ကိုယ်ဝန်ဆောင်သက်တမ်း (၁၇) ပတ်

by: Khin Nyein Lwin
 10 comments  26 love

ပထမကိုယ်ဝန်ဆောင် မိခင်တွေအတွက်ကတော့ ဗိုက်ထွက်လာပြီဖြစ်ပြီး ကလေးကလည်းစပြီး ကန်လာတဲ့အချိန်ဖြစ်တဲ့အတွက် မှတ်တိုင်တစ်ခုဖြစ်မှာပါ။

ကိုယ်ဝန်(၁၇)ပတ်မှာ ဗိုက်ထွက်လာပြီဖြစ်တဲ့အတွက် ကိုယ်ဝန်ကပိုသိသာလာပါပြီ။ ဒီအချိန်မှာ ယောက်ျားလေးလား မိန်းကလေးလားဆိုတာထက် ကိုယ်ဝန်ဆောင်နဲ့ဆိုင်တဲ့ ဘယ်သင်တန်းတွေကို တက်မလဲဆိုတာကို ပိုပြီးဦးစားပေး စဉ်းစားပါ။ ဒီလိုမျိုးတွေကို ရွေးချယ်ပြီးသွားရင်တော့ ကိုယ်ဝန်သည်ဘဝက ပိုပြီးအသက်ဝင်လာပါပြီ။ စိတ်တွေလှုပ်ရှားနေပြီဖြစ်ပြီး အပတ်စဉ်ဆရာဝန်ဆီကို ဆေးစစ်ဖို့ ပုံမှန်သွားခြင်းက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့နေပါပြီ။

ကိုယ်ဝန်ဆောင်(၁၇)ပတ်မှာ ကလေးအရွယ်အစားက ကြက်သွန်ဥတစ်လုံးပမာဏဖြစ်ပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကလေးလေးက အခုဆိုရင် (၁၁) စင်တီမီတာရှိနေပြီး (၅) အောင်စလောက်လေးနေပါပြီ။ ကိုယ်ဝန်သက်တမ်း ကြာလာတာနဲ့ ကလေးရဲ့အရိုးတွေကလည်းပို သန်မာလာနေပါပြီ။ ချက်ကြိုးကလည်းပိုထူလာပြီး ပိုရှည်လာပါပြီ။ အကြားအာရုံကလည်း လျင်လျင်မြန်မြန် တိုးတက်လာပြီး နားရွက်ကလည်း နောက်ဆုံးသူ့နေရာကို ရောက်သွားပါပြီ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချွေးဂလင်းတွေထွက်လာပြီဖြစ်ပြီး ကျောရိုးနာဗ့်ကြိုးကိုတော့  myelinလို့ခေါ်တဲ့ အဆီလွှာတစ်ခုဝန်းရံကာကွယ်လိုက်ပါပြီ။ ကလေးက ပုံပိုပေါ်လာပြီး ကိုယ်ခန္ဓာကလည်း ဖွံ့ဖြိုးကြီးထွားလာနေတာကြောင့် အရင်ကလို ခေါင်းကြီးနေတာမျိုး လည်းမဖြစ်တော့ပါဘူး။ ခြေတွေလက်တွေကလည်း ဦးခေါင်းကို ကျော်လွန်သွားပြီဖြစ်ပါတယ်။

ကလေးက ပုံပိုပေါ်လာပြီး ကိုယ်ခန္ဓာကလည်း ဖွံ့ဖြိုးကြီးထွားနေပါတယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဗိုက်ထွက်လာပြီဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ ယိမ်းယိုင်တာ၊ ခြေမခိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဗိုက်ကအရွယ် အစားကြီးလာတာကြောင့် ခန္ဓာကိုယ် ဗဟိုချက် ပြောင်းလဲသွားတာကြောင့်ဖြစ်ပါတယ်။ မိခင်ရော ကလေးအတွက်ရော အန္တရာယ်ရှိနိုင်တဲ့ ချော်လဲတာမဖြစ်အောင်လို့ အတတ်နိုင်ဆုံး ဖိနပ်အမြင့်တွေ မစီးပါနဲ့။ မျက်လုံး ပိုခြောက်တာမျိုးဖြစ်လာနိုင်ပါတယ်။ မျက်ကပ်မှန် တပ်မယ်ဆိုရင် အဆင်မပြေဖြစ်ပြီး နာကျင်လာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ကလေးမွေးဖွားပြီးသည်အထိ ရိုးရိုးမျက်မှန်ကိုသာ တပ်ပြီး မျက်စဉ်းဆေးတွေ ထည့်ပေးပါ။

ကိုယ်ဝန် ၁၇ပတ်မှာလုပ်ဆောင်ရမယ့်အချက်များ

အဖုအပိမ့်ထွက်တာနဲ့ ဓာတ်မတည့်တာတွေကို ဖြေရှင်းပါ

ကိုယ်ဝန်ဆောင်စဉ်အတွင်း အဖုအပိမ့်ထွက်တာနဲ့ ဓာတ်မတည့်တာမျိုးတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူတွေဆီမှာ ဖြေရှင်းနည်းတွေတောင်းပါ။ အိပ်ပုံ၊ ထိုင်ပုံ၊ သွားပုံလာပုံတွေကို ပြောင်းလဲခြင်းကလည်း ကသိကအောက်ဖြစ်တာတွေကို လျော့ကျပေးစေနိုင်ပါတယ်။ ဒါပေမယ့် ဆေးသောက်တော့မယ်ဆိုရင်တော့ ဆရာဝန်ရဲ့ခွင့်ပြုချက်ကို အရင်ယူသင့်ပါတယ်။

 ကလေးနာမည် စာရင်းတွေစလုပ်ပါ

အခုချိန်မှာ  ကလေးအတွက် နာမည်ရွေးရပါတော့မယ်။ ကလေးနာမည်စာရင်းတွေလုပ်ထားပြီး ကိုယ့်အမျိုးသားကိုလည်း ဒီလိုပဲလုပ်ခိုင်းပါ။ မကြိုက်တဲ့နာမည်တွေကို ဖယ်ပြီး နောက်ဆုံးမှာ နှစ်ဦးသဘောတူ နာမည်တစ်ခုရလာမှာပါ။ လိုချင်တဲ့အချက်တွေကို ထည့်သွင်းစဉ်းစားလိုက်ရင်တော့ ရွေးချယ်ရမယ့် ဘောင်နည်းသွားပါလိမ့်မယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x