ကိုယ်ဝန်ဆောင်သက်တမ်း (၃၄)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ဒီအချိန်မှာ ကလေးရဲ့ ဗဟိုနာဗ့်ကြောစနစ်နဲ့ အဆုတ်က ဖွံ့ဖြိုးမှုပြီးဆုံးသွားပြီဖြစ်ပြီး မူးဝေတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေမတူတတ်ပေမယ့် ကိုယ်ဝန်ဆောင်သက်တမ်း (၃၄)ပတ်ကိုရောက်ပြီဆိုရင်တော့ လက္ခဏာတွေက တူတူလိုပဲဖြစ်လာပါပြီ။ မိခင်တွေကို ဆေးခန်းသွားပြတဲ့ အကြိမ်အရေအတွက်တိုးဖို့ တိုက်တွန်းတဲ့အချိန်လည်းဖြစ်ပါတယ်။ နေမကောင်းဖြစ်တာနဲ့ ကျန်းမာရေးပြဿနာတွေဖြစ်တာက ပုံမှန်လိုဖြစ်နေတဲ့အတွက် မီးမဖွားမီ အကောင်းဆုံးစောင့်ရှောက်မှုတွေနဲ့ ပြင်ဆင်ထားသင့်ပါတယ်။ ဆရာဝန်ကလည်း လိုအပ်တဲ့ စစ်ဆေးမှုမှန်သမျှကို လုပ်ခိုင်းနေပါပြီ။ ကျန်းမာရေးအတွက်ဖြစ်ပါတယ်။ တကယ်လို့ သင်က strep Bပိုးတွေ့တယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။ ကုသလို့ပျောက်ကင်းနိုင်ပါတယ်။ တကယ်လို့ အချိန်မီကုသမှုမလုပ်နိုင်ခဲ့ရင် ကလေးအသေမွေးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်ကို အကျိုးသက်ရောက်စေပြီး အချိန်မီမကုသရင် သေစေနိုင်ပါတယ်။ ဒါကြောင့် ဆေးစစ်မှုတွေပြုလုပ်တဲ့အချိန်ကျရင် သင့်ဘက်က အသာတကြည်လက်ခံပေးဖို့လိုအပ်ပါတယ်။ တခြားကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တာတွေကိုတော့ ဒီဆောင်းပါးးမှာ ဖော်ပြထားပါတယ်။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

ကလေးကကြီးထွားလာတာနဲ့အမျှ ကိုယ်အလေးချိန်လည်းတိုးလာပါတယ်။ ကလေးက (၂.၄) ကီလိုလောက်ရှိနေပါပြီ။ အရပ်ကလည်း ၄၆စင်တီမီတာလောက်ရှိနေပါပြီ။ သူ့ကိုပိုချောမွတ်စေပြီး လုံးဝန်းလာစေတဲ့ အဆီလွှာတွေ ဆက်တိုက်ဖွံ့ဖြိုးလားနေပါပြီ။ အာရုံကြောစနစ်ကလည်း ဖွံ့ဖြိုးမှု ပြီးဆုံးသွားပါပြီ။ စောမွေးမှာကို စိုးရိမ်တဲ့မိခင်တွေအတွက် ဒီလိုအချိန်မှာ မွေးဖွားတာက စိုးရိမ်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ (၃၄) ပတ်နဲ့ (၃၇) ပတ်ကြားမှာမွေးတဲ့ကလေးတွေက ဘာပြဿနာမှမရှိပဲ ကျန်းကျန်းမာမာ ကြီးထွားလာကြပါတယ်။ ဆရာဝန်က ကလေးကို စောင့်ရှောက်ရေးစင်တာမှာ ထားဖို့ပြောရင်တောင်မှ စိတ်ပူစရာမရှိပါဘူး။ နောက်ပိုင်းကျရင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပါလိမ့်မယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဒီအပတ်မှာ ပင်ပန်းနွမ်းနယ်တာက ပြန်ဖြစ်လာပြီး ကိုယ်ဝန်ပထမအဆင့်တုန်းကလောက်တော့ မဆိုးတော့ပါဘူး။ ညဘက်မှာ ဆီးမကြာခဏသွားရခြင်းနဲ့ သက်တောင့်သက်သာဖြစ်မယ့်အနေအထားကို ဟိုလှိမ့်ဒီလှိမ့်ရှာနေရတာကြောင့် အိပ်ပျက်တဲ့ညတွေများလာပြီး ပင်ပန်းနွမ်းနယ်နေတာမျိုးဖြစ်ပါတယ်။ မီးဖွားမယ့်ရက်အတွက် အင်အားတွေကို စုဆောင်းထားပါတော့။ အကြာကြီး ထိုင်နေတာ  လဲလျောင်းနေတာကနေ ရုတ်တရက်ထတာမျိုးတွေ မလုပ်ပါနဲ့။ ခြေထောက်မှာ သွေးစုသွားနိုင်ပြီး သွေးဖိအားကျဆင်းနိုင်တာကြောင့် မိုက်ခနဲဖြစ်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့ ဝမ်းဗိုက်မှာ ယားယံတဲ့ အနီရောင်အဖု သို့ အစင်းရာတွေ ပေါင်နဲ့ တင်ပါးမှာပါ တွေ့လာမယ်ဆိုရင် သင်က PUPPPရောဂါလက္ခဏာရှိနေတာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ၁%ခန့်မှာ ဒီရောဂါလက္ခဏာကို တွေ့ရတတ်ပါတယ်။ အန္တရာယ်မရှိပေမယ့် အဆင်မပြေမှုတွေ ဖြစ်စေနိုင်ပါတယ်။ ရောဂါအခြေအနေပိုဆိုးလာတာမျိုးမဖြစ်အောင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ လိုအပ်ရင် အရေပြားအထူးကုထံကိုလွှဲပေးပါလိမ့်မယ်။ အဖုအပိမ့်ထွက်လာတာမျိုးမရှိပေမယ့် တစ်ကိုယ်လုံးယားယံလာရင်တော့ ဆရာဝန်ကို ချက်ချင်းခေါ်ပါ။ အသည်းပြဿနာတစ်ခုခုဖြစ်နေပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၄)ပတ်မှာ သိထားသင့်တဲ့အချက်များ

အနှိပ်ခံဖို့ ရက်ချိန်းယူထားပါ

တကယ်လို့သင့်ကို နှိပ်ပေးနိုင်တဲ့သူ တစ်ယောက်ယောက်ရှိခဲ့မယ်ဆိုရင် အခုကစပြီး နှိပ်ပေးခိုင်းပါ။ ကျွမ်းကျင် အနှိပ်ပညာရှင်တွေဆီကို ဘိုကင်လုပ်ပြီးလည်း သွားအနှိပ်ခံနိုင်ပါတယ်။ ခါးနာတာနဲ့ တခြားနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ အရောင်လည်းကျစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဓာတ်ပုံတွေရိုက်ထားပါ

သင့်ကိုယ်ဝန်ဆောင်ကာလရဲ့ အမြင့်ဆုံးအချိန်ကို ရောက်နေပါပြီ။ နောက်ပိုင်းကျရင် သင့်အတွက် ပိုခက်ခဲလာနိုင်တာဖြစ်တဲ့အတွက် အခုဓာတ်ပုံတွေရိုက်ထားပါ။

သွေးလှူဘဏ်ကို ဆက်သွယ်ထားပါ

နောက်အပတ်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ လိုအပ်လာနိုင်တဲ့အတွက် စာရင်းသွင်းထားပါ။

မီးဖွားဖို့အတွက် အရေးပေါ်အစီအစဉ်တွေ ဆွဲထားပါ

ဘယ်အချိန်မှာ မွေးမယ်ဆိုတာရယ် ဆေးရုံမှာ ဘယ်လောက်နေရမလဲဆိုတာမသိတဲ့အတွက် အိမ်သော့ကို ရင်းနှီးတဲ့ အိမ်နီးချင်းဆီမှာ အပ်ထားတာက အကူအညီပေးပါလိမ့်မယ်။ ထို့အပြင် သင်ရှိမနေတဲ့အချိန်မှာ အောက်ပါတာဝန်တွေကိုထမ်းဆောင်ပေးဖို့ ယုံကြည်ရတဲ့သူဆီမှာ အပ်နှံထားပါ။ အပင်ရေလောင်းတာမျိုး၊ ခွေးအစာကျွေးတာမျိုး၊ စာရောက်လာရင် အကြောင်းကြားတာမျိုး၊ ကလေးတွေကို ကျောင်းအကြိုအပို့လုပ်ပေးတာမျိုး၊ မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးတာမျိုး၊ သင့်တာဝန်တွေကို လုပ်ဆောင်ပေးတာမျိုးနဲ့ တခြားလိုအပ်တာတွေကိုလည်း အပ်နှံထားခဲ့ပါ။

အမျိုးသားအတွက်

ဒီအချိန်မှာ သင့်အမျိုးသမီးကို မွေးဖွားဖို့နောက်ဆုံးအပတ်တွေမှာ နှိပ်ပေးတာက အကောင်းဆုံးလုပ်ပေးနိုင်တဲ့အရာပဲဖြစ်ပါတယ်။ ဒီလိုနှိပ်ပေးခြင်းက ကြွက်သားကို ဆန့်လာစေပြီး မွေးဖွားလမ်းကြောင်းကို ဖြတ်တောက်ရနိုင်ခြေကို လျော့နည်းစေပါတယ်။ အမျိုးသားက နှိပ်တဲ့နည်းကို မသိဘူးဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို အတူသွားပြီး လေ့လာနိုင်ပါတယ်။ ဒါက သင့်ဇနီးမီးဖွားချိန်မှာ ပိုလွယ်ကူအောင် သင့်ဘက်ကအကောင်းဆုံးကူညီပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

From Kalay with


Comments

0 comments
Latest video