ကိုယ်ဝန်ဆောင်သက်တမ်း (၂၃)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်ဆောင်သက်တမ်း (၂၃)ပတ် အချိန်မှာ ကလေးရဲ့ကြီးထွားလာနှုန်း၊ ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ လုပ်ဖို့လိုအပ်တဲ့အရာတွေအားလုံးက အရေးပါပါတယ်။

မိခင်ကော ကလေးပါ ကိုယ်အလေးချိန်တိုးလာတဲ့အတွက် ဒီအပတ်မှာ ထင်ရှားတဲ့ပြောင်းလဲမှုကို မြင်တွေ့နိုင်ပါတယ်။ ဒီအချိန်ဟာ မိခင်က ကလေးနဲ့သူ့ကျန်းမာရေးအတွက် မီးမဖွားခင် ဆရာဝန် သို့ ကျန်းမာရေး စောင့်ရှောက်သူတွေထံကို ပုံမှန်စစ်ဆေးမှု အတွက် သွားကိုသွားရမယ့်အချိန်ဖြစ်ပါတယ်။ ကိုယ်ဝန်တတိယအဆင့်ကို ဝင်ရောက်လာပြီဖြစ်တဲ့အတွက် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုနဲ့ ဘာအမှားအယွင်းမှ  မရှိတာကိုအတည်ပြုဖို့ မမွေးခင် အကြိုစစ်ဆေးမှုတွေ လုပ်ရခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်သက်တမ်း (၂၃)ပတ် အချိန်မှာ ကြုံတွေ့လာ နိုင်တဲ့အချက်တွေနဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြထားပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

လှုပ်ရှားမှုကို အာရုံခံနိုင်နေပြီဖြစ်တဲ့အတွက်  ကလေးကခံစားသိရှိနိုင်နေပါပြီ။ ပြီးတော့သူက အခု (၃၀) စင်တီမီတာထက်ကျော်သွားပြီး (၆၀၀) ဂရမ်ကျော်လေးနေပါပြီ(သရက်သီး အကြီးအရွယ်)။ ပြီးတော့ ကလေးက တွန့်လိမ်နေတတ်တာကို ခံစားမိနေပါပြီ။ အဆုတ်ရဲ့သွေးကြောတွေကလည်း အသက်ရှုလမ်းကြောင်း အတွက်စတင်ဖွံ့ဖြိုးလာနေပြီဖြစ်ပါတယ်။ ကျယ်လောင်တဲ့အသံတွေကိုလည်း ရင်းနှီးလာပါပြီ။ ဥပမာ – ခွေးဟောင်သံ၊ ဖုန်စုပ်စက်အသံတို့က အပြင်လောကမှာ ကြုံရရင်တောင် သူ့ကို ခြောက်လှန့်စေမှာ မဟုတ်တော့ပါဘူး။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဝမ်းဗိုက်ထဲက သန္ဓေသားရဲ့ဖွံ့ဖြိုးမှုက ထင်ရှားလာနေပါတယ်။ မိခင်အနေနဲ့လည်း ဗိုက်ထွက်လာရုံသာမက အခြား ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ကြုံတွေ့ရမှာဖြစ်ပါတယ်။

(၁) ခြေချင်းဝတ်နဲ့ခြေဖဝါးများရောင်ရမ်းခြင်း

အချိန်ကြာလာတာနဲ့အမျှ ခြေချင်းဝတ်နဲ့ ခြေဖဝါးရောင်ရမ်းခြင်းတာက ပိုပြီးထင်ရှားလာပါတယ်။ အထူးသဖြင့် နေ့တစ်နေ့ရဲ့ အချိန်တစ်ခု သို့ နွေရာသီတွေမှာ ပိုသိသာပါတယ်။ ဒီလိုရောင်ရမ်းတာကို ခြေထောက်ကိုသွေးလျှောက်တာနည်းလို့ဖြစ်တဲ့ သွေးကျခြင်းလို့လဲပြောကြပါတယ်။ မွေးဖွားပြီးတဲ့အချိန်မှာတော့ ပြန်ကျသွားမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပိုနေတဲ့ရေတွေက မကြာခဏ ဆီးသွားခြင်းနဲ့ ချွေးထွက်ခြင်းတို့ကတစ်ဆင့်ပြန်ထွက်သွားပြီး မွေးဖွားပြီးချိန်မှာ ပိုသိနိုင်ပါတယ်။

(၂) ခြေချင်းဝတ်နဲ့ ခြေဖဝါးသွေးကျခြင်းကို ကုသခြင်း

ခြေချင်းဝတ်နဲ့ ခြေဖဝါးသွေးကျတာက ဘယ်ဘက်ကို မျက်နှာမူလဲလျောင်းခြင်း ဒါမှမဟုတ် လဲလျောင်းနေစဉ် ခြေထောက်အောက်မှာ ခေါင်းအုံးခုထားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ အချိန်အကြာကြီး ထိုင်တာနဲ့ မတ်တပ်ရပ်တာကို ရှောင်ပါ။ ထိုင်ရင် ခြေထောက်ကို ဆန့်တန်းပြီးထိုင်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး နှေးကွေးတာမျိုးကို ကာကွယ်ပေးပါတယ်။ မနက်နိုးတာနဲ့ တစ်ပြိုင်နက် ခြေအိတ်ရှည်ကိုဝတ်ဆင်ခြင်းကလည်း ကူညီနိုင်ပါတယ်။ ဆိုဒ်ပိုကြီးတဲ့ဖိနပ်ကိုစီးခြင်းဖြင့် ခြေထောက်ကို သက်တောင့်သက်သာရှိပါစေ။ လူသိများတဲ့ထင်မြင်ချက်နဲ့ဆန့်ကျင်ပြီး ရေများများသောက်တာက ခန္ဓာကိုယ်မှာရေဓာတ်ကိုထိန်းသိမ်းထားပြီး ရေဓာတ်ပြည့်ဝစေပါတယ်။ ရောင်ရမ်းလာတာကို သတိထားမိတဲ့အခါမှာ ရေကိုလျော့သောက်တာမျိုး မလုပ်ပါနဲ့။

(၃) လိုအပ်မယ်ဆိုရင် ဆရာဝန်ကိုခေါ်လိုက်ပါ

သွေးကျတာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပုံမှန် ကြုံတွေ့နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အမင်း ရောင်ရမ်းခြင်းကတော့ ကိုယ်ဝန်ဆောင်တွေအတွက် preeclampsia ဖြစ်ဖို့ အစဖြစ်နိုင်သလို အခြေအနေပိုပြင်းထန်ရင်၊ အချိန်မီမကုသနိုင်ရင် မိခင်လောင်းတွေအတွက် အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။ ပြင်းထန်တဲ့ရောင်ရမ်းခြင်းမျိုးနဲ့ မျက်နှာ၊ လက်တွေ ရောင်ရမ်းလာပြီဆိုရင်တော့  ကျန်းမာရေးစောင့်ရှောက်သူကို အမြန်ဆုံးခေါ်လိုက်ပါ။

ဒီအပတ်အတွက် ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုများ

  • စိတ်ထဲမှာ ကလေးရဲ့ ပုံကိုဖော်ကြည့်ပါ။ အနုပညာစွမ်းရည်ကို အသုံးပြုပြီး ကလေးရဲ့ပုံတူကို ဆွဲကြည့်ပါ။ အမျိုးသားနဲ့အတူတူပေါ့။ ကလေးမွေးဖွားလာပြီးနောက်မှာ အဲ့ပုံနဲ့ ပြန်ယှဉ်ကြည့်လို့ရပါတယ်။ နောက်ပိုင်းနှစ်တွေကြာလာရင် ကလေးက ဒီပုံကို ကြည်နူးစရာအဖြစ်မြင်လာပါလိမ့်မယ်။
  • ရုပ်ပိုင်းဆိုင်ရာနဲ့ ကိုယ်အလေးချိန်တက်လာတာအတွက်သာမက ရုပ်ကောစိတ်ကောကျန်းမာအောင် ယောဂကစားပါ။
  • ယခုအချိန်မှာ ခန္ဓာကိုယ် Balanceက အရင်အတိုင်းမဟုတ်တော့တဲ့အတွက် ဟန်ချက်ပျက်စေမယ့် ဘယ်အရာမျိုးကိုမှ မလုပ်ပါနဲ့။
  • လေ့ကျင့်ခန်းမစမှီ အကြောလျော့ပါ။
  • တစ်ခုခုဆိုရင် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ မတွေဝေပါနဲ့။
  • သင့်တင့်တဲ့အာဟာရကိုစားသုံးပြီး ရေများများသောက်ပါ။ ဆိုဒါ၊ ကော်ဖီနဲ့ လက်ဖက်ရည်တွေကို တတ်နိုင်သလောက်ရှောင်ပါ။ အသီးဖျော်ရည် နဲ့ အသီးအရွက်ဟင်းရည်တွေက သင့်ကို ကျန်းမာစေပါလိမ့်မယ်။
  • အလုပ်လုပ်နေတဲ့သူဆိုရင်တော့ မီးဖွားခွင့်တင်ဖို့ ပြင်ဆင်ပါတော့။ အလုပ်ထွက်သင့်တဲ့အချိန်ဆိုတာ မရှိပါဘူး။ တချို့အမျိုးသမီးတွေဆိုရင် မီးဖွားသည်အထိ အလုပ်လုပ်ကြပါတယ်။
  • ခုနက ပြောခဲ့သလိုမျိုး ကိုယ်ဝန်နဲ့ပတ်သက်ပြီး ပြဿနာနည်းနည်းရှိခဲ့မယ်ဆိုရင် အိပ်ရာပေါ်မှာပဲအချိန်ကုန်ရတော့မှာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဘာမှမလုပ်ရတဲ့အတွက် ပျော်နေနိုင်ပေမယ့် ကြာလာရင်ပျင်းလာမှာပါ။ အဲ့အတွက် အစီအစဉ်ဆွဲထားသင့်ပါတယ်။
From Kalay with


Comments

0 comments
Latest video