ကိုယ်ဝန်ဆောင်သက်တမ်း (၃၀)ပတ်

by: seng yar
 0 comments  0 love

သန္ဓေသားရဲ့လှုပ်ရှားမှု ပိုပြင်းထန်လာတာကို တွေ့ရပါလိမ့်မယ်။ ကလေးက (၄၀) စင်တီမီတာထက်ရှည်ပြီး (၃)ပေါင်ရှိနေပါပြီ။ ဘာတွေ ထပ်ကြုံတွေ့နိုင်ပါသလဲ။

ကလေးလေး အပြင်လောကကို ရောက်လာဖို့ နောက်ထပ် (၁၀) ပတ်ပဲလိုတော့ပါတယ်။ မေမေတို့အနေနဲ့ အလွယ်တကူပင်ပန်းတတ်လာပြီး မွေးဖွားမယ့်ရက် မြန်မြန်ရောက်လာဖို့ကို မျှော်လင့်နေပါလိမ့်မယ်။ ကိုယ်ဝန်နောက်ဆုံးအဆင့် အတွင်းရောက်နေပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်အများစုက မွေးဖွားရက်နီးလာလေ တူညီတဲ့ခံစားချက်တွေကို ပြလာလေဖြစ်ပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန်ဆောင်သက်တမ်း အပတ် (၃၀)မှာ ကလေးက (၄၀) စင်တီမီတာထက် နည်းနည်းပိုနေပြီး (၁.၅) ကီလိုနီးပါးရှိနေပါပြီ။ အခုကစပြီးတော့ ကလေးက ရှည်တာနှေးလာမှာဖြစ်ပြီး မွေးဖွားချိန်အထိ ကိုယ်အလေးချိန်ပဲ ဆက်တိုးလာမှာဖြစ်ပါတယ်။ အဆုတ်နဲ့ အစာချေအူလမ်းကြောင်းစနစ်က ပြည့်စုံတော့မှာဖြစ်ပြီး အမြင်အာရုံက ဆက်ပြီးဖွံ့ဖြိုးနေပါတယ်။ မှောင်တာ လင်းတာကို သိနိုင်နေပါပြီ။ ဒါပေမယ့် မွေးဖွားပြီးချိန်မှာ ကလေးက တစ်နေ့ရဲ့ အချိန်တော်တော်များများမှာ မျက်လုံးကိုပိတ်ထားမှာဖြစ်ပြီး သူနဲ့ စင်တီမီတာ (၂၀) ကနေ (၃၀) ကြားမှာ ရှိတာကိုပဲ မြင်ရမှာ ဖြစ်ပါတယ်။

မွေးကင်းစကလေးတွေမှာ လူကြီးတွေလိုမျိုး အမြင်အာရုံ (၂၀/၂၀) ရှိတာမျိုးမဟုတ်ပဲ (၂၀/၄၀၀) သာရှိမှာ ဖြစ်ပါတယ်။ မျက်ခုံးက ဖွံ့ဖြိုးမှုပြီးဆုံးသွားပြီး မျက်ခမ်းတွေ ဖွင့်ပိတ်လို့ရနေပါပြီ။ အခုချိန်မှာတော့ ရေမြွှာအိတ်ထဲမှာ ရေမြွှာတစ်လီတာခန့်သာရှိပါတော့တယ်။ ကလေးကြီးထွားလာတာနဲ့အမျှ ပမာဏလျော့သွားမှာ ဖြစ်ပါတယ်။ သားအိမ်က ရင်ဝမ်းခြားကြွက်သားကို ဖိထားတဲ့အတွက် တစ်ခါတစ်လေမှာ အသက်ရှုမှားလောက်အောင် မောဟိုက်တာမျိုးကြုံတွေ့နိုင်ပါတယ်။ ဒါဟာပုံမှန် လက္ခဏာပဲဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဒီရက်ပိုင်းတွေမှာ အထူးသဖြင့် ညအိပ်မပျော်တဲ့အခါမျိုးမှာ နည်းနည်းပင်ပန်းနေတတ်ပါတယ်။ ပုံမှန်ထက် ကိုးယိုးကားယားဖြစ်နေတတ်ပါတယ်။ ကိုယ်လက်လေးလံနေရုံမကပဲ သင့်ဝမ်းဗိုက်ထဲက ဝိတ်များခြင်းကြောင့် ခန္ဓာကိုယ်ဗဟိုချက်ကို ပြောင်းရွေ့သွားစေပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းကြောင့်လည်း သင့်အရွတ်တွေက လျော့ရဲနေပြီး အဆစ်တွေ မခိုင်တာမျိုးဖြစ်ပြီး ခြေမခိုင်တော့တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းက ခြေထောက်တွေကို အမြဲတမ်းကားသွားစေနိုင်ပြီး ဆိုဒ်ပိုကြီးတဲ့ ဖိနပ်ကောင်းကောင်းတွေ လိုအပ်လာမှာပါ။ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဖြစ်ခဲ့တဲ့ စိတ်မူမမှန်ခြင်းက ကသိကအောက်ဖြစ်စေတဲ့ လက္ခဏာတွေနဲ့ ဟော်မုန်းပြောင်းလဲတာတွေ နှစ်ခုပေါင်းပြီး ပြန်ဖိတ်ခေါ်လိုက်တဲ့ လက္ခဏာဖြစ်ပါတယ်။

အနာဂတ်မှာ အလုပ်ဝန်ပိုများလာနိုင်လား (သို့) မိဘကောင်းဖြစ်နိုင်ပါ့မလားစတဲ့ အတွေးတွေက  စိုးရိမ်ပူပန်စေပါတယ်။ ဒါပေမယ့် အဲ့ခံစားချက်တွေကို မဖယ်ရှားနိုင်တော့ဘူး (သို့) မခံစားနိုင်တော့ဘူး (သို)့ သွေးအရမ်းပူနေပြီဆိုရင်တော့ ဆရာဝန် (သို)့ လက်သည်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ကိုယ်ဝန်ဆောင် (၁၀) ယောက်မှာ (၁) ယောက်ဖြစ်လေ့ရှိတဲ့ ကိုယ်ဝန်ကာလအတွင်း စိတ်ကျခြင်း ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ ခဏခဏ စိတ်လှုပ်ရှားတာ (သို)့ စိုးရိမ်ပူပန်တာတွေကို ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း အသိပေးပါ။

ကိုယ်ဝန်ဆောင်သက်တမ်း အပတ် (၃၀)မှာ သိထားသင့်တဲ့အချက်များ

အာဟာရပြည့်ဝခြင်းနှင့် ကျန်းမာခြင်း

ကိုယ်ဝန်ဆောင်သက်တမ်း အပတ် (၃၀)မှာ မွေးဖွားဖို့အတွက် ပြင်ဆင်ခြင်းကိုပဲ ပိုပြီး အာရုံရနေပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက် စီစဉ်တာအတွက် အချိန်နည်းသွားပါပြီ။ လေ့ကျင့်ခန်းကိုကော့ တစ်ခါလုပ်ရင် (၅-၁၀) မိနစ်အပိုင်းလေးတွေဖြတ်ပြီး လုပ်လို့ရပါတယ်။ ဒါက များပြားလှတဲ့ အချိန်ဇယားမှာ အံကိုက်ဖြစ်ဖို့ မလွယ်ပေမယ့် ခန္ဓာကိုယ်အတွက်ကတော့ ပိုအဆင်ပြေစေမှာပါ။ ပေါ့ပေါ့ပါးပါး အကြောဖြေလျော့တာနဲ့ Pilatesလေ့ကျင့်ခန်း နဲ့ ယောဂကစားခြင်းက စိတ်ကော လူပါ လန်းဆန်းစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်း နာကျင်တာနဲ့ ကိုယ်ဝန်ဆောင်လက္ခဏာအချို့ကို ကြုံတွေ့နိုင်ပါတယ်။ ဒါက ကလေးမွေးဖွားပြီး ကိုယ်အလေးချိန်ပြန်ထိန်းတဲ့အချိန်မှာ အထောက်အကူဖြစ်စေမှာပါ။

စားသောက်တဲ့ပုံစံကို အနည်းငယ်ပြောင်းလဲခြင်းကလည်း  ပိုကျန်းမာလာစေနိုင်ပါတယ်။ အသင့်စားတွေအစား ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားပါ။ ဥပမာပြောရရင် အငံပါတဲ့ အာလူးကြော်တွ အရသာလေးတဲ့မုန့်တွေအစား သီဟိုဠ်စေ့၊ အယ်လ်မွန် သို့ ပရိုတင်းပြည့်ဝတဲ့ အစေ့အဆံတွေကိုစားပါ။ မာကြွပ်တဲ့ အာလူးကြော်နေရာမှာ ကြွပ်နေတဲ့ မုန်လာဥနီအသေးစားနဲ့ အစားထိုးပါ။ ကြက်ကြော်အစား ကြက်ကင်ကိုပြောင်းစားပါ။ ရေခဲမုန့်အစား အသီးတွေပါတဲ့ ဒိန်ချဉ်ရေခဲမုန့်ကိုစားပါ။

ဆေးစစ်ခြင်းနဲ့ အနားယူခြင်း

ပုံမှန်ဆေးစစ်တာ၊ သွေးစစ်တာနဲ့ အာထရာဆောင်းအတွက် ဆရာဝန်ဆီသွားပါ။ အာဟာရညီမျှပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေပဲစားပါ။ တချို့ကိုယ်ဝန်ဆောင်တွေက ဝမ်းချူပ်တာ ဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ အမျှင်ဓာတ်များတဲ့ အစားအစာကို စားပါ။ စစ်တမ်းအရ အိပ်တဲ့အခါ ကိုယ်ဝန်ဆောင် ခေါင်းအုံးအသုံးပြုခြင်းက ကိုယ်ဝန်ဆောင်မိခင်တွေကို သက်တောင့်သက်သာ ဖြစ်စေပါတယ်လို့ ဖော်ပြထားပါတယ်။ ကလေးစောင့်ရှောက်ရေး သင်တန်းတွေကို သွားတက်မယ်ဆိုရင်တော့ စိတ်ကိုသက်သာစေပြီး တက်ကြွနေစေမှာပါ။

From Kalay with


Comments

0 comments
Latest video