ကိုယ်ဝန်ဆောင်သက်တမ်း (၁၉)ပတ်

by: Khin Nyein Lwin
 1 comments  2 love

ကိုယ်ဝန်ဆောင်ကာလရဲ့ လမ်းတစ်ဝက်ရောက်နေပြီဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ဖြစ်ပွားနေချိန်ဖြစ်ပါတယ်။ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့အချိန်ပါပဲ

မိခင်ကော ကလေးအတွက်ပါအရေးကြီးတဲ့ မှတ်တိုင်တစ်ခုကိုရောက်နေပါပြီ။ ကိုယ်ဝန်ကာလရဲ့ အလယ်ကိုရောက်နေပြီဖြစ်ပြီး ခန္ဓာကိုယ်နှစ်ခုလုံး အတွင်းမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ မိခင်လောင်းကတော့ ခန္ဓာကိုယ်တွင်းပြောင်းလဲနေမှုတွေနဲ့အတူ ပိုပြီးသက်တောင့်သက်သာရှိနေမှာပါ။

ကလေးအရွယ်အစားက သရက်သီးအကြီးအရွယ်ပမာဏရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

အာရုံခံအင်္ဂါတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာနေပါပြီ။ အနံ့၊ အရသာ၊ အသံ၊ အမြင်နဲ့ အထိအတွေ့အာရုံခံစားမယ့် နေရာတွေကို ဦးနှောက်က နေရာချပေးနေပြီဖြစ်ပါတယ်။  လေ့လာချက်အချို့မှာ ကလေးတွေက အသံကိုကြားနေရပြီဖြစ်တဲ့အတွက် စာအုပ်ကို ကျယ်ကျယ်ဖတ်တာ၊ သူနဲ့စကားပြောတာ၊ တကယ်လို့ စိတ်ပါရင် ပျော်ရွှင်မှုပေးတဲ့ သီချင်းတွေပါဆိုဖို့ တိုက်တွန်းပါရစေ။ ကိုယ်အလေးချိန်က (၃၀၀) ဂရမ်ရှိနေပြီး (၂၅.၅) စင်တီမီတာအရှည်ရှိနေပါပြီ။ သရက်သီး အကြီးမျိုးအရွယ်လောက်ရှိနေပါပြီ။

ခြေတွေလက်တွေက အချိုးကျနေပြီဖြစ်ပြီး ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း အတူတူပင်ဖြစ်ပါတယ်။ ကျောက်ကပ်ကဆီးတွေ ဆက်ထုတ်ပေးနေပြီး ဦးခေါင်းခွံမှာ အမွှေးတွေထွက်လာနေပါပြီ။ ရေမြွှာကြောင့် အရေပြားတွေ နွမ်းခြင်းကိုကာကွယ်ပေးဖို့ ဖယောင်းလို အလွှာလေးလဲ ရှိနေပါတယ်။

သားအိမ်မှာရှိနေတဲ့ အရွတ်လေးက တိုးလာတဲ့ဝိတ်ဒဏ်ကို ခံနေရတဲ့ အချိန်ဖြစ်ပါတယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

အခုကိုယ့်ကိုယ်ကို ဗိုက်အနေအထားက အရမ်းကြီးနေပြီလို့ထင်နေပြီလား။ နောက်အပတ်တွေဆိုရင် ဗိုက်ကပိုထွက်လာမှာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ နာကျင်မှုကိုခံစားရမှာဖြစ်ပြီး တစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံးမှာ ထိုးနေသလိုမျိုး နာကျင်နေနိုင်ပါတယ်။ အထူးသဖြင့် အနေအထားပြောင်းတာ၊ အရမ်းလှုပ်ရှားမှုများတဲ့နေ့မျိုးမှာ ဖြစ်နိုင်ပါတယ်။ ဒါကအရွတ်နာကျင်မှုဖြစ်ပါတယ်။ သားအိမ်မှာရှိနေတဲ့ အရွတ်လေးက တိုးလာတဲ့ဝိတ်ဒဏ်ကို ခံနေရတဲ့အတွက်ဖြစ်ပါတယ်။ အရမ်းသတိထားရမယ့် အရာမျိုးမဟုတ်ပေမယ့် နားနေတုန်းမှာလည်း ဆက်နာကျင်တာမျိုး ဒါမှမဟုတ် နာကျင်မှုပြင်းထန်လာရင်တော့ ဆရာဝန်ခေါ်သင့်ပါတယ်။

အသားအရည်ပြောင်းလဲလာတာကိုလည်း သတိပြုမိမှာပါ။ လက်ဖဝါးတွေက အနီရောင်သန်းနေလား။  စိတ်ပူစရာမလိုပါဘူး ။ Estrogen ဟော်မုန်းအထွက်များတာကြောင့် ဖြစ်ပါတယ်။ အရောင်ဓာတ်တွေများ လာတာကြောင့် အရေပြားမှာ အညိုကွက်တွေလည်းဖြစ်လာနိုင်ပါတယ်။ အညိုကွက်တွေက အပေါ်နှုတ်ခမ်း၊ ပါးနဲ့ နဖူးတွေမှာဖြစ်ရင်တော့ “ကိုယ်ဝန်ဆောင်မျက်နှာဖုံး”လို့ ခေါ်ကြပြီး နို့သီးခေါင်း၊ တင်းတိပ်၊ အမာရွတ်၊ ဂျိုင်းကြား၊ ပေါင်ခြံနဲ့  မိန်းမအင်္ဂါစပ်တွေက ပိုပြီးညိုမည်းလာပါမယ်။ ဝမ်းဗိုက်အောက်ပိုင်းကနေ ဆီးခုံရိုး အပေါ်ပိုင်း ကြားထဲမှာပြေးနေတဲ့ အညိုမည်းလိုင်းကို “dark line”လို့ ခေါ်ပါတယ်။

မွေးဖွားပြီးရင်တော့ ဒီအညိုအမည်းတွေက ပြန်ပျောက်သွားမှာပါ။ ဒီအချိန်အတွင်းမှာတော့ အညိုအမည်းတွေကို အားပေးတဲ့ နေရောင်က ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ နေရောင်ထဲသွားရင် တစ်ကိုယ်လုံးဖုံးထားပါ၊ cap ပါတဲ့ဦးထုပ်မျိုးဆောင်းပါ။ နေရောင်ကာကွယ်တဲ့လိုးရှင်းတွေလိမ်းပေးပါ။ အညိုအမည်းကွက်တွေကို မိတ်ကပ်အနည်းငယ်သုံးပြီး ဖုံးထားနိုင်ပါတယ်။

အမေ၊ အဖေနဲ့ အခြားမိသားစုဝင်တွေကပါ ကလေးကို သူတို့အသံတွေနဲ့ ရင်းနှီးမှုရအောင် စကားပြောပေးသင့်ပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၉)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

 ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင်ထားပါ

အစကဖော်ပြထားတဲ့အတိုင်း ကလေးရဲ့အာရုံခံအင်္ဂါတွေက ဖွံ့ဖြိုးလာပြီဖြစ်တဲ့အတွက် အသံတွေကိုကြားနိုင်နေပါပြီ။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ အေးအေးလူလူနေဖို့ လိုအပ်တဲ့အချိန်ဖြစ်ပါတယ်။ ဆူညံတဲ့နေရာတွေက ကလေးကို စိတ်အနှောက်အယှက်ဖြစ်စေတာကြောင့် တတ်နိုင်သလောက်ရှောင်ပါ။

 ကလေးစောင့်ရှောက်ရေးစင်တာတွေကို စရှာထားပါ

ကလေးစောင့်ရှောက်ရေးစင်တာတွေမှာ အကောင်းဆုံးနေရာတွေက စောင့်ရတဲ့အတွက် ရှာဖို့စောသေးတယ်ဆိုတာမျိုး ဘယ်တော့မှ မဖြစ်ပါဘူး။ ဒါမှ ကလေးတန်းလန်းနဲ့ နာနီရှာရတာမျိုး မဖြစ်မှာပါ။ နာနီငှားတာအစ နေ့ကလေးစောင့်ရှောက်ရေးစင်တာ အိမ်အကူငှားတာ သို့ မွေးကင်းစကလေးကို ထိန်းဖို့ ဆွေမျိုးနီးချင်းကို အကူအညီတောင်းတာအဆုံး ဖြစ်နိုင်ခြေရှိတာအားလုံး စဉ်းစားထားပါ။ ဘယ်လိုအကူအညီတွေရယူမယ်ဆိုတာမသိသေးပေမယ့် သင်အကူအညီတောင်းချင်တဲ့လူစာရင်းကိုလည်း တစ်ခါတည်းချရေးထားလိုက်ပါ။

 ကလေးနဲ့ စကားပြောပါ

ကလေးနဲ့ရင်းနှီးအောင် စပြီး လုပ်ဆောင်သင့်နေပါပြီ။ အမေ၊ အဖေနဲ့ အခြားမိသားစုဝင်တွေကပါ ကလေးကို သူတို့အသံတွေနဲ့ ရင်းနှီးမှုရအောင် စကားပြောပေးသင့်ပါတယ်။ ကလေးကလည်းဒါကို ကြားနိုင်တာကြောင့် အလဟသတော့ မဖြစ်ပါဘူး။

 ကလေးအတွက် သီချင်းတွေဖွင့်ပေးပါ

ဂီတဆိုတာ စိတ်အတွက် ဓာတ်စာဖြစ်ပါတယ်။ သာယာငြိမ့်ညောင်းတဲ့အသံကြောင့် ကလေးက ဆိတ်ငြိမ်တဲ့အရသာကို ခံစားကြည့်နိုင်ပါလိမ့်မယ်။ ကလေးကို ပျော်ရွှင်စေပြီး စိတ်ငြိမ်စေပါတယ်။ နားဝင်ချိုတဲ့ ဂန္တဝင်ဂီတ သို့ ဂျက်စ် ဂီတအမျိုးအစားတွေကို ဖွင့်ပေးပါ။

From Kalay with


Comments

0 comments
Latest video