ကိုယ်ဝန်ဆောင်သက်တမ်း (၂၈)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်ဆောင်သက်တမ်း (၂၈)ပတ်မှာ ကလေးက ၁.၁ကီလိုခန့်လေးနေပြီး ၃၈စင်တီမီတာခန့်ရှိနေပါပြီ။ ရင်သားကော ဗိုက်ကောပိုကြီးလာနေပြီ။ ဘာတွေထပ်ကြုံတွေ့လာနိုင်လဲ။

 ကိုယ်ဝန်ဒုတိယအဆင့်က ပြီးဆုံးသွားပြီး မိခင်လောင်းအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းတွေမှာ ကလေးရဲ့ ကြီးထွားမှုဇယားကို စဆွဲတော့မှာဖြစ်ပါတယ်။ တကယ်လို့ ကလေးက ပြောင်းပြန်ဖြစ်နေတယ်ဆိုရင် ဒါကိုပြင်လို့ရပါတယ်။ ဒါပေမယ့် လုံးဝမလှုပ်ရှားဘူးဆိုရင်တော့ ခွဲမွေးဖို့ ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။ Rh antibodyရှိ မရှိ ကို စစ်ဖို့သွေးနောက်တစ်ခါ ထပ်စစ်ရပါမယ်။ တကယ်လို့ ရှိနေခဲ့ရင် (၂၈) ပတ်မှာတစ်ခါ ၊ (၃၆) ပတ်မှာတစ်ခါ  anti-Dဆေးထိုးပေးမှာဖြစ်ပါတယ်။ 

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန်ဆောင်သက်တမ်း (၂၈)ပတ်မှာ ကလေးက (၃၈) စင်တီမီတာခန့်ရှိပြီး  (၁.၁) ကီလိုခန့်လေးပါတယ်။ မျက်လုံးတွေကတော့ ဖွံ့ဖြိုးလာနေဆဲပါ။ ကြွက်သားတွေက ပိုကျစ်လစ်လာပါပြီ။ အဆုတ်ကလည်း အသက်ရှုသွင်းရှုထုတ်လုပ်နိုင်နေပါပြီ။ အထူးသဖြင့် ဦးနှောက်ကလည်း နာဗ့်ကြောတွေ သန်းနဲ့ချီပြီး ဖွံ့ဖြိုးလာနေပါပြီ။ ကြီးထွားဖို့လိုအပ်တဲ့ အာဟာရတွေကတော့ ပရိုတင်း၊ ဗီတာမင်စီ၊ဖောလစ်နဲ့ သံဓာတ်တို့ဖြစ်ပါတယ်။ အရိုးတွေက ကယ်ဆီယမ်တွေကိုစုပ်ယူနေတဲ့အချိန်လည်းဖြစ်တာကြောင့် နွားနို့ သို့ အခြားကယ်ဆီယမ်ကြွယ်ဝသောအစားအစာ ဒိန်ခဲ၊ ဒိန်ချဉ်စတာတွေကို စားပေးပါ။  ကိုယ်ဝန်နောက်ဆုံးအဆင့်မှာ ကလေးက အရိုးတွေသန်မာလာစေဖို့ တစ်နေ့ကိုကယ်ဆီယမ် ၂၅၀မီလီဂရမ်လောက်လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၂၈)ပတ်မှာ ကလေးရဲ့လှုပ်ရှားမှုတစ်ခုနဲ့တစ်ခုကြားကွာဟချက်အနေနဲ့

ကလေးမှာ တက်ကြွတဲ့အချိန်နဲ့ ငြိမ်သက်တဲ့အချိန်ဆိုပြီးရှိလာမှာဖြစ်ပါတယ်။ ဒီအပတ်မှာ မိခင်ရဲ့ သကြားဓာတ် ပမာဏပေါ်မူတည်ပြီး သန္ဓေသားလေးက ညနေပိုင်းမှာ ပိုတက်ကြွပြီး မနက်ပိုင်းမှာ ငြိမ်သက်နေမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှုပုံစံက ကလေးတစ်ယောက်နဲ့တစ်ယောက်မတူပေမယ့် ပုံစံဆင်ဆင်လေးတွေပဲဆိုတာကို သိထားသင့်ပါတယ်။

ဆရာဝန်မှာ ကလေးရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့ တိုက်တွန်းပါလိမ့်မယ်။ ကလေးတက်ကြွနေချိန်မှာ တစ်နာရီအတွင်း  လှုပ်ရှားမှု၊ ကန်ကျောက်တာ ဘယ်နှကြိမ်ခံစားမိလဲဆိုတာ ရေတွက်ထားပါ။ (၁၀) ကြိမ်လှုပ်ရှားဖို့ ကြာတဲ့အချိန်ကိုလည်း မှတ်ထားလို့ရပါတယ်။ တစ်နာရီကို ပျှမ်းမျှ ၄-၆ခါ ကန်ပါလိမ့်မယ်။ ကလေးရဲ့ လှုပ်ရှားမှုက နှစ်နာရီမှာ ၆-၈ကြိမ်အောက်လျော့နေမယ်ဆိုရင် ဆရာဝန်ကိုဆက်သွယ်သင့်ပါပြီ။ ရုတ်တရက် လိုတာထက်ပို ကန်တာမျိုးတွေဖြစ်ရင်လည်း ဆရာဝန်ကိုသွားပြသင့်ပါတယ်။ ကလေးက အနှောက်အယှက်တချို့ကို ခံစားနေရတာကြောင့်ဖြစ်နိုင်ပါတယ်။ ဆရာဝန်က ခွဲခြမ်းစိတ်ဖြာပြီး အာထရာဆောင်းနဲ့ ကြည့်ကာ ဖြစ်နေတဲ့ ပြဿနာကို ရှာနိုင်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

တတိယမြောက်ကိုယ်ဝန်နောက်ဆုံးအဆင့်က ဒီအပတ်မှာစပါတယ်။ ဆရာဝန် သို့ လက်သည်ဆီကို နှစ်ပတ်တစ်ကြိမ်ပုံမှန် သွားပြနေပါပြီ။ (၃၆) ပတ်ရောက်ရင်တော့ (၁) ပတ်တစ်ကြိမ် သွားပြရတော့မှာဖြစ်ပါတယ်။ ဆရာဝန်က မမွေးဖွားခင်  HIVပိုး၊ ကာလသားရောဂါနဲ့ ဆီးပူညောင်းကျရောဂါတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ အကြံပြုနေပါပြီ။ ဂလူးကိုစ့် level ကမြင့်နေပြီး နောက်ဆက်တွဲ စမ်းသပ်ချက်တွေမလုပ်ရသေးဘူးဆိုရင် သုံးနာရီကြာစစ်တဲ့ ဂလူးကိုစ့် စမ်းသပ်ချက်လာပါပြီ။  တကယ်လို့ ပထမဆုံး ကိုယ်ဝန်လာအပ်တဲ့အချိန်က စစ်ဆေးချက်အရ Rh-negative ဆိုရင် Rh immunoglobulin ဆိုတဲ့ဆေးကိုထိုးရပါမယ်။ ကလေးရဲ့ သွေးနီဥဆဲလ်တွေကို တိုက်ဖျက်မယ့် andibodiesတွေကိုတားဆီးဖို့ဖြစ်ပါတယ်။ (ကလေးက Rh-positive ဖြစ်မယ်ဆိုရင် မီးဖွားပြီးချိန်မှာ ဆေးနောက်တစ်ချောင်းထိုးဖို့ လိုအပ်ပါတယ်။)

ကိုယ်ဝန်ဆောင်သက်တမ်း (၂၈)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

ဒီလိုအချိန်မျိုးဆိုရင် အမျိုးသမီးအများစုက ခြေထောက်အောက်ပိုင်းမှာ “ရွစိရွစိ” ဖြစ်ခြင်းကိုခံစားနေရပြီး အနားယူဖို့ သို့ အိပ်ဖို့ ကြိုးစားနေချိန်မှာ မခံနိုင်အောင်လှုပ်နှိုးသလိုဖြစ်နေမှာပါ။ ဒီခံစားမှုက ယာယီသာဖြစ်ပြီး ရွေ့လျားလိုက်ရင် ပျောက်ကွယ်သွားပြီး restless legs symdrome (RLS) လို့ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဘယ်သူကမှ မသိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တော်တော်များများမှာ အဖြစ်များပါတယ်။ ခြေထောက်ကို အကြောလျော့တာ နှိပ်နယ်တာမျိုးလုပ်ကြည့်ပါ။ ဝေဒနာပိုဆိုးလာနိုင်စေတဲ့ ကဖီးဓာတ်ကို လျှော့ချပါ။ သံဓာတ်အားဖြည့်ဆေးသောက်ခြင်းကလည်း တစ်ခါတစ်ရံမှာ ဒီလက္ခဏာကို သက်သာစေတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

From Kalay with


Comments

0 comments
Latest video