ကိုယ်ဝန်ဆောင်သက်တမ်း (၂၂)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ဒီအချိန်မှာ ခြေထောက်သွေးကျတာနဲ့ အဖြူဆင်းတာများတာမျိုးတွေကြုံတွေ့ ရနိုင်ပါတယ်။ ကလေးက ဘယ်လိုကြီးထွားလာနေပြီလဲ ဘာတွေလုပ်သင့်လဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအချိန်မှာ အစောပိုင်းတုန်းကလို ပျို့ချင်အန်ချင်ဖြစ်တာ ပင်ပန်းတာမျိုးတွေ မရှိတော့တာကြောင့် ဘဝက သာယာနေမှာပါ။ ခန္ဓာကိုယ်မှာ သိသာမြင်သာတဲ့ ပြောင်းလဲမှုလေးတွေဖြစ်နေပါပြီ။ ကိုယ်ဝန်ဒုတိယအဆင့်ကို ပြီးဆုံးတော့မှာဖြစ်ပြီး ဗိုက်ကပိုထွက်လာသလို ဆာလောင်မှုကလည်းပိုတိုးလာနေပါပြီ။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

(၂၈) စင်တီမီတာနဲ့ (၄၅၀) ဂရမ်လေးတဲ့ သန္ဓေသားလေးက (သင်္ဘောသီးအရွယ်လောက်) မွေးကင်းစကလေး အသေးစားလေးနဲ့ တူပါတယ်။ မျက်ခုံး၊ မျက်ခွံနဲ့ ပါးစပ်တွေက ကောင်းစွာဖွံ့ဖြိုးနေပါပြီ။ သွားဖုံးအောက်မှာ သွားဖုံးပေါက်လေးတွေလည်း ဖွံ့ဖြိုးလာပါပြီ။ မျက်ဆံလေးတွေ မရှိသေးပေမယ့် မျက်လုံးကတော့ ဖွံ့ဖြိုးပြီးဖြစ်ပါတယ်။ ခြေသည်းလက်သည်းတွေလည်းရှိနေပြီဖြစ်ပါတယ်။

သန္ဓေသားကို vernix လို့ခေါ်တဲ့ ဖယောင်းလိုအလွှာရယ် မွှေးညှင်းလေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒါကအောက်မှာ ဖွဲ့စည်းနေတဲ့ အရေပြားကို အကာအကွယ်ပေးပါတယ်။ အရေပြားမှာ အတွန့်တွေအများကြီးရှိနေပေမယ့် လုံလောက်တဲ့အဆီပမာဏရရင် ပျောက်သွားမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ဟော်မုန်းထုတ်ရာမှာ ကူညီပေးမယ့် ပန်ကရိယလည်း ဖွံ့ဖြိုးလာနေပါပြီ။ လမ်းလျှောက်နေတဲ့အချိန် စကားပြောတဲ့အချိန် စာဖတ်တဲ့အချိန်နဲ့ သီချင်းဆိုတဲ့အချိန်မှာ ကလေးကိုကြားစေချင်တာက ကျိုးကြောင်းညီညွတ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဒီအချိန်မှာ ဗိုက်ကတော့ လက်သံလိုက်ဖြစ်နေမှာပါ။ ပြီးတော့ လူတွေက ကိုယ့်ကို ရှိသင့်တာထက်ပိုသေးတယ် ပိုကြီးတယ်ဆိုပြီး ဝေဖန်ကြပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်ချင်းစီမှာ သူ့နှုန်းနဲ့သူရှိပါတယ်။ အရေးကြီးတာက ကလေးရဲ့ကြီးထွားမှုကို အတည်ပြုဖို့ ဆရာဝန်ဆီကို ပုံမှန်သွားရောက်ပြသဖို့ပါပဲ။ ကြီးထွားလာတဲ့ကလေးအတွက် နေရာချဲ့ရခြင်းကြောင့် ဗိုက်မှာ အကြောပြတ်နေတာတွေကိုလည်း တွေ့ရပါလိမ့်မယ်။

အနည်းဆုံးတော့ ကိုယ်ဝန်ဆောင်တစ်ဝက်လောက်က မီးဖွားတဲ့အချိန်ရောက်ခါနီးရင် အကြောပြတ်တာတွေကို ကြုံတွေ့ရပါတယ်။ အကြောင်းလေးတွေက အသားအရောင်ပေါ်မူတည်ပြီး အပန်းရောင်ကနေ အညိုပုတ်ရောင်အထိရှိပါတယ်။ ပုံမှန်အားဖြင့် ဝမ်းဗိုက်မှာသာ ဖြစ်လေ့ရှိပေမယ့် တင်ပါး၊ ပေါင်နဲ့ ရင်သားမှာပါဖြစ်နိုင်ပါတယ်။ လိုးရှင်းတွေက အကြောမပြတ်အောင်ကူညီပေးနိုင်တယ်လို့မပြောနိုင်ပေမယ့် အသားအရည်ကို အစိုဓာတ်ထိန်းထားခြင်းက အကြောပြတ်ခြင်းကြောင့် ယားယံတာတွေကို အကူအညီဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၂၂)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

ပိတ်ရက်အစီအစဉ်ဆွဲပါ

ကလေးမမွေးခင် ခဏနားဖို့ စဉ်းစားရမယ့်အချိန်ဖြစ်ပြီး  ခရီးသွားလာလို့ အဆင်ပြေနေသေးတဲ့ အနေအထားမှာရှိပါတယ်။ လေကြောင်းလိုင်းအများစုက ကိုယ်ဝန်ဆောင်တွေကို တားမြစ်ထားပြီး ကိုယ်ဝန် (၃၆) ပတ်ကျော်ရင် ဆေးလက်မှတ် တောင်းပါတယ်။ တကယ်လို့ ကိုယ်ဝန်က ပထမဆုံးမဟုတ်ပဲ အခြားပြဿနာတွေရှိခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ်ဝန် (၃၂) ပတ်နဲ့တင် တားမြစ်ထားပါတယ်။

နာက်ကျောအောက်ပိုင်းနာတာက ပုံမှန်ပဲဖြစ်ပြီး ကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်ပါတယ်

မွေ့ရာကိုသေချာစစ်ဆေးပါ။ ကွေးကျနေတာမျိုးဆိုရင်တော့ မသုံးသင့်တော့ပါဘူး။  တစ်နေ့တာရဲ့ သုံးပုံပုံ တစ်ပုံလောက်ကို ကုတင်ပေါ်မှာကုန်ဆုံးရမှာဖြစ်တဲ့အတွက် သက်တောင့်သက်သာဖြစ်စေတဲ့အရာကို သာရွေးချယ်ပါ။

တင်ပါးဆုံကြွက်သားတွေကိုလည်းဂရုစိုက်ပါ

ကြွက်သားအတွက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ထပ်ခါထပ်ခါလုပ်ရတဲ့ ထိခိုက်စေနိုင်တဲ့လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂ သို့ Pilatesလေ့ကျင့်ခန်းတွေက ပိုကောင်းပါတယ်။

ကလေးစောင့်ရှောက်ရေးစင်တာကို ရှာထားပါ

မွေးလာမယ့်ကလေးအတွက် စောင့်ရှောက်ရေးစင်တာ အဆင်သင့်ဖြစ်နေပါစေ။ အဲ့လိုအဆင်သင့်ဖြစ်နေခြင်းက ကိုယ်ဝန်တတိယအဆင့်မှာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ကလေးနဲ့လည်း ပိုရင်းနှီးစေမှာပါ။

ကလေးအဝတ်အစားတွေဝယ်ထားပါ

ကလေးအတွက် အနှီးနဲ့ တခြားအဝတ်အစားတွေ လုံလောက်မှုရှိနေပါစေ။ မွေးဖွားပြီးချိန်မှ ကလေးပစ္စည်းတွေ သွားဝယ်ချင်မှာ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင် ခေါင်းအုံးဝယ်ထားပါ

ဗိုက်တဖြည်းဖြည်းပိုကြီးလာတဲ့အချိန်မှာ တတ်နိုင်သလောက် သက်တောင့်သက်သာဖြစ်စေမယ့် ကိုယ်ဝန်ဆောင်ခေါင်းအုံးကို ဝယ်ထားပါ။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်စေပြီး ပင်ပန်းနွမ်းနယ်တာကို လျော့ကျစေမှာပါ။

From Kalay with


Comments

0 comments
Latest video