ကိုယ်ဝန်ဆောင်သက်တမ်း (၂၆)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်ဆောင်သက်တမ်း (၂၆)ပတ်မှာ ကြုံတွေ့နိုင်တဲ့အချက်တွေနဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ပါတယ်။

ဒီအပတ်မှာ အဓိကအားဖြင့် ဟော်မုန်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို တွေ့ကြုံရမှာပါ။ သန္ဓေသားလေးကတော့ ဗိုက်ထဲမှာ ရှင်သန်ကြီးထွားနေပါတယ်။ ကိုယ်ဝန် ဒုတိယအဆင့်က အဆုံးပိုင်းကိုရောက်လာပြီဖြစ်ပြီး တစ်နေ့မှာကောင်းနေပြီး နောက်တစ်နေ့မှာ ဆိုးလာကာ စိတ်ခံစားချက်တွေ ရောထွေးနေပါလိမ့်မယ်။ ဒါကပုံမှန်ဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ ဆီးချိုစစ်ခြင်း၊ သွေးအားစစ်ခြင်းနဲ့ RhoGAM ဆေးထိုးခြင်းတို့ကို ပြုလုပ်ရပါမယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန်ဆောင်သက်တမ်း (၂၆)ပတ်မှာ ကလေးရဲ့အကြားအာရုံနဲ့ အခြားအာရုံတွေလည်း ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ ကလေးက ကိုယ့်အသံနဲ့ အမျိုးသား၊ အခြားမိသားစုဝင်တွေပြောနေတဲ့ စကားသံတွေကို ကြားနေရပါပြီ။ အသက်လည်းရှူတတ်နေပြီဖြစ်ပြီး အဆုတ်အတွက်ကောင်းတဲ့ ရေမြွှာတွေကို ရှူသွင်းနေပါပြီ။ ဒီလိုအသက်ရှူနေတာက ကလေးကို ပထမဆုံးလေရှူတဲ့အချိန်မှာ အကူအညီပေးမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်က (၉၀၀) ဂရမ်အထိတိုးသွားပါပြီ။ ခေါင်းကခြေအထိ (၃၆) စင်တီမီတာရှိနေပြီ။ တကယ်လို့ ယောက်ျားလေးဆိုရင် ကျားအင်္ဂါက ဖွံ့ဖြိုးပြီးဖြစ်ပြီး ဝှေးစေ့က ကပ်ပယ်အိတ်အတွင်းသို့ ဆင်းလာတော့မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်က  (၂) လ၊ (၃) လကြာပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

မိခင်နဲ့ကလေးစောင့်ရှောက်ရေးသင်တန်းတွေကို အပြေးအလွှားတက်နေရပြီး ကလေးအတွက်အခန်းနဲ့ တခြားနေ့စဉ် လုပ်ငန်းဆောင်တာတွေကို အပြေးအလွှားလုပ်နေရပြီလား။ ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူပါ။ ဒီအချိန်လောက်ဆို သွေးဖိအားနည်းနည်းတက်လာပေမယ့် ကိုယ်ဝန်မဆောင်ခင်က သွေးဖိအားအောက်တော့ နည်းနေပါဦးမယ်။ (ပုံမှန်အားဖြင့် ကိုယ်ဝန်ပထမအဆင့်မှာ သွေးဖိအားက ဆက်တိုက်ကျနေပြီး ၂၂ပတ်ကနေ ၂၄ပတ်ကြားမှာ သွေးဖိအားနည်းတဲ့အဆင့်ကိုရောက်လာမှာပါ)

ကိုယ်ဝန်ဆောင်တက်ချက်ရောဂါ

သွေးဖိအားမြင့်ခြင်းကြောင့်ဖြစ်ပွားနိုင်တဲ့ ဆိုးရွားသောအခြေအနေ – များသော အားဖြင့် (၃၇) ပတ်နောက်ပိုင်းမှ ဖြစ်တတ်ပေမယ့် အဲ့ထက်စောပြီးလည်းဖြစ်နိုင်တာကြောင့် အမြဲတမ်း သတိထား စောင့်ကြည့်ဖို့လိုပါတယ်။ မျက်နှာရောင်တာ၊ မျက်လုံးအစ်တာ၊ လက်တွေက ပုံမှန်ထက်ဖောင်းနေတာ၊ ခြေဖဝါး သို့ ခြေကျင်းဝတ်ရုတ်တရက် ရောင်ရမ်းတာ၊ ကိုယ်အလေးချိန်ရုတ်တရက်တက်လာတာ (တစ်ပတ်ထဲမှာ ၄ပေါင်မှ ၅ပေါင်) တွေ ဖြစ်ခဲ့ရင် ဆရာဝန်ဆီ ချက်ချင်းသွားပါ။ ရောဂါကပိုဆိုးရင် အခြားလက္ခဏာတွေလည်း တွေ့ကြုံရနိုင်ပါတယ်။ ခေါင်းအရမ်းကိုက်တာ၊ အမြင်ပြောင်းလဲတာ (နှစ်ထပ်ဖြစ်ခြင်း သို့ အမြင်ဝေဝါးခြင်း၊ အလင်းအစက်ပြောက်တွေမြင်ခြင်း အလင်းရောင်အထိမခံနိုင်ခြင်း သို့ ယာယီ အမြင်ကွယ်ခြင်း)၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ ပြင်းပြင်းထန်ထန်နာကျင်တာ သို့ ပျို့အန်တာတွေဖြစ်ရင် ချက်ခြင်း ဆရာဝန်ကို အကြောင်းကြားရပါမယ်။

လတ်တလောမှာ ကျောအောက်ပိုင်းက နာနေမယ်ဆိုရင် ဒါက ဗဟိုချက်ကို ပြောင်းလဲစေတဲ့ ဝမ်းဗိုက်ကြွက်သားတွကို ဆွဲဆန့်ပြီး နာဗ့်ကြောပေါ်မှာ ဖိထားတဲ့ ကြီးထွားလာတဲ့သားအိမ်ရယ်၊ အရွတ်နဲ့ အဆစ်တွေကို လျော့ရဲသွားစေတဲ့ ဟော်မုန်းပြောင်းလဲသွားခြင်းရယ်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ပိုသယ်ထားရတဲ့ အလေးချိန်ကြောင့် ကြွက်သားနဲ့ အဆစ်တွေကို ဝန်ပိုစေပြီး နေ့တစ်နေ့ရဲ့အဆုံးတိုင်းမှာ ပိုပိုဆိုးလာသလို ခံစားနေရတာဖြစ်ပါတယ်။ အချိန်အကြာကြီး လမ်းလျှောက်တာ၊ ထိုင်တာ၊ မတ်တပ်ရပ်တာ၊ ကုန်းတာနဲ့ အလေးမတာတွေက ကျောကို ပိုနာစေပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၂၆)ပတ်မှာ သိထားသင့်တဲ့အချက်များ

ပြင်းထန်တဲ့ နာကျင်မှုတွေကိုခံစားရမယ်

ဒီအချိန်မှာ  ကျော၊ ရင်ဘတ်၊ တင်ပါးဆုံ၊ ခြေထောက်နဲ့ ခြေဖဝါးတွေ ပိုနာကျင်လာတာကို ကြုံရနိုင်ပါတယ်။ ပိုအနားယူချိန်ပြီး ဆေးအကူအညီကိုယူပါ။

ကိုယ်ဝန်ဆောင်လက္ခဏာတွေကိုသက်သာအောင်လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာနဲ့ ရေဓာတ်ပြည့်ဝနေခြင်းက ပင်ပန်းနွမ်းနယ်တာ၊ ရောင်ရမ်းတာ၊ မူးတာ၊ ရေဓာတ်နည်းတာနဲ့ ဝမ်းချုပ်တာတွေကို သက်သာစေနိုင်ပါတယ်။

အိမ်သုံးကိုယ်ဝန် စမ်းသပ်ကိရိယာကိုဝယ်ပါ

၎င်းကိရိယာကို ဝယ်ခြင်းဖြင့် ကလေးရဲ့ နှလုံးခုန်သံနဲ့ လှုပ်ရှားမှုတွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။

 

အမျိုးသားသိထားသင့်သောအချက်များ

ကိုယ်ဝန်ဒုတိယအဆင့်ပြီးဆုံးခါနီးလေ တစ်ကိုယ်ကောင်းဆန်လာတတ်ကြပါတယ်။  စိတ်ကျေနပ်အောင်လုပ်ရမှာကတော့ ကိုယ့်တာဝန်ဖြစ်ပါတယ်။ စုံတွဲ အထူးဒိတ်အတွက် ပြင်ဆင်ထားပါ။

From Kalay with


Comments

0 comments
Latest video