ကိုယ်ဝန်ဆောင်သက်တမ်း (၃၆)ပတ်

by: Khin Nyein Lwin
 0 comments  0 love

သန္ဓေသားလေးက တစ်နေ့ကို တစ်အောင်စနှုန်းတိုးလာနေပြီဖြစ်ပြီ မကြာခင်မှာ သင့်တင်ပါးဆုံရိုးနား ကျလာတာကိုခံစားရတော့မှာဖြစ်ပါတယ်။

အခုချိန်ကို pretermရဲ့ နောက်ဆုံးချိန်လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်စရှိတဲ့အချိန်ကနေပြီး ၉လရှိသွားပါပြီ။ အချိန်မရွေး မီးဖွားနိုင်ခြေရှိနေပါပြီ။ ကလေးအများစုက (၃၇-၄၀) ပတ်ကြားမှာ မွေးဖွားကြပါတယ်။ စိတ်လှုပ်ရှားတာနဲ့ စိုးရိမ်ပူပန်တာကို တစ်ပြိုင်တည်းခံစားနေရမှာဖြစ်ပါတယ်။ ဆရာဝန်ဆီကို အပတ်စဉ်ဆေးစစ်ဖို့ သွားရန်လိုအပ်တဲ့အချိန်လည်းဖြစ်ပါတယ်။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

ကိုယ်ဝန်ဆောင်သက်တမ်း (၃၆)ပတ်ရောက်ပြီဆိုရင် ကလေးက တစ်ရက်ကို တစ်အောင်စနှုန်းတိုးလာပါပြီ။ ကိုယ်အလေးချိန် (၂.၈) ကီလိုလောက်ရှိနေပြီး (၄၈) စင်တီမီတာကျော်သွားပါပြီ။ လွန်ခဲ့တဲ့ကိုးလအတွင်း သူ့အရေပြားကို အကာအကွယ်ပေးထားတဲ့ အလွှာကလည်း ကွာကျလာပါပြီ။ စိမ့်ထွက်လာတဲ့အရည်မှန်သမျှကို သန္ဓေသားက မျိုချပြီး အညစ်အကြေးအဖြစ်စုဆောင်းထားပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၆)ပတ်အဆုံးမှာ ကလေးက early term ဖြစ်ပါတယ်။  (၃၉) ပတ်နဲ့ အပတ် (၄၀) ကြားကိုတော့ လစေ့ပြီးမှ မွေးဖွားတယ်လို့ ပြောကြပါတယ်။ (၃၇) ပတ်ထက်စောပြီးမွေးတဲ့ကလေးတွေကို လမစေ့တဲ့ကလေးတွေလို့ သတ်မှတ်ကြပါတယ်။ (၄၁) ပတ်မြောက်မှာ မွေးတဲ့ကလေးကိုတော့ နောက်ကျမှမွေးတယ်လို့ပြောကြပြီး (၄၂) မြောက်မှာ မွေးရင်တော့ မွေးချိန်လွန်ပြီးမှ မွေးတယ်လို့ ပြောကြပါတယ်။ ကလေးက ဦးခေါင်းငိုက်စိုက်အနေအထားမှာ ရှိနေမှာပါ။ အဲ့လိုဖြစ်မနေဘူးဆိုရင်တော့ သမားတော်က အပြင်ဘက်ကနေဦးခေါင်းလှည့်ခြင်း ECV ကို လုပ်ဖို့ အကြံပေးပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ်မှာ သင့်ဝမ်းဗိုက်ကိုဖိပြီး ကလေးကို ခေါင်းအောက်ဘက်လှည့်အောင် တွန်းအားပေးတာမျိုး ပါဝင်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ပုံမှန်စားနေကျ အစာပမာဏကိုစားဖို့ အဆင်ပြေမှာ မဟုတ်တဲ့အတွက် ပမာဏနည်းနည်းနဲ့ ခဏခဏစားပေးဖို့ တိုက်တွန်းလိုပါတယ်။ ကလေးက အောက်ဘက်ကိုတော်တော်ကျနေပြီဖြစ်တဲ့အတွက် သားအိမ်လမ်းကြောင်းမှာ ဖိအားများနေမှာပါ။ ကြွက်သားကျုံ့ခြင်းကလည်း ခဏခဏဖြစ်လာပါလိမ့်မယ်။ မီးဖွားခါနီးလက္ခဏာတွေကို ဆရာဝန်ကို မေးမြန်းစုံစမ်းထားပြီး ဘယ်အချိန်ဆေးရုံကိုလာရမယ်ဆိုတာကိုပါ မေးခဲ့ပါ။ ယေဘုယျအားဖြင့် လကလည်းစေ့နေပြီ၊ ကိုယ်ဝန်ကလည်း ဘာပြဿနာမှမရှိဘူး ဒါပေမယ့် ရေမြွှာအိတ်ကလည်း မပေါက်သေးဘူး။ ဒီလိုအခြေအနေမျိုးမှာ ဆရာဝန်တွေက ၅မိနစ်ကို တစ်ကြိမ်ဖြစ်ပြီး၊ တစ်ခါဖြစ်ရင် မိနစ်ပိုင်းကြာတတ်တဲ့ ပုံမှန်သားအိမ်ကျုံ့ခြင်း၊ ဗိုက်နာခြင်းဖြစ်သည်အထိ အနည်းဆုံး တစ်နာရီလောက်စောင့်ခိုင်းပါတယ်။  ကလေးရဲ့လှုပ်ရှားမှုနှုန်းကျသွားတာ၊ ရေမြွှာအိတ်ပေါက်သွားတာ၊ သွေးဆင်းတာ၊ အဖျားတက်တာ၊ အမြင်ဝေဝါးတာ၊ ဝမ်းဗိုက်ဆက်တိုက်နာကျင်တာ သို့ ဆက်တိုက်ခေါင်းကိုက်တာစတဲ့ လက္ခဏာတွေရှိခဲ့ရင် ချက်ချင်းကုသမှုခံယူရမှာ ဖြစ်ပါတယ်။  ကိုယ်ဝန်မှာ ပြဿနာမရှိဘူးဆိုရင်တောင် ခရီးဝေးသွားတာ လေယာဉ်စီးတာကို သင့်ကိုယ်ဝန်ကာလ နောက်ဆုံးလတွေမှာ အတတ်နိုင်ဆုံးရှောင်ရှားဖို့ သတိပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၆)ပတ်မှာ လုပ်ဆောင်သင့်တဲ့အချက်များ

(၁) ဆေးရုံတက်ဖို့ အထုပ်အပိုးပြင်ဆင်ထားပါ

ဆေးရုံတက်ဖို့ပြင်ဆင်တယ် ဆိုတာမျိုးက နည်းနည်းတော့ တစ်မျိုးဖြစ်ပေမယ့် ကိုယ်ဝန် ၃၆ပတ်ကိုရောက်နေပြီဖြစ်တဲ့အတွက် အထုပ်အပိုးအဆင်သင့်ပြင်ဆင်ထားသင့်ပါပြီ။ ပါကိုပါသွားရမယ့် ပစ္စည်းတွေကတော့

မိခင်အတွက် မရှိမဖြစ်လိုသောပစ္စည်းများ –

  • ကျန်းမာရေးအာမခံကတ်
  • နို့ရည်စွန်းခြင်းကကာကွယ်ရန် ရင်သားpads
  • အိမ်ပြန်လာတဲ့နေ့မှာ ဝတ်ဖို့အဝတ်အစား (ကိုယ်ဝန်၆လလောက်တုန်းက အဝတ်အစားတွေဆို ပိုအဆင်ပြေပါတယ်)
  • သွေးဆင်းများတာအတွက်အဆင်ပြေစေမယ့် အမျိုးသမီးလစဉ်သုံး

ကလေးအသုံးအဆောင်များ –

  • ဦးခေါင်းအထောက်အကူပစ္စည်းနဲ့ ကားတွင်းသုံးကလေးလှည်း(သူတို့မပါပဲနဲ့တော့ ကလေးကိုဘယ်နေရာမှ ခေါ်သွားခွင့်ရှိမှာ မဟုတ်ပါဘူး။)
  • မွေးကင်းစကလေးအတွက် ဒိုင်ပါ

(၂) ကလေးစောင့်ရှောက်ဖို့ အစီအစဉ်တွေဆွဲထားပါ

ကလေးကို သင်နဲ့အတူစောင့်ရှောက်မယ့်သူရှာဖို့ အချိန်ကောင်းဖြစ်ပါတယ်။ သင့်မိဘ၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း သို့ သင့်အမျိုးသား တစ်ယောက်ယောက်ဘေးနားမှာ ရှိနေတာက သင့်ရဲ့ စိုးရိမ်စိတ်ကို လျော့ကျစေနိုင်ပါတယ်။

(၃) နေ့တိုင်းလမ်းလျှောက်ပါ

လမ်းလျှောက်ဖို့ ခက်ခဲနေပေမယ့်လည်း နေ့တိုင်းလမ်းလျှောက်ထွက်ပေးခြင်းက နာကျင်ကိုက်ခဲတာတွေကို သက်သာစေမှာပါ။

(၄) ကိုယ်ဝန်ဆောင်ဘော်လီကို ဝတ်အိပ်ပါ

ညဘက်အချိန်မှာ ရင်သားနာကျင်တာမျိုးဖြစ်ရင် ကိုယ်ဝန်ဆောင်ဘော်လီကို ဝတ်ပြီး စအိပ်ကြည့်ပါ။ သင့်ကို သက်တောင့်သက်သာရှိပါစေလိမ့်မယ်။ နေ့ခင်းပိုင်းမှာ လည်းဝတ်ဆင်ထားလို့ရပါတယ်။

(၅) ဆရာဝန်နဲ့စကားပြောပါ

သင်ရေမြွှာပေါက်ဖို့ သို့ မီးဖွားခါနီး ဗိုက်နာဖို့ အချိန်ကို စောင့်နေရင်းနဲ့ သင်ဘယ်လောက် စိတ်လှုပ်ရှားပြီး စိုးရိမ်နေလဲဆိုတာကို သင့်ဆရာဝန်ကို ပြောနိုင်ပါတယ်။

(၆) အမျိုးသားသိသင့်သောအချက်များ

သင့်အမျိုးသားကလည်း ကလေးမွေးဖွားဖို့အတွက် အထုပ်အပိုးပြင်ဆင်ထားနိုင်ပါတယ်။ သူ့အိတ်ထဲမှာ ပါရမယ့်အရာတွေကတော့

  • အဝတ်အစားအပို
  • ညအိပ်ဝတ်
  • စက္ကန့်လက်တံပါတဲ့ နာရီ
  • ဖလင်၊ တိတ်၊ ဘက်ထရီ၊ အားသွင်းကြိုးနဲ့ ကင်မရာ စတာတွေ ဖြစ်ပါတယ်။
From Kalay with


Comments

0 comments
Latest video