ကိုယ်ဝန်ဆောင်သက်တမ်း (၂၇)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ဒီအချိန်မှာ လိပ်ခေါင်းရောဂါ၊ ခြေထောက်ကြွက်တက်ခြင်းနဲ့ အကြောရောဂါတောင်မှ ခံစားရနိုင်ပါတယ်။ ၂၇ပတ်ဆိုတာ မွေးဖွားဖို့ အချိန်နဲ့ ပိုနီးလို့လာနေပါပြီ။

ကိုယ်ဝန်ဆောင်သက်တမ်း (၂၇)ပတ်အချိန်က ကိုယ်ဝန်ဆောင်ကာလနောက်ဆုံးအဆင့်ကို စတင်တဲ့အချိန်ဖြစ်ပါတယ်။ အရမ်းကို အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအဆင့်နှစ်ဆင့်ကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်ပြီး မွေးဖွားမယ့်ရက်ကလည်း နီးသထက်နီးလာနေပါပြီ။ အချိန်ကပ်လာလေ မိသားစုတွေ သူငယ်ချင်းတွေရဲ့ စိတ်လှုပ်ရှားမှုကလည်း မြင့်လာနေပါပြီ။ အပြင်လောကထဲကို ဝင်ရောက်လာမယ့် ကလေးကိုကြိုဆိုဖို့ အပတ်အနည်းငယ်သာလိုအပ်ပါတော့တယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ဒီအပတ်မှာ ကလေးက (၁) ကီလိုလောက်လေးနေပြီဖြစ်ပြီ (ပန်းဂ်ါဖီအရွယ်ခန့်) ခြေထောက်ပိုရှည်လာတာကြောင့် (၃၇) စင်တီမီတာခန့်ရှိနေပါပြီ။ မျက်လုံးမှိတ်ပြတတ်နေပြီဖြစ်ပါတယ်။ အမြင်အာရုံလည်းတိုးတက်လာတာနဲ့အမျှ အမေ့ဝမ်းထဲကနေပြီး အလင်းရောင်မှိန်မှိန်လေးတွေကို စပြီးမြင်နေရပါပြီ။ ဦးနှောက်အာရုံကြောဆဲလ်တွေ ဘီလီယံနဲ့ချီပြီးဖံွ့ဖြိုးနေပြီဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အပြင်လောကမှာ အသက်ရှင်နေထိုင်နိုင်ဖို့ တဖြည်းဖြည်း ပြည့်လာနေပါပြီ။ ကလေးကြို့ထိုးလို့ဖြစ်တဲ့ လှုပ်ရှားမှုအသေးစားလေးကအစ မှတ်ထားပါ။ အခုကစပြီး အကြိမ်အရေအတွက်များလာတော့မှာ ဖြစ်ပါတယ်။ တစ်ခါကြို့ထိုးရင် အချိန်အနည်းငယ်ကြာတတ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ဒုတိယအဆင့်က အဆုံးသတ်တော့မှာဖြစ်ပြီး နောက်ဆုံးကျန်တဲ့ အပိုင်းအတွက် ခန္ဓာကိုယ်က လက္ခဏာအသစ်တွေကို ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ ခါးနာတာအပြင် ခြေထောက်ကြွက်တက်တာကိုလည်း ခဏခဏကြုံတွေ့ရနိုင်ပါတယ်။ ဝန်ပိုထမ်းရတာကြောင့်ဖြစ်ပြီး ကြီးထွားလာတဲ့သားအိမ်က ခြေထောက်ကနေ နှလုံးဆီသွားတဲ့ သွေးပြန်ကြောပေါ်မှာဖိထားသလိုဖြစ်နေပြီး ခြေထောက်ကလာတဲ့ နာဗ့်ကြောတွေကိုလည်း ဖိထားတာကြောင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ကာလတစ်လျှောက် ကြွက်တက်တာက ပိုဆိုးလာမှာပါ။ ညဘက်မှာ အခြေအနေပိုဆိုးပေမယ့် နေ့ဘက်တွေဆိုလည်း ဖြစ်ပါတယ်။ ကြွက်တက်နေစဉ်မှာ ခြေသလုံးကြွက်သားကို ဖြေလျော့ခြင်းက သက်သာစေမှာပါ။ ခြေထောက်ကိုဆန့်လိုက်ပြီး ခြေချောင်းလေးတွေကို ညို့သကျည်းဘက်သို့ ဖြည်းဖြည်းချင်း ဖြေလျော့ပါ။ မိနစ်အနည်းငယ်လမ်းလျှောက်ပေးခြင်းနဲ့ ခြေသလုံးကိုနှိပ်ပေးခြင်းက တစ်ခါတစ်ရံမှာ သက်သာစေပါတယ်။ အခုချိန်မှာ မွေးဖွားပြီး သားဆက်ခြားဖို့အတွက်စဉ်းစားဖို့ အချိန်မစောတော့ပါဘူး။ မီးမဖွားမီ ဆုံးဖြတ်ချက်ချပါ။ သားဆက်ခြားကာလအတွင်း ခွဲစိတ်မှုပြုလုပ်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အချိန်အကြာကြီးမယူသင့်ပါဘူး။

ကိုယ်ဝန် ၂၇ပတ်မှာသိထားသင့်တဲ့အချက်များ

(၁) နို့တိုက်လေ့ကျင့်ဖို့ သင်တန်းအပ်လိုက်ပါ

သားဦးဆိုရင် နို့ချိုတိုက်ကျွေးဖို့က  ပတမဆုံးသော အတွေ့အကြုံဖြစ်မှာပါ။ ဒါကြောင့် နို့တိုက်လေ့ကျင့်ဖို့ သင်တန်းက နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုသင်တန်းကို ဆရာဝန်ဆီကသော်လည်းကောင်း သင့်နားမှာကျင်းပတဲ့ သင်တန်းတွေမှလည်းကောင်း သင်ယူနိုင်ပါတယ်။ 

(၂) ကလေးအတွက် အခန်းအသစ်ကို စပြီး အလှဆင်ပါ

ကိုယ်ဝန်ဆောင်ကာလနှောင်းပိုင်းအချိန်မှာ ကလေးအခန်းကို အလှဆင်ခြင်းဖြင့် အချိန်ကုန်ဆုံးတာက ကောင်းတဲ့ အကြံတစ်ခုဖြစ်ပါတယ်။ ကုန်တိုက်သွားတဲ့အချိန်မှာ ကလေးအသုံးအဆောင်ဆိုင်ကို ဝင်ပြီး သူလေးအတွက် အသုံးအဆောင်တွေကိုတတ်နိုင်သလောက်ဝယ်ပါ။ ဒါက ပျော်ရွှင်စေရုံသာမက  လေ့ကျင့်ခန်းလည်းဖြစ်စေမှာဖြစ်ပါတယ်။ ကလေးအခန်းကို ပြင်ဆင်တာပြီးသွားပြီဆိုရင်တော့ ဖြစ်နိုင်ရင်သင့်အချိန်တွေကို အဲ့အခန်းထဲမှာပဲ ကုန်ဆုံးပါ။

(၃) ကလေးကို စာအုပ်ဖတ်ပြတဲ့အကျင့်လုပ်ထားပါ

ကလေးအသံအာရုံက ဖွံ့ဖြိုးလာတာနဲ့အမျှ အပြင်က အသံကို နားစွင့်နေပါပြီ။ ဒါကြောင့်စာအုပ်ဖတ်ပြတာက ကလေးနဲ့ ပိုရင်းနှီးစေပြီး သင့်အသံကို မှတ်မိစေမှာ ဖြစ်ပါတယ်။

(၄) သီချင်းနားထောင်တတ်တဲ့အကျင့်ကို ပျိုးထောင်ပါ

ဝမ်းဗိုက်ထဲက ကလေးလေးက အခုဆိုရင် နားတောင်နားတော့မှာ မဟုတ်ပါဘူး။ သီချင်းနားထောင်ခြင်းက သူ့ကို ငြိမ်သက်စေပါတယ်။

From Kalay with


Comments

0 comments
Latest video