ကိုယ်ဝန်ဆောင်သက်တမ်း (၃၂)ပတ်

by: seng yar
 0 comments  0 love

မီးဖွားဖို့ အပတ်အနည်းငယ်သာလိုပါတော့တယ်။ ကျန်းမာပြီး ဉာဏ်ထက်မြက်တဲ့ကလေး မွေးဖွားဖို့ ဘာတွေလုပ်ပြီး ဘာတွေစားရမှာလဲ။

 ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေသာလုပ်ပြီး များများအနားယူဖို့က အရေးကြီးလာပါတယ်။ ဒီအခြေအနေမှာ ကလေးရဲ့ ကြီးထွားနေမှုက ပုံမှန် ဟုတ်မဟုတ်ဆိုတာကို အတည်ပြုဖို့ ဆရာဝန် ရက်ချိန်းကို တစ်ရက်မှ ပျက်ကွက်လို့မရပါဘူး။ ဆရာဝန် လမ်းညွှန်တဲ့အတိုင်း စိတ်ငြိမ်အောင်ထားပြီး နားနားနေနေ နေဖို့ အရေးကြီးပါတယ်။ အဲ့လိုဆိုရင်တော့ နောက်ပိုင်းမှာ အဆင်ပြေသွားမှာပါ။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

အခုဆိုရင် ကလေးက (၁.၈) ကီလိုလောက်လေးနေပြီး (စိမ်းစားဥအရွယ်လောက်) (၄၃) စင်တီမီတာလောက်ရှည်နေပါပြီ။ သားအိမ်ထဲမှာ နေရာတော်တော်များများကို ယူထားပြီးဖြစ်ပါတယ်။ တစ်ပတ်မှာ ကိုယ်အလေးချိန်တစ်ပေါင်နှုန်းတက်လာနေပြီး ပေါင်ဝက်လောက်က ကလေးရဲ့တိုးလာတဲ့ကိုယ်အလေးချိန်ဖြစ်ပါတယ်။ နောက် (၇) ပတ်အတွင်းမှာ အပြင်လောကမှာ ရှင်သန်နေထိုင်ဖို့ မွေးဖွားလာရင်ရှိမယ့် ပေါင်ချိန်ရဲ့ သုံးပုံကနေ နှစ်ပုံအထိ တိုးလာဦးမှာဖြစ်ပါတယ်။ ခြေသည်း လက်သည်းနဲ့ ဆံပင် တွေရှိနေပါပြီ။ မွေးဖွားဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် အရေပြားက နူးညံ့ပြီး ချောမွေ့လာနေပါပြီ။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

သင်နဲ့သင့်ကလေးရဲ့ ကြီးထွားဖို့ လိုအပ်ချက်အရ ကိုယ်ဝန်စဆောင်စဉ်ကတည်းက သွေးပမာဏ (၄၀-၅၀%) အထိ ပိုတိုးလာနေပါတယ်။ သားအိမ်က ရင်ဝမ်းခြားကြွက်သားကို တွန်းလာပြီး အစာအိမ်ကိုလည်းတွန်းလာတာကြောင့် အသက်ရှုမဝတာနဲ့ ရင်ပူတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်တာမျိုးကို သက်သာစေဖို့ ခေါင်းအုံးမြင့်မြင့်အိပ်တာနဲ့ မကြာခဏ အစာပမာဏနည်းနည်းစီစားပေးပါ။ ခါးနာတာလည်း ဖြစ်လာနိုင်ပါတယ်။ အရင်က မနာခဲ့ဖူးဘူးဆိုရင်တော့ စောမွေးနိုင်တဲ့လက္ခဏာဖြစ်တဲ့အတွက် သင့်ဆရာဝန်ကို ချက်ချင်းအသိပေးသင့်ပါတယ်။

ကလေးစောမွေးတဲ့ လက္ခဏာမဟုတ်ဘူးဆိုရင်တော့ ကြီးလာတဲ့ သားအိမ်နဲ့ ဟော်မုန်းပြောင်းလဲခြင်းကြောင့်  ခါးနာရခြင်းဖြစ်ပါတယ်။ သားအိမ်ချဲ့ခြင်းက ခန္ဓာကိုယ် ဗဟိုချက်ကိုပြောင်းစေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ဆန့်ကာ အားနည်းသွားစေပြီး ခါးကို အနေအထားပြောင်းသွားစေတာဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းကြောင့် ကျောရိုးနဲ့ တင်ပါးဆုံရိုးဆက်ထားတဲ့ အဆစ်နဲ့ အရွတ်တွေကို လျော့ရဲသွားစေပါတယ်။ ခြေမခိုင်တာမျိုးဖြစ်စေနိုင်ပြီး လမ်းလျှောက်တာ မတ်တပ်ရပ်တာနဲ့ ထိုင်တာ အချိန်ကြာလာရင် နာကျင်လာစေပြီး အိပ်ရာပေါ်မှာလိမ့်နေခြင်း၊ ခုံအနိမ့် သို့ ရေချိုးကန်က ထလာတဲ့အချိန်၊ ကုန်းပြီး ပစ္စည်းမတဲ့အချိန်မျိုးမှာ နာကျင်လာစေတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၂)ပတ်မှာ သိထားသင့်တဲ့အချက်များ

(၁) ကြွက်သားကျုံ့ခြင်း

ဒီလိုကြွက်သားကျုံ့တဲ့အချိန်ဆိုရင် သင်က မွေးဖွားခါနီး ကျုံ့တာလို့ အထင်မှားတတ်ပါတယ်။ နောက် (၇) ပတ် သို့ နောက်ပိုင်းမှာဖြစ်လာမယ့် တကယ့်မွေးဖွားဖို့ဖြစ်လာတဲ့ လက္ခဏာကို သေချာသတိထားသင့်ပါတယ်။ အဲ့လိုဖြစ်တဲ့အချိန်မှာ ရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်လာပြီဆိုရင်တော့ တကယ်မီးဖွားတော့မှာလား ဒီအတိုင်းပုံမှန်ပဲလားဆိုတာကို အတည်ပြုဖို့ ဆရာဝန်ကို ဆက်သွယ်ပါ။

(၂) လိုအပ်တဲ့လှုပ်ရှားမှုတွေအတွက် အင်အားစုထားပါ

ရေကူးခြင်းက ဆီးခုံမှပေါင်သို့သွားတဲ့ နာဗ့်ကြောမကြီး ရောင်တာကို သက်သာစေပါတယ်။ လမ်းလျှောက်တာက ခြေထောက်ကြွက်တက်တာနဲ့ ခါးနာတာကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင် ယောဂက သင့်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ငြိမ်စေပါတယ်။

(၃) ကူညီမယ့်သူတွေကိုစပြီး စာရင်းလုပ်ပါ

ကလေးမွေးဖွားဖို့ သင့်ကို အကူအညီပေးချင်နေကြသူတွေကတော့ အများကြီးပါပဲ။ စာရင်းလုပ်ထားတာက အကြံကောင်းဖြစ်ပါတယ်။ မီးဖွားပြီးချိန်မှာ သူတို့ကူညီလုပ်ဆောင်ရမှာတွေကို ချရေးထားတာကလည်း အဆင်ပြေပါတယ်။ တာဝန်တွေမှာ သင့်အိမ်က အိမ်မွေးတိရိစ္ဆာန်ကို လမ်းလျှောက်ထွက်ပေးတာ အစာကျွေးတာ၊ သင့်ကလေးအကြီးတွေကို ပန်းခြံခေါ်သွားပေးတာ၊ ဈေးဝယ်ပေးတာနဲ့ အစားအစာတွေ ယူလာပေးတာ စတာတွေ ထည့်သွင်းလို့ရပါတယ်။

From Kalay with


Comments

0 comments
Latest video