ကိုယ်ဝန်ဆောင်သက်တမ်း (၂၉)ပတ်

by: seng yar
 0 comments  0 love

ဒီအပတ်မှာ  အစာစားချင်စိတ်တိုးလာပြီး သန္ဓေသားလေးက ကိုယ့်ဆီက သံဓာတ်တွေကို စုပ်ယူတော့မှာဖြစ်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေများများစားဖို့လိုအပ်ပါပြီ။

သန္ဓေသားရဲ့ ကြွက်သားနဲ့ အဆုတ်က ဆက်ပြီးကြီးထွားဖွံ့ဖြိုးလာနေပါပြီ။ ကလေးရဲ့လှုပ်ရှားမှုတွေကနေ စရိုက်ကို ပုံဖော်ကြည့်နေပါပြီ။ ကလေးအတွက်လိုအပ်တဲ့အသုံးအဆောင်တွေကို အသင့်ပြင်ထားတာနဲ့ နေ့ကလေးထိန်းစင်တာရှာတာကို အပြီးသတ်သင့်ပါပြီ။ ဆရာဝန်ဆီကို ပုံမှန်သွားပြပြီး လေ့ကျင့်ခန်းလုပ်တာနဲ့ စားသောက်တာကို အရင်အတိုင်းဆက်လုပ်ပါ။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန်ဆောင်သက်တမ်း (၂၉)ပတ်မှာရှိတဲ့ သန္ဓေသားလေးက (၁.၄) ကီလိုလောက်လေးပြီး ပန်းဂေါ်ဖီစိမ်း အရွယ်လောက်ရှိနေပါပြီ။ ပြီးတော့ (၄၀) စင်တီမီတာလောက်လည်းရှိနေပါပြီ။ ကလေးကိုဝန်းရံထားတဲ့ ရေမြွှာက (၀.၈) လီတာခန့်ရှိနေသော်လည်း ကလေးကြီးထွားလာတာနဲ့အမျှလျော့သွားမှာဖြစ်ပါတယ်။

ကလေးရဲ့ အမြင်အာရုံကပိုကောင်းလာပါပြီ။ မွေးဖွားပြီးချိန်မှာတောင် ကလေးက နေ့အချိန်မှာ အများကြီးအိပ်နေဦးမှာ ဖြစ်ပါတယ်။ မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ အလင်းရဲ့ပြောင်းလဲမှုပေါ်မှာတုံ့ပြန်မှုရှိပေမယ့် အမြင်အာရုံရဲ့ အပုံ (၂၀) ပုံ (၁) ပုံသာဖွံ့ဖြိုးသေးတာမို့ သူ့မျက်နှာကနေ (၁၀) စင်တီမီတာအကွာမှာ ရှိတာတွေကိုပဲ မြင်နိုင်ပါသေးတယ်။ ကြွက်သားတွေနဲ့ အဆုတ်ကဆက်ပြီး ဖွံ့ဖြိုးလာနေပြီး ခေါင်းကလည်း ဖွံ့ဖြိုးလာနေတဲ့ ဦးနှောက်အတွက် ပိုကြီးလာပါတယ်။ ဆံပင်လည်းပေါက်နေပါပြီ။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကလေးက အရမ်းကိုတက်ကြွနေပါတယ်။ ဆရာဝန်က ကလေးရဲ့ ကန်ချက်အရေအတွက်ကို ရေတွက်ရင်း အချိန်ကုန်ဆုံးဖို့ တိုက်တွန်းပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကိုပါ ညွှန်ကြားချက်ပေးမှာဖြစ်ပါတယ်။ ကလေးက ပုံမှန်လောက်တက်ကြွမှုမရှိတော့ရင် ဆရာဝန် သို့ လက်သည်ကို အသိပေးပါ။ ကလေးကို စစ်ဆေးဖို့ ပေါ့ပေါ့ပါးပါး စမ်းသပ်ချက် (သို့)  ဇီဝဗေဒ အကြောင်း လိုအပ်ပါလိမ့်မယ်။

သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ ရင်ပူတာနဲ့ ဝမ်းချုပ်တာကိုပြန်တွေ့ရတော့မှာဖြစ်ပါတယ်။ မဟော်မုန်း Progesterone က ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ကြွက်သားတွေ၊ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကိုပါ အနားယူစေပါတယ်။ ဒီလိုဖြစ်တာကြောင့် ဝမ်းဗိုက်ထဲမှာ အစာတွေများလာမယ်။ အစာချေဖျက်တာနှေးသွားမယ်။ နှေးကွေးတဲ့အစာချေဖျက်ခြင်းက ဂတ်စ်နဲ့ ရင်ပူတာကိုဖြစ်စေပါတယ်။ အထူးသဖြင့် အစာများများစားပြီးနောက်ပိုင်းဆို သိသာပြီး ဝမ်းချုပ်ခြင်းကိုပါ ဖြစ်စေပါတယ်။ ပိုကြီးလာတဲ့ သားအိမ်ကြောင့် သွေးလိပ်ခေါင်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ကျင်ကြီးအိမ်နားမှာ ရှိတဲ့သွေးကြော တွေက ကိုယ်ဝန်ဆောင်ချိန်မှာရောင်ရမ်းနေတတ်ပြီး မွေးဖွားပြီးသည်နှင့် တစ်ပတ်အတွင်းအားလုံး ပျောက်သွားမှာ ဖြစ်ပါတယ်။

ယားယံတာ နာကျင်တာမျိုးတွေဖြစ်ရင် ရေနွေးစိမ်ခြင်း သို့  အအေးဓာတ်ပါတဲ့ အယောင်ကျဆေးတွေကို လိမ်းပေးခြင်းတို့ ပြုလုပ်ပါ။ အချိန်အကြာကြီးထိုင်တာ မတ်တပ်ရပ်နေတာမျိုးတွေကို ရှောင်ပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဘယ်ဆေးဝါးကိုပဲ သုံးသုံးအရင်ဆုံး သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။  တကယ်လို့ စအိုသွေးယိုရင်တော့ ဆရာဝန်ကို အသိပေးပါ။ ဝမ်းချုပ်တာကို ကာကွယ်ဖို့ အမျှင်ဓာတ်များတဲ့အစားအစာကိုစားပါ။ ရေများများသောက်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

အမျိုးသမီးအချို့မှာ “supine hypotensive syndrome” ကိုတွေ့ရတတ်ပါတယ်။ ပက်လက်အိပ်တဲ့အချိန်မျိုးမှာ နှလုံးခုန်နှုန်းပြောင်းလဲခြင်းနဲ့ သွေးဖိအားပြောင်းလဲခြင်းကြောင့် သင့်ကို မူးနောက်သွားစေပြီး အနေအထား ပြောင်းလိုက်ရင်တော့ အဆင်ပြေသွားပါတယ်။ အရမ်းမြန်မြန်မတ်တပ်ရပ်လိုက်ရင် ရိပ်ခနဲဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မူးတာကိုရှောင်ရှားဖို့ ဘေးစောင်းအိပ်ပါ။ ထိုင်တာထတာ ဖြည်းဖြည်းလုပ်ပါ။

ကိုယ်ဝန်ဆောင်သက်တမ်း (၂၉)ပတ်အတွက် ပြင်ဆင်ထားသင့်သောအချက်များ

ကိုယ်ဝန်ဆောင်ကာလပြီးဆုံးတော့မှာဖြစ်တဲ့အတွက် ကလေးမမွေးခင် ကလေးအတွက်လိုအပ်တာတွေကို ပြင်ဆင်ထားသင့်ပါတယ်။ ဆေးရုံမှာလိုအပ်မယ့် ပစ္စည်းတွေအားလုံးကို အထုပ်တစ်ထုပ်နဲ့ လုပ်ထားပြီး သွားရင်အဆင်သင့် ယူသွားနိုင်အောင် တံခါးဘေးနားမှာထားထားပါ။ ဈေးဝယ်မထွက်ခင် မေ့ကျန်ခဲ့တာမျိုးမဖြစ်ရအောင် စာရင်းသေချာလုပ်ထားပါ။ မီးဖွားပြီးလိုအပ်မယ့် ပစ္စည်းအချို့ကတော့

  • ကလေးဒိုင်ပါနဲ့ သုတ်စရာ
  • လက်သည်းညှပ်၊ ချိုလိမ်၊ သာမိုမီတာနဲ့ တခြား ကလေးအသုံးအဆောင်များ
  • အမျိုးသမီးဂွမ်းထုပ် (မီးဖွားပြီး အပတ်အနည်းငယ်အတွင်း သွေးဆင်းမည်)
  • တစ်ခါသုံး စက္ကူနဲ့ ပန်းကန်များ
From Kalay with


Comments

0 comments
Latest video