video