ကိုယ်ဝန်ဆောင်သက်တမ်း (၂၀) ပတ်

by: Khin Nyein Lwin
 0 comments  0 love

မေမေတို့ ပျို့အန်တာတွေ မူးတာတွေစတဲ့ အစောပိုင်း ဝေဒနာတွေ ပျောက်ကင်းသွားပြီး  ပိုပြီး အားအင်တွေပြည့်နေပြီး ရွှင်လန်းနေပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်သက်တမ်း အပတ် (၂၀) ရှိသွားပြီဆိုတော့ ကိုယ်ဝန်ဆောင်ကာလ တစ်ဝက်ကိုရောက်နေပါပြီ။ ပျို့အန်တာတွေ မူးတာတွေစတဲ့ အစောပိုင်း ဝေဒနာတွေ ပျောက်ကင်းသွားပြီး  ပိုပြီး အားအင်တွေပြည့်နေပြီး ရွှင်လန်းနေပါလိမ့်မယ်။ ( တချို့ကိုယ်ဝန်သည်တွေကတော့ ပင်ပန်းနွမ်းနယ်တာနဲ့ နာကျင်မှုတွေကိုခံစားနေရနိုင်ပါတယ်။) ဒီအပတ်မှာတော့ ကလေးနဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကလေးက (၂၇) စင်တီမီတာလောက်ရှိပြီး ဝိတ်ကတော့ (၃၄၀) ဂရမ်လောက်ရှိနေပါပြီ။ ငှက်ပျောသီးအရွယ် လောက်ဖြစ်ပါတယ်။  ကိုယ်ဝန်အပတ် (၂၀) အထိ သန္ဓေသားကို ဦးခေါင်းပေါ်ပိုင်းမှ တင်ပါးအဆုံးအထိတိုင်းပြီး နောက်ပိုင်းမှာတော့ ခေါင်းကနေ ခြေထောက်အထိတိုင်းပါတယ်။ အစာစုပ်ယူမှုအားကောင်းလာပြီး အစာချေဖျက်တဲ့ စနစ်ကလည်း ပိုကောင်းလာပါတယ်။ ပထမဆုံးသော အမဲရောင်ကပ်စေးစေး အညစ်အကြေးကိုလည်း ထုတ်ပေးနေပါပြီ။ ဒါတွေကို အူမကြီးထဲမှာစုဆောင်းထားပြီး မွေးဖွားပြီးတဲ့အချိန်မှာ အပြင်ကို စွန့်ထုတ်မှာဖြစ်ပါတယ်။ တချို့ကလေးတွေကတော့ ဝမ်းခေါင်းထဲမှာ သို့ မွေးဖွားနေစဉ်အတွင်း စွန့်ထုတ်တတ်ကြပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ကာလတစ်ဝက်ကိုရောက်နေပါပြီ။ သားအိမ်အပေါ်ပိုင်းက ချက်အထိရောက်နေပြီး ဝိတ် (၅) ကီလိုလောက် တိုးနေနိုင်ပါပြီ။ အခုကနေစပြီး တစ်ပတ်ကို တစ်ပေါင်နှုန်းတက်လာတော့မှာ ဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်က အရမ်းပိန်ခဲ့တဲ့သူဆိုရင်တော့ ဝိတ်ပိုတိုးလာနိုင်ပြီး ဝခဲ့သူဆိုရင်တော့ နည်းနည်းပဲ ပိုတိုးလာနိုင်ပါတယ်။ ဒီအချိန်မျိုးမှာ အောက်စီဂျင်သယ်ဆောင်ပေးမယ့် ဟေမိုဂလိုဘင် ဒြပ်ပေါင်းအများကြီး ထုတ်လုပ်ဖို့လိုတာကြောင့် သံဓာတ် လုံလုံလောက်လောက်ရရှိဖို့က အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း တိုးလာတဲ့သွေးပမာဏကြောင့် သာမက ကလေးနဲ့အချင်းအတွက်ပါ သံဓာတ် ပိုလိုအပ်တာဖြစ်ပါတယ်။ အနီရောင်အသား၊ ဥအမျိုးမျိုးတို့က သံဓာတ်တိုးစေနိုင်တဲ့အတွက် စားသုံးပေးပါ။ အသီးအရွက်ရင်းမြစ်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်၊ ကန်စွန်းရွက်၊ စပျစ်သီးခြောက်၊ ဇီးဖျော်ရည်နဲ့ သံဓာတ်ပါတဲ့ ကောက်နှံထုတ်ကုန်တွေကို စားခြင်းဖြင့်လည်း သံဓာတ်ရယူနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း အပတ် (၂၀) ရဲ့ စားသောက်မှုပုံစံ

ကလေးအတွက်အစားအစာ

ကလေးရဲ့သွားနဲ့ အရိုးကိုသန်မာစေအောင် ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီ လုံလောက်စွာရဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဗီတာမင် D ကြွယ်ဝတဲ့ နွားနို့နှစ်ခွက်သောက်ပေးပါ။ ငါးကလည်း အိုမီဂါ – 3၊ ဖက်တီးအက်ဆစ် နဲ့ ဗီတာမင် D ပါတာကြောင့် စားပေးရပါမယ်။ ဗီတာမင် D ထုတ်နိုင်အောင် တစ်နေ့ကို နာရီဝက်ခန့် နေရောင်ထိပေးဖို့လည်း လိုပါတယ်။ နေစာလှုံတဲ့အချိန်မှာ UVကာကွယ်တာနဲ့ လိုတာထက်ပိုပြီး မလုပ်မိဖို့ အကြံပေးချင်ပါတယ်။

မိခင်အတွက်အစားအစာ

ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့ထွက်ပစ္စည်းတွေကို များများစားပေးပါ။ သွားနဲ့အရိုးကျန်းမာရေးအတွက်သာမက  နာဗ့်လမ်းကြောင်းနဲ့ ကြွက်သားကျုံ့ခြင်းဆန့်ခြင်းအတွက်ပါ အရေးပါပါတယ်။ ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်တက်ချက်ရောဂါ (preeclampsia) ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ တရုတ်ဆီးသီး (အခြောက်)၊ အယ်လ်မွန်စေ့၊ အဆီထုတ်ဒိန်ခဲ၊ ကုလားပဲ၊ ပဲစိမ်းဘူး၊ အဆီထုတ်နွားနို့၊ နှမ်းအနှစ်၊ အဆီထုတ် ဒိန်ချဉ်၊ ကန်စွန်းရွက်နဲ့ အရိုးပါတဲ့ ငါးသေတ္တာစတဲ့ အစားအစာတွေက ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ ဖြစ်ပါတယ်။

 မုန့်ပဲသရေစာနှင့် ဖျော်ရည်များ

အသီး၊ အသီးဖျော်ရည် သို့ နို့တို့ကို သရေစာအနေနဲ့စားပါ။ တရုတ်ဆီးသီးအခြောက်နဲ့ အဆီထုတ်ထားတဲ့ ဒိန်ခဲအပျော့နဲ့ အယ်လ်မွန်စေ့တို့လည်း စားနိုင်ပါတယ်။ ညအိပ်ချိန်မှာ ဗိုက်ဆာရင် နွားနို့ သို့ ဆေးလက်ဖက်ရည်ကို သောက်ပေးပါ။ အခြားဖျော်ရည်တွေအပြင် တစ်နေ့ကို ရေ ခြောက်ခွက်ကနေ ရှစ်ခွက်အထိသောက်ပေးပါ။

From Kalay with


Comments

0 comments
Latest video