ကိုယ်ဝန်ဆောင်သက်တမ်း အပတ် (၄၀)

by: Khin Nyein Lwin
 0 comments  1 love

ကလေးက ဖရုံသီးအသေးစားအရွယ်လောက်ရှိနေပါပြီ။ မီးဖွားတဲ့ရက်ကိုကျော်လွန်သွားလို့ စိတ်ပူစရာမလိုပါဘူး။

ကိုယ်ဝန်ဆောင်ကာလက ပြီးတော့မှာဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်စရာကောင်းတဲ့ အဆုံးသတ်ကို မြင်နေရပါပြီ။ သင့်ဗိုက်ထဲက ကလေးနဲ့ နောက်ဆုံးအချိန်တွေကို ကုန်ဆုံးပါ။ ကလေးလေးကို မြင်ရတော့မှာပါ။ ပြင်ပလောကကို ဝင်ရောက်လာတော့မယ့်ကလေးအတွက် အကောင်းဆုံးခရီးကို ပြင်ဆင်ထားပေးပါ။ ကိုယ်ဝန်သည် ၅၀%လောက်က အပတ် (၄၀) ကိုကျော်လွန်သွားတတ်ကြပေမယ့် ဆရာဝန်တွေက (၄၂)ပတ် ကို ပေးကျော်လေ့ မရှိပါဘူး။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

ကလေးရဲ့ အလေးချိန်အတိအကျကိုပြောဖို့ခက်ပါတယ်။ ပျှမ်းမျှအားဖြင့် မွေးကင်းစကလေးက (၃.၆) ကီလိုလောက်ရှိပြီး (ဖရုံသီး အသေးစားအရွယ်) ၅၀စင်တီမီတာရှိပါတယ်။ ဦးခေါင်းခွံက မဆက်သေးပါဘူး။ မွေးဖွားချိန်အတွင်းမှာ မွေးလမ်းကြောင်းနဲ့ ဆံ့အောင် လိုအပ်ရင် အနည်းငယ်ထပ်သွားနိုင်ရန်ဖြစ်ပါတယ်။ ဒါကြောင့်မွေးကင်းစကလေးရဲ့ ဦးခေါင်းကနည်းနည်းလေးချွန်နေတတ်တာဖြစ်ပါတယ်။ ဖြစ်နေကျနဲ့ယာယီသာဖြစ်တာကြောင့် စိတ်ချထားလို့ရပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

လတော်တော်များများစောင့်ခဲ့ပြီး မီးဖွားရက်ကလည်းကျော်လွန်သွားပြီဖြစ်တာကြောင့် နည်းနည်းစိတ် အနှောက်အယှက်ဖြစ်မှာ အမှန်ပါပဲ။ မီးဖွားမယ့်ရက်ကလည်း အတိအကျမဟုတ်ပဲ သင်ရာသီနောက်ဆုံး လာခဲ့တဲ့နေ့ကို အခြေခံတွက်ချက်ထားတာပါ။ အမျိုးသမီးအချို့မှာ ရှည်ကြာတဲ့ကိုယ်ဝန်ဆောင်ချိန်တွေ ရှိတတ်ကြပါတယ်။ ဆရာဝန်ကတော့ ကလေးရဲ့ အသက်ရှုနှုန်း၊ လှုပ်ရှားမှု၊ ကြွက်သားအခြေအနေနဲ့ ကျန်သေးတဲ့ရေမြွှာ ပမာဏကို စစ်ဆေးဖို့ အာထရာဆောင်းထပ်ရိုက်ဖို့ အကြံပေးပါလိမ့်မယ်။ ရေမြွှာကို စစ်ဆေး တာက ကလေးကို အချင်းက ဘယ်လောက်ထိထောက်ပံ့ထားနိုင်မလဲကိုသိနိုင်တာကြောင့် အရေးကြီးပါတယ်။ ကလေးရဲ့နှလုံးခုန်သံကိုလည်း စောင့်ကြည့်မယ်။ ရေမြွှာပမာဏနည်းနေမယ်ဆိုရင် ဆရာဝန်က ခွဲမွေးဖို့ ချက်ချင်းအကြံပြုပါလိမ့်မယ်။ သားအိမ်ခေါင်းက ပျော့ပျောင်းမှုရှိမရှိကိုလည်း စစ်ဆေးပါတယ်။

မီးဖွားဖို့ လက္ခဏာများ

ကလေးက အပြီးသတ်ကြီးထွားဖွံ့ဖြိုးဖို့ အချိန် အပတ် (၄၀) လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ဆုံးပတ်တွေမှာ မီးဖွားဖို့ကိုပဲ မျှော်လင့်နေကြပါလိမ့်မယ်။ ဒါပေမယ့် သားအိမ်ပွင့်ဆေးသုံးတာက ကျန်းမာရေးလိုအပ်ချက်အရသာ သုံးသင့်ပြီး သင့်လိုအပ်ချက်အတွက် မသုံးသင့်ပါဘူး။ နေ့စေ့လစေ့ဖြစ်တာက အကောင်းဆုံးပါပဲ။ မီးဖွားတဲ့အချိန်ကို အရမ်းကျော်လွန်သွားရင်တော့ ဆရာဝန်တွေက သားအိမ်ပွင့်ဆေးကို သုံးပေးမှာပါ။ (၄၂) ပတ်နောက်ပိုင်းမှာ အချင်းက အစာအာဟာရတွေ မထောက်ပံ့ပေးနိုင်တော့တာကြောင့် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးအများစုမှာ သားအိမ်ပွင့်ဆေးသုံးရတဲ့ အကြောင်းပြချက်တွေရှိပါတယ်။ အဆင်ပြေခြင်း (ကလေးကို ရက်ရွေးပြီး မွေးနိုင်ခြင်း)နဲ့ ကျန်းမာရေးလိုအပ်ချက် (ကြာမြင့်စွာ ကိုယ်ဝန်ဆောင်ခြင်းကို အားမပေးခြင်း) တို့ကြောင့်ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၉) ပတ်မှာ သိသင့်တဲ့အချက်များ

ဒီအပတ်က ကိုယ်ဝန်ကာလရဲ့နောက်ဆုံးအပတ်ဖြစ်ပေမယ့် ကံမကောင်းတဲ့သူတွေအတွက်တော့ ၁-၂ ပတ် ပိုကြာရှည်နိုင်ပါတယ်။ စိုးရိမ်စိတ်တွေနဲ့ပဲပြည့်နှက်နေမှာဖြစ်ပြီး ကလေးကိုကြိုဆိုဖို့ဆိုရင် အတတ်နိုင်ဆုံး စိတ်လျော့ထားပါ။

From Kalay with


Comments

0 comments
Latest video