ကိုယ်ဝန်ဆောင်သက်တမ်း (၄)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ရာသီလ (၁) လကျော်သွားခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနဲ့ ရင်သားနာကျင်ခြင်းတို့ကနေ သိနိုင်ပါတယ်။ ကလေးကျန်းမာရေးအတွက် ဆရာဝန်နဲ့သွားပြတာကတော့ အကောင်းဆုံးပါပဲ။

ကိုယ်ဝန်ဆောင်သက်တမ်း (၄)ပတ်ရှိပြီ ဆိုရင်တော့ ရာသီလ (၁) လကျော်သွားတာ၊ မူးဝေတာ၊ ပျို့အန်တာနဲ့ ဟော်မုန်း ပြောင်းလဲတာ စတဲ့ တိကျတဲ့လက္ခဏာတွေ ပြလာပါမယ်။  ကိုယ်ဝန်ရှိတာကို သိသိမသိသိ အတည်ပြုဖို့ အချိန်ကောင်းဖြစ်ပါတယ်။ ကိုယ်ဝန်စစ်ကိရိယာကို အသုံးပြုခြင်း သို့ ဆရာဝန်ထံသွားရောက်ပြခြင်းက အကောင်းဆုံး စစ်ဆေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အပိုင်း (၃) ပိုင်းအနက် ကလေးအတွက် အရမ်းအရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်ဟာ သန္ဓေသားရဲ့ နှလုံး၊ ဦးခေါင်း၊ ဦးနှောက်၊ ကျောရိုး၊ အရိုး၊ တစ်သျူး၊ ကြွက်သားများနှင့်သွား စတဲ့ အစိတ်အပိုင်းတွေ စတင်ဖွံ့ဖြိုးတဲ့ အဆင့်လည်းဖြစ်ပါတယ်။ သေချာသတိထားရမည့် အဆင့်ဖြစ်ပါတယ်။

ကိုယ်ဝန်ပတ် (၄)ပတ် ရှိတဲ့အချိန် ကလေးရဲ့အရွယ်အစားက ဘိန်းစေ့တစ်စေ့သာ ဖြစ်ပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန် (၄) ပတ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာအရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ သန္ဓေသားဖွံ့ဖြိုးမှုရဲ့ အစဖြစ်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်သက်တမ်း (၁၀) ပတ်အထိ ဘိန်းပန်းအစေ့ အရွယ်အစားရှိတဲ့ သန္ဓေသား ဖြစ်လာသည်အထိ ကိုယ်အင်္ဂါတွေက ဆက်ပြီးဖွံ့ဖြိုးကြီးထွားလာမှာဖြစ်ပါတယ်။ တချို့အင်္ဂါတွေဆိုရင် ကိုယ်ဝန် (၄)ပတ်မှ (၁၀) ပတ်အတွင်း လုပ်ငန်းဆောင်တာများကို ဖြည်းဖြည်းချင်း စတင်နေပြီဖြစ်ပါတယ်။ (၄) ပတ်သား သန္ဓေသားလောင်းမှာ epiblast  နဲ့ hypoblast ဆိုပြီး အလွှာလေးနှစ်ခုပါပါတယ်။ ကလေးရဲ့ ကိုယ်အင်္ဂါအားလုံးက ဒီအလွှာလေးတွေကတစ်ဆင့် ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။

ဖွံ့ဖြိုးခြင်းအစောပိုင်းကာလမှာ အချင်းကလည်း အလွှာလေး နှစ်ခုအဖြစ်သာရှိနေပါတယ်။ ၄င်းက သန္ဓေသားကို အောက်စီဂျင်နဲ့ အစာအာယာရတွေထောက်ပံ့ပေးနိုင်ဖို့ သွေးစီးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ သန္ဓေသားကို ရေမြွှာတွေနဲ့ ဝန်းရံပြီး အကာအကွယ်ပေးမယ့် ရေမြွှာအိတ်လည်း ရှိပါတယ်။ အချင်းက သူ့တာဝန်တွေကို မထမ်းဆောင်နိုင်ခင်မှာ အနှစ်အိတ် yolk sac က သန္ဓေသားကို အစာ အာဟာရတွေ ထောက်ပံ့ပေးနိုင်အောင် သွေးနီဥတွေကို ထုတ်လုပ်ပေးမှာပါ။ ဒီလိုမျိုး အရေးကြီးတဲ့ ဖွံ့ဖြိုးမှု အခြေအနေမျိုးမှာ သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အရာအားလုံးကို ရှောင်ရှားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတို့မှာ ကိုယ်ဝန်ရဲ့လက္ခဏာများစတင်ခံစားရပါတယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ပိုမိုတိကျတဲ့ အဖြေရနိုင်ရန် ရာသီလာချိန်ကျော်သွားပြီး တစ်ပတ်မှာ ကိုယ်ဝန်ကို စစ်ဆေးသင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိနေပြီဆိုရင်တော့ ဆရာဝန်ဆီသွားပြီး မီးမဖွားမီ ပထမဆုံး ဗိုက်အပ်မယ့်ရက် ရက်ချိန်းယူသင့်ပါပြီ။ ပုံမှန်ဆိုရင်တော့ အများအားဖြင့် ဆရာဝန်တွေက ကိုယ်ဝန်သက်တမ်း (၈) ပတ်အချိန်မှသာ ရက်ချိန်း ပေးတတ်ကြပါတယ်။ အရင်ကိုယ်ဝန်နဲ့ ပြဿနာရှိတာ၊ တချို့သော လက္ခဏာတစ်ခုခုပြတဲ့ အမျိုးသမီးတွေ ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြသင့်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သောက်နေကျဆေးမျိုးတွေထက် ဆရာဝန် ထောက်ခံချက်ပေးတဲ့ ဆေးတွေကိုသာ သုံးစွဲသင့်ပါတယ်။ အန္တရာယ်ရှိလာနိုင်ခြေ ရှိပါတယ်။

ခင်ပွန်းမှ ကိုယ်ဝန်ဆောင်ဇနီးကို ကူညီအားပေးသင့်ပါတယ်

သိသင့်သောအချက်များ

တစ်ခါတစ်ရံမှာ ကိုယ်ဝန်စစ်ဆေးကိရိယာက negative ပြနေပြီး ရာသီလကတော့ ကျော်သွားတတ်ပါတယ်။ ထပ်ပြီး စစ်ဆေးဖို့ နောက်တစ်ပတ်စောင့်ဖို့ အကြံပြုလိုပါတယ်။ တချို့အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဟော်မုန်းတွေကို လုံလုံလောက်လောက်ထုတ်ပေးဖို့ ရာသီလကျော်ပြီး (၂) ပတ်ကနေ ၃ပတ်အချိန်ယူရတတ်ပါတယ်။ ကိုယ်ဝန် (၄) ပတ်ဆိုရင်တော့  ကျန်းမာရေးစောင့်ရှောက်သူ၊ ဆရာဝန်နဲ့ လက်သည်တွေကို စပြီး စုံစမ်းသင့်တဲ့အချိန်ဖြစ်ပါတယ်။ သူတို့နဲ့ တွေ့ကြည့်ပြီး မေးစမ်းကြည့်ပြီး ဆက်ပြသင့်လား ဒါမှမဟုတ် အခြားသူကိုပဲ ဆက်စုံစမ်းမလားဆိုတာ ဆုံးဖြတ်ရမှာပါ။ ကလေးကို အဆင်ပြေစွာ မွေးဖွားနိုင်မယ့်နေရာကို ကိုယ်တိုင် ဆုံးဖြတ်ပါ။

From Kalay with


Comments

0 comments
Latest video