ကိုယ်ဝန်ဆောင်သက်တမ်း (၃၅)ပတ်

by: Khin Nyein Lwin
 0 comments  1 love

ကလေးက ဝမ်းဗိုက်ထဲမှာ ကျွမ်းထိုးဖို့ နည်းနည်း ကျပ်နေပါပြီ။ ဒါပေမယ့်လည်း ခဏခဏလှုပ်ရှာနေတာမျိုးကိုတော့ ခံစားသိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၅)ပတ်ကိုရောက်လာပြီဆိုရင် ကလေးမွေးဖို့ရက်နီးလာတဲ့အတွက် မိခင်တွေက စိုးရိမ်ပူပန်လာနေကြပါပြီ။ ချောချောမွေ့မွေ့ မွေးဖွားနိုင်အောင် သင့်ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပါ။ Kegel လေ့ကျင့်ခန်းတွေကို စလုပ်ပါ။ ဒီလေ့ကျင့်ခန်းက သင့်တင်ပါးဆုံနေရာကို ရွေ့လာနေပြီဖြစ်တဲ့ ကလေးရဲ့ဖိအားကို ခံနိုင်ဖို့ တင်ပါးဆုံကြွက်သားတွေကိုအားဖြည့်ပေးပါတယ်။ မိခင်နဲ့ကလေးကျန်းမာရေးကိုစိတ်ချရအောင် ဆရာဝန်က ခဏခဏလာဖို့ အကြံပြုပါလိမ့်မယ်။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

(၄၇) စင်တီမီတာကျော်ရှိနေပြီး (၂.၇) ကီလိုရှိနေပြီ(အုန်းသီးအရွယ်လောက်) ဖြစ်တဲ့အတွက် ကလေးကရွေ့လျားဖို့ နေရာလွတ်သိပ်မရှိတော့ပါဘူး။ ဝမ်းဗိုက်ထဲမှာအရမ်းကို ကျပ်နေပြီး ကျွမ်းထိုးတာမျိုးတွေ မလုပ်တော့ပါဘူး။ ဒါပေမယ့် ကန်ချက်အရေအတွက်ကတော့ တူတူပဲရှိနေပါသေးတယ်။ ကျောက်ကပ်က ဖွံ့ဖြိုးမှုပြီးဆုံးသွားပြီး အသည်းက စွန့်ပစ်ပစ္စည်းတွေ ထုတ်ပေးနိုင်နေပါပြီ။ အခြေခံဖွံ့ဖြိုးမှုတွေအားလုံးက ပြီးဆုံးနေပြီဖြစ်ပါတယ်။ နောက်အပတ်တွေမှာ ကိုယ်အလေးချိန်ပဲ တိုးလာတော့မှာဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်စက တင်ပါးဆုံရိုးထဲမှာရှိနေတဲ့ သားအိမ်ဟာ အခုချိန်မှာတော့ နံရိုးအောက်ကို ရောက်နေပြီဖြစ်ပါတယ်။ သင့်ဝမ်းခေါင်းထဲကို ချောင်းကြည့်လို့ရမယ်ဆိုရင် အခုအထဲမှာ ရေမြွှာတွေထက် သင့်ကလေးက ပိုပြီးနေရာယူထားနေပါမယ်။ ဖောင်းနေတဲ့သားအိမ်က အခြားကိုယ်တွင်းအင်္ဂါတွေကို တွန်းနေမယ်။ ဒါကြောင့်မကြာခဏ ဆီးသွားနေရတာ၊ ရင်ပူတာ နဲ့ အခြားအစာအိမ်အူလမ်းကြောင်း အနှောက်အယှက်တွေဖြစ်တာဖြစ်ပါတယ်။ တကယ်လို့ သင်ကဒါတွေကို မကြုံတွေ့ရဘူးဆိုရင်တော့ တော်တော်ကံကောင်းလို့ဖြစ်ပါတယ်။အခုကစပြီး ဆရာဝန်ကို တစ်ပတ်တစ်ကြိမ်သွားပြရပါမယ်။ တစ်ခါတစ်လေ အခုနဲ့ ၃၇ပတ်ကြားမှာ သားအိမ်လမ်းကြောင်းနဲ့ စအိုလမ်းကြောင်းမှာ group B streptococcum (GBS)လို့ ခေါ်တဲ့ပိုးရှိမရှိ စစ်ဆေးခိုင်းပါမယ်။

လူကြီးတွေမှာတော့ အဲ့ပိုးက သက်ရောက်မှုမရှိပေမယ့် မွေးဖွားစဉ်အတွင်း ကလေးကိုကူးစက်သွားရင်တော့ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ သို့ သွေးပိုးဝင်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ၁၀-၃၀%က အဲ့ပိုးရှိနေတတ်ကြပြီး မသိကြတဲ့အတွက် ပုံမှန်စစ်ဆေးပေးရခြင်းဖြစ်ပါတယ်။  တကယ်လို့ ပိုးရှိခဲ့မယ်ဆိုရင် မီးဖွားနေစဉ်အတွင်း ကလေး ရောဂါကူးမခံရအောင်  IV antibodies ကို ထိုးထားရမှာဖြစ်ပါတယ်။

မွေးဖွားဖို့အစီအစဉ် ရေးဆွဲသင့်တဲ့အချိန်ဖြစ်ပါတယ်။ မွေးခန်းထဲမှာ ဘယ်သူတွေရှိနေမယ်၊ ဘယ်လိုအနာလျော့ကျစေတဲ့နည်းလမ်းကိုသုံးမယ်၊ မွေးဖွားပြီး ကလေးနဲ့ ဘယ်မှာနေမယ်စတာတွေကို အာရုံစိုက်ကြည့်ပါ။ ကျန်းမာရေးစောင့်ရှောက်ရေးအသင်းနဲ့ သင်လိုချင်တာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ မီးဖွားချိန်က ခန့်မှန်းလို့မရနိုင်တာကြောင့် နောက်ပိုင်းမှစဉ်းစားမယ်ဆိုတာမျိုးမဟုတ်ပဲ ရွေးချယ်မှုတွေကို ပြတ်ပြတ်သားသားလုပ်ထားပါ။ သင်လိုချင်ဖြစ်ချင်တဲ့အရာတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားခြင်းဖြင့် စိုးရိမ်ပူပန်မှုအနည်းငယ်ကို လျော့ချလိုက်ပါ။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၅)ပတ်မှာ သိထားသင့်တဲ့အချက်များ

(၁) ဖိစီးမှုတွေကို လျော့ချပါ

မိခင်လောင်းတွေမှာ စိတ်ဖိစီးမှုများတာက ပုံမှန်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလကို လွယ်လွယ်ကူကူ ဖြတ်သန်းဖို့ဆိုရင် စကားပြောစရာလူတစ်ယောက်လိုပါတယ်။ တကယ်လို့ မိခင်က စားတဲ့အရည်ပမာဏကို ကန့်သတ်ထားမယ်ဆိုရင် ဖောရောင်တာက ပုံမှန်ဖြစ်ပါတယ်။ ညနေပိုင်းလောက်ရောက်လာရင် သောက်သုံးတဲ့အရည် ပမာဏကိုလျော့ချပါ။

(၂) ကောင်းကောင်းအိပ်ပါ

အနားယူဖို့ လိုအပ်သလို သင့်တင့်လျောက်ပတ်တဲ့ အိပ်ချိန်ရှိဖို့လည်း လိုပါတယ်။ မီးဖွားရက်နီးလာလေ ညဘက် အိပ်မပျော်တာတွေက ပိုဖြစ်လာပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကိုမောပန်းစေပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။

(၃) နို့တိုက်နိုင်ဖို့ အသင့်ပြင်ထားပါ

ဆရာဝန်နဲ့ တိုင်ပင်ပြီး နို့ချိုတိုက်ကျွေးနိုင်ဖို့ ပြင်ဆင်ထားပါ။ နို့သီးခေါင်းအတွင်းဘက်ကိုဝင်နေတဲ့ အမျိုးသမီးတွေမှာသာ နို့တိုက်တဲ့အချိန်မှာ ပြဿနာရှိနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားပေးတဲ့အတိုင်းလုပ်ပါက အများနည်းတူ ပုံမှန် နို့တိုက်နိုင်မှာဖြစ်ပါတယ်။

(၄) ထပ်တိုးဆေးစစ်ချက်များ

ကိုယ်ဝန်နောက်ဆုံးအဆင့်မှာ အထူးသဖြင့် ကိုယ်ဝန် ၃၅ပတ်အချိန်ရောက်ရင် အားအင်တွေ ထိန်းသိမ်းထားဖို့ လိုလာပါပြီ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပြီး မျှတစွာစားသောက်ပါ။

  • Group B streptococcus ပိုးစစ်ဆေးပါ။ ဒီစမ်းသပ်ချက်က လွယ်ကူပြီး  မီးဖွားနေစဉ်အတွင်း မိခင်မှ ကလေးကို ရောဂါပိုး ကူးစက်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။
  • ကလေးရဲ့ အနေအထားကိုစစ်ဆေးပါ။ စမ်းသပ်ချက်ကနေ ကလေးရဲ့ အနေအထားကိုသိနိုင်ပြီး များသောအားဖြင့် ခေါင်းက တင်ပါးဆုံရိုးထဲကို ငိုက်နေမှာဖြစ်ပါတယ်။

(၅) ကလေးမီးဖွားပြီး စားသောက်မယ့် အစားအစာတွေကို ပြင်ဆင်ထားပါ

မီးဖွားပြီးပြီးချင်းကာလမှာ စားမယ့်အစားအစာကို ချက်ပြုတ်နိုင်မှာ မဟုတ်တဲ့အတွက် ကြိုပြင်ဆင်ထားပါ။ တချို့ဟင်းလျာတွေကို ခဲထားနိုင်ပြီး တခြားအစားအစာရင်းမြစ်တွေဆီကလည်း စားသုံးလို့ရပါတယ်။

From Kalay with


Comments

0 comments
Latest video