ကိုယ်ဝန်ဆောင်သက်တမ်း (၂၅)ပတ်

by: Khin Nyein Lwin
 0 comments  0 love

အကောင်းဆုံး အိပ်တဲ့ အနေအထားဆိုတာ မရှိတော့ပါဘူး။ သန္ဓေသားတော့ (၃၅) စင်တီမီတာလောက်ရှိပြီး (၇၅၀) ဂရမ်လေးနေပါပြီ။ ဘာတွေကြုံတွေ့လာနိုင်လဲ။

ထင်ရှားတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ အများကြီးကို ကြုံတွေ့ရမှာပါ။ ဗိုက်ကပိုကြီးလာပြီး ပိုလေးလာပြီ ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် အမောဖောက်နိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုဖြစ်တာက  ကောင်းတာကြောင့် လှုပ်လှုပ်ရှားရှားနေပါ။ အကောင်းဆုံးကျော်ဖြတ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါ။ ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေ၊ ဘယ်လိုစားသောက်ရမလဲဆိုတာတွေနဲ့ ကိုယ်ဝန်ဆောင်အကြောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

သန္ဓေသားက ခေါင်းကနေခြေဖျားအထိ (၃၅) စင်တီမီတာရှိနေပြီး (၇၅၀) ဂရမ်လေးနေပါပြီ။  ရှည်ရှည်မျောမျောပုံစံကနေ အဆီတွေနဲ့ ပြည့်လာတော့မှာပါ။ တွန့်နေတဲ့အရေပြားတွေကလည်း ချောမွေ့လာမှာဖြစ်ပြီး မွေးကင်းစ ကလေးနဲ့ ပိုပိုတူလာနေပါပြီ။ ဆံပင်တွေလည်း နည်းနည်းရှည်လာနေပြီး တကယ်လို့ မြင်တွေ့နိုင်မယ်ဆိုရင် အရောင်နဲ့ ဆံသားကိုပါသိနိုင်မှာဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကလေးကပဲ ဆံပင်တွေပေါက်နေတာမျိုးမဟုတ်ပဲ ကိုယ့်ဆံသားတွေကလည်း ပုံမှန်ထက်ပိုထူပြီး အရောင်ထွက်နေပါတယ်။ ဆံပင်တွေပိုပေါက်လာတာမဟုတ်ပါဘူး။ ဟော်မုန်းအပြောင်းအလဲကြောင့် ပုံမှန်ဆိုရင် ကျွတ်သွားရမယ့်ဆံပင်တွေက မကျွတ်တာကြောင့်ဖြစ်ပါတယ်။ မွေးဖွားပြီးရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ အရင်တုန်းကလို သွားချင်သလိုသွားလို့ မရတော့ပါဘူး။  ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းတွေဆက်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘေးကင်းအောင်တော့ သတိထားပါ။ အရမ်းပင်ပန်းနေတဲ့အချိန်မျိုးမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ နာကျင်တာ၊ မူးဝေတာ သို့ အသက်ရှုမဝတာမျိုးတွေဖြစ်ရင် လုပ်နေတဲ့လေ့ကျင့်ခန်းတွေအားလုံးကို ရပ်လိုက်ပါ။

ပက်လက်မအိပ်ပါနဲ့။ ဟန်ချက်ပျက်စေမယ့် ဘယ်အားကစားမျိုးမဆို မလုပ်ပါနဲ့။ ရေများများသောက်ပါ။ သွေးပူလေ့ကျင့်ခန်းနဲ့ အကြောလျော့တာအတွက် အချိန်ပေးပါ။ (၂၄) ပတ်နဲ့ (၂၈) ပတ်ကြား ဂလူးကိုစ့် level စစ်ဆေးနေစဉ်မှာပဲ သွေးအားနည်းရောဂါကို စစ်ဖို့သွေးထပ်ဖောက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သံဓာတ်အားနည်းနေတာကြောင့် သွေးအားနည်းနေတာဆိုရင် ဆရာဝန်က သံဓာတ်အားဖြည့်ဆေးကို ညွှန်းပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၂၅)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

ကလေးအတွက်နာမည်စဉ်းစားထားပါ

ဒီအချိန်က နာမည်ရွေးဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ မွေးဖွားတဲ့အချိန်မှသာ ယောက်ျားလေး မိန်းကလေး သိဖို့ရည်ရွယ်ထားရင် ယောက်ျားလေးနာမည် သို့ မိန်းကလေးနာမည်ကို ရွေးထားပါ။ ကိုယ့်စိတ်ကူးကိုလည်းထည့်သွင်းပြီး ရောက်လာတော့မယ့် မိသားစုဝင် အသစ်အတွက် နာမည်ပြင်ဆင်ထားလိုက်ပါ။

သွေးတွင်းသကြားဓာတ်ပမာဏ စစ်ဆေးခြင်းပြုလုပ်ပါ

ဒီအချိန်မျိုးမှာ ခဏတာကိုယ်ဝန်လက္ခဏာအနေနဲ့ဖြစ်လေ့ရှိတဲ့ ဆီးချိုတိုင်းခြင်းက ပုံမှန်လုပ်ရမယ့်အရာဖြစ်ပါတယ်။ ပုံမှန် အချိန်ဇယားကတော့ (၂၄)ပတ်နဲ့ (၂၈)ပတ်ကြားဖြစ်ပါတယ်။ တချို့ကျန်းမာရေးစောင့်ရှောက်သူတွေက သွေးအားနည်းရောဂါကို စစ်ဆေးဖို့လည်း အကြံပြုတတ်ကြပါတယ်။

အမျိုးသားအတွက် အချိန်ပေးပါ

ဒီအပတ်မှာ အမျိုးသားကို မက်ဆေ့စ်ပို့တာ၊ အချိန်တွေအတူကုန်ဆုံးခြင်းဖြင့် ချိုမြိန်စွာဖြတ်သန်းပါ။ နှစ်ဦးကြားကဆက်ဆံရေးကို ပိုကောင်းအောင်လုပ်ဖို့ အခွင့်အရေးကောင်းဖြစ်ပါတယ်။ စိတ်ပညာဆရာဝန် ဒိုင်ယာနီဆန်းဖိုသ့် အကြံပေးသလိုမျိုး အမျိုးသားက ကိုယ့်အတွက်ဘယ်လောက်အထိအရေးပါတယ်ဆိုတာကို ဖော်ပြပါ။

အရေးကြီးသောအချက်များ

လှုပ်ရှားမှုအနေနဲ့ ကျွမ်းကျင်ပညာရှင်တွေက အိပ်ချိန်နဲ့ကပ်ပြီး ညဘက်လေ့ကျင့်ခန်းလုပ်တာကို ရှောင်ခိုင်းပါတယ်။ ညဘက်လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကို လှုပ်နှိုးလိုက်သလိုဖြစ်ပြီး အိပ်မောကျစေဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။ ညဘက်စက်ဘီးစီးတာထက်စာရင် ပေါ့ပေါ့ပါးပါး အကြောလျော့တာမျိုးကို အကြံပြုလိုပါတယ်။

From Kalay with


Comments

0 comments
Latest video