ကိုယ်ဝန်ဆောင်သက်တမ်း (၃၈)ပတ်

by: Khin Nyein Lwin
 0 comments  2 love

ကလေးလေးက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတတ်နေပါပြီ။ ကိုယ်ဝန်ဆောင်တက်ချက်တဲ့ရောဂါကို သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၈)ပတ်ဆိုတော့ ကလေးကရောက်လာတော့မှာဖြစ်ပါတယ်။ မီးဖွားဖို့ ပြင်ဆင်နေရတာနဲ့ အလုပ်တွေ ရှုပ်နေပါပြီ။ ဒီလိုတွေအလုပ်မရှုပ်နေဘူးဆိုရင်တော့ ဗိုက်တစ်ချက်အောင့်လိုက်တိုင်း စိုးရိမ်စိတ်တွေနဲ့ စောင့်နေရပါပြီ။ ကိုယ်ဝန်၃၈ပတ်မှာ ကြုံတွေ့ရမယ့် လက္ခဏာတွေကတော့ အများကြီးပါပဲ။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

ကလေးက ပိုပြီးကြီးလာနေပါပြီ။ ကိုယ်အလေးချိန်က (၃-၃.၂) ကီလိုကြားမှာရှိနေပါပြီ။ အခုမွေးမယ်ဆိုရင်တောင် ဝမ်းဗိုက်အပြင်ဘက်မှာ ကောင်းကောင်းအသက်ရှင်နေနိုင်ပါပြီ။ အဆုတ်၊နှလုံးနဲ့ တခြားအင်္ဂါတွေအကုန် ဖွံ့ဖြိုးပြီးဖြစ်ပါတယ်။ ခြေချောင်းလက်ချောင်းတွေကလည်းသန်မာနေပြီဖြစ်ပြီး ရွေ့လျားဖို့ အသင့်ပါပဲ။ မွေးလာပြီး ပထမဆုံး အူဝဲဆိုတဲ့ အသံကို ကြားရတော့မှာဖြစ်ပါတယ်။ အခုချိန်မှာ သေချာမသိနိုင်သေးတာက မျက်လုံးအရောင်ပဲဖြစ်ပါတယ်။ ကလေးမွေးမွေးပြီးချင်းမှာ မျက်လုံးက အညို သို့ အပြာဖြစ်နေနိုင်ပြီး နောက်အပတ်တွေကျရင် ပြောင်းလဲသွားနိုင်ပါသေးတယ်။ ကလေး ကိုးလအရွယ်ရောက်မှသာ မျက်လုံးအရောင် အစစ်ကိုမြင်နိုင်မှာပါ။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

အမျိုးသမီးအများစုအတွက် နောက် (၂) ပတ်အချိန်က စောင့်စားနေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်ကို အသုံးချပြီး ကလေးစောင့်ရှောက်ရေးအတွက်ပြင်ဆင်ပါ။ ကလေးမွေးပြီးချိန်မှာ လုပ်နိုင်တော့မှာ မဟုတ်တဲ့ အရေးကြီးကိစ္စတွေကို လုပ်ထားပါ။ တစ်ရေးအိပ်ပါ။ စာအုပ်တွေဖတ်ပါ။ သင့်အမျိုးသားနဲ့ နှစ်ယောက်တည်းအချိန်တွေ ကုန်ဆုံးပါ။ ဒီလိုနောက်ဆုံးအပတ်တွေမှာ ခြေဖဝါးနဲ့ ခြေချင်းဝတ် ရောင်တာက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခြေဖဝါးနဲ့ ခြေချင်းဝတ်တွေက အရမ်းဖောရောင်နေတာမျိုး လက်တွေက ပိုဖောနေတာ မျက်နှာနဲ့ မျက်လုံးတွေ မို့အစ်နေတာ သို့ ကိုယ်အလေးချိန်ရုတ်တရက် တက်လာတာမျိုးဖြစ်ရင် ဆရာဝန်ကို ခေါ်ပါ။ တွေ့ကြုံရနိုင်ပါတယ်။ ခေါင်းအရမ်းကိုက်တာ အမြင်ပြောင်းလဲတာ (နှစ်ထပ်ဖြစ်ခြင်း သို့ အမြင်ဝေဝါးခြင်း၊ အလင်းအစက်ပြောက်တွေမြင်ခြင်း၊ အလင်းရောင်အထိမခံနိုင်ခြင်း သို့ ယာယီ အမြင်ကွယ်ခြင်း) ဝမ်းဗိုက်အပေါ်ပိုင်းမှာ ပြင်းပြင်းထန်ထန်နာကျင်တာ သို့ ပျို့အန်တာတွေဖြစ်ရင် ချက်ခြင်း ဆရာဝန် သို့ လက်သည်ကို အကြောင်းကြားရပါမယ်။ ဒါတွေက ကိုယ်ဝန်တောင်တက်ချက်တဲ့ရောဂါဖြစ်နိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၈)ပတ်မှာ သိသင့်တဲ့အချက်များ

ဗဟုသုတတွေကို မြင့်တင်ပါ

ကိုယ်ဝန် ၃၈ပတ်မှာ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို သိသင့်သလောက်သိပြီး နားလည်သင့်သလောက်နားလည်နေပြီးဖြစ်ပါတယ်။ ဒါကြောင့်အခုကစပြီး အိမ်မှာ မွေးကင်းစကလေးရှိရင် ဘယ်လိုတွေဖြစ်နိုင်လဲဆိုတာတွေကို ဖတ်ပါ။ စာအုပ်တွေ လက်ကမ်းစာစောင်တွေကနေ လေ့လာနိုင်တာမှန်သမျှလေ့လာပါ။ ကလေးပေါက်စလေးနဲ့ပတ်သက်တဲ့ အကြောင်းတွေပိုသိနိုင်မယ့် ဗီဒီယိုတွေကြည့်ပေးပါ။ သင့်အမျိုးသားနဲ့လည်း ဒီအကြောင်းတွေ ဆွေးနွေးပါ။

နို့ချိုတိုက်ကျွေးဖို့ပြင်ဆင်ပါ

La Leche League ပွဲတွေတက်ပြီး နို့ချိုတိုက်ကျွေးဖို့ ပြင်ဆင်ပါ။ တခြားမိခင်တွေနဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေအကြောင်းပြောပါ။ နို့ချိုတိုက်ကျွေးဖို့လိုအပ်တဲ့ ရင်းမြစ်တွေအားလုံးကို စုဆောင်းပါ။

မီးဖွားမယ့် အစီအစဉ်ကိုဆွဲပါ

မီးဖွားဖို့ ပြင်ဆင်ထားတာတွေ အကုန်အဆင်သင့်ဖြစ်နေပါစေ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကလေးမွေးဖွားမယ့်နေရာကို သတ်မှတ်ကာ အခုချိန်ဆိုရင် သင်မီးဖွားမယ့် ဆေးရုံကို သွားလည်ကြည့်သင့်တဲ့အချိန်ဖြစ်ပါတယ်။ မေးခွန်းတွေအများကြီးမေးရမယ့် အချိန်ဖြစ်ပြီး ဘယ်လိုမွေးဖွားချင်လဲဆိုတာကို ဆုံးဖြတ်ချက်ချရမယ့် အချိန်ဖြစ်ပါတယ်။

မီးဖွားတဲ့ လုပ်ငန်းစဉ်ကို လေ့လာပါ

မီးဖွားချိန်မှာ ကြုံတွေ့နိုင်တဲ့အချက်တွေကို ဆရာဝန်နဲ့ ဆွေးနွေးပါ။ မီးဖွားဖို့ မဟုတ်ပဲ အကြိုဗိုက်နာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မကြာခင်မှာ ဖြစ်လာတော့မယ့် မီးမဖွားခင် အကြိုလက္ခဏာတွေကို သိထားပြီးဖြစ်နေပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိထားသင့်ပါတယ်။ နောက်ပိုင်းမှာ အဆင်ပြေအောင် အခုကတည်းက ဆရာဝန်ကို အကုန်မေးမြန်းထားသင့်ပါတယ်။

From Kalay with


Comments

0 comments
Latest video