ကိုယ်ဝန်ဆောင်သက်တမ်း (၁၆)ပတ်

by: Khin Nyein Lwin
 0 comments  0 love

အခုအချိန်အထိ ဝိတ် (၂) ကီလိုကနေ (၄.၅) ကီလိုအထိ တက်လာနိုင်ပါတယ်။ ကလေးကကောဒီအပတ်မှာ ဘယ်လိုတွေ ကြီးထွားဖွံ့ဖြိုးလာမှာလဲ။

ကိုယ်ဝန်ဒုတိယအဆင့်ကို ဝင်ရောက်နေပြီဖြစ်ပြီး အရင်အဆင့်ကခံစားခဲ့ရတဲ့ ဝေဒနာတွေကလည်း ပျောက်သွားပြီဖြစ်ပြီး အားတွေပိုပြည့်နေပါလိမ့်မယ်။ ဒီအချိန်က ကိုယ်ဝန်ဆောင်တွေအားလုံးအတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအဆင့်အတွင်းမှာတော့ ကလေးက chromosomal မူမမှန်တာတွေ ရှိမရှိစစ်ဆေးတာနဲ့ပတ်သက်ပြီး စစ်ဆေးမှု အများကြီးလုပ်ရပါမယ်။ 

သန္ဓေသားက ၁၃စင်တီမီတာရှိပြီး ၁၄၀ဂရမ်လေးကာ ထောပတ်သီးအရွယ်လောက်ရှိနေပါပြီ

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

နောက်လာမယ့်အပတ်တွေမှာ သန္ဓေသားက ကြီးထွားမှု ပိုမြန်လာတော့မှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်က နှစ်ဆတိုးလာပြီး အရပ်လည်းရှည်လာပါမယ်။ ဒီအပတ်မှာတော့ သန္ဓေသားက (၁၃) စင်တီမီတာရှိပြီး (၁၄၀) ဂရမ်လေးကာ ထောပတ်သီးအရွယ်လောက်ရှိနေပါပြီ။ ခန္ဓာကိုယ်က ပိုဖွံ့ဖြိုးလာပြီး ဦးခေါင်းက သက်သက်ကိုကွဲထွက်လာနေပြီး မျက်လုံးကလည်းရှေ့ကို ပိုရောက်လာနေပါပြီ။ နားရွက်ကလည်း နောက်ဆုံးနေရာနဲ့ ပိုနီးလို့လာပါပြီ။ ဦးရေခွံက စပြီးပြားလာသော်လည်း ဆံပင်ပေါက်ခြင်းတော့ မရှိသေးပါဘူး။ ခြေသည်းလက်သည်းလေးတွေကအစ ကြီးလာနေပါပြီ။ ကိုယ်တွင်းမှာလည်း ပြောင်းလဲမှုတွေဖြစ်နေပါတယ်။ ဥပမာ – အခုဆိုရင် သူ့နှလုံးလေးက သွေး (၂၅) ကွက်(quart)ကို ညှစ်ထုတ်ပေးနိုင်နေပြီး ကြီးထွားမှုကနေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။

ကလေးအတွက် ဒီလိုအချိန် နာမည်ဘယ်လိုပေးမလဲဆိုတာ စဉ်းစားထားလို့ ရပါတယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

သားအိမ်အပေါ်ပိုင်းက ချက်နဲ့ ဆီးခုံရိုးကြားထဲမှာ ရှိနေပါတယ်။ သားအိမ်ကို အထောက်အပံ့ပေးနေတဲ့ အရွတ်ဝိုင်းလေးများက သားအိမ်ကြီးလာတာနဲ့ ထူလာပြီး ဆွဲဆန့်လာကြပါတယ်။ အစပိုင်းမှာ ပျို့ချင်အန်ချင်ဖြစ်ခဲ့တာတွေ တဖြည်းဖြည်းပျောက်သွားပြီး နေရတာပိုကောင်းလာမှာပါ။ အသားအရည်ဝင်းလာတာနဲ့ စိတ်မူမမှန်တာနည်းသွားတာကြောင့် ကိုယ့်ကိုယ်ကို ကျန်းမာရေးပြန်ကောင်းလာနေတာကို ခံစားနေရပါလိမ့်မယ်။

မကြာခင်မှာပဲ ကလေးရဲ့လှုပ်ရှားမှုတွေကို ခံစားသိနိုင်ပါတော့မယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ကျေနပ်စရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အမြန်ဆုံးအနေနဲ့ တချို့က ကိုယ်ဝန် (၁၆) ပတ်အစောပိုင်းလောက်ကတည်းက ခံစားသိနိုင်နေပေမယ့် တချို့ကျတော့ ကိုယ်ဝန် (၁၈) ပတ်လောက် သို့ အဲ့ထက်နောက်ကျမှ ခံစားသိနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပထမကိုယ်ဝန်ဆောင် မိခင်တွေကတော့ အပတ် (၂၀) အထိတောင် ကလေးရဲ့လှုပ်ရှားမှုကို ခံစားမသိနိုင်ပါဘူး။ အစောပိုင်းလှုပ်ရှားမှုတွေအနေနဲ့ ပူစီဖောင်းလို နည်းနည်းလေးခုန်သွားသလို သို့ ပြောင်းဖူးပေါက်ပေါက်ဖောက်သလိုလေး ခံစားမိမှာပါ။ ဒီလိုလှုပ်ရှားမှုတွေကို နောက်ပိုင်းအပတ်တွေမှာ ပိုပြင်းထန်လာပြီး အကြိမ်အရေအတွက်လည်း များလာမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ကျန်းမာရေးပြန်ကောင်းလာနေတာကို ခံစားနေရပါလိမ့်မယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၆)ပတ် စားသောက်မှုပုံစံ

 ဗီတာမင်လုံလုံလောက်လောက်စားပါ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဗီတာမင်လုံလောက်စွာ ရရှိခြင်းကလည်း အရမ်းအရေးကြီးပါတယ်။ နေ့စဉ်အနည်းဆုံး လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို (၅) ကြိမ်လောက်စားပေးပါ။ ဟင်းသီးဟင်းရွက်က ဗီတာမင်ဓာတ်ကောင်းကောင်းရနိုင်အောင် အစိမ်း သို့ ပေါင်းပြီးတော့ စားသုံးပေးပါ။ တကယ်လို့ ဗီတာမင်လုံလောက်စွာ မရနေဘူးလို့ထင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး မာတီဗီတာမင်ပါတဲ့ဆေးတွေကို သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် ဘယ်ဆေးကမှတော့ လတ်ဆတ်တဲ့အသီးအရွက်ဆီကရတဲ့ ဗီတာမင်တွေကို အစားမထိုးနိုင်ပါဘူး။

 သံဓာတ်ရဲ့အရေးပါမှု

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း နေ့စဉ် ဗိုက်ထဲက ကလေးအတွက် သွေးနီဥတွေထုတ်လုပ်ပေးရာမှာ ကူညီပေးဖို့ လုံလောက်တဲ့ သံဓာတ်ပမာဏရဖို့ လိုအပ်ပါတယ်။ သံဓာတ်လုံလောက်မှုမရှိလျှင် သွေးအားနည်းခြင်းဖြစ်စေပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အဆီနည်းတဲ့အသား၊ ငါးနဲ့ ဥအမျိုးမျိုးကို နေ့စဉ်စားသုံးပါ။ အသီးအရွက်မဟုတ်တဲ့ အရင်းမြစ်ဆီကရတဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်အားပိုကောင်းပါတယ်။ သံဓာတ်ပါတဲ့ အသီးအရွက်ရင်းမြစ်တွေကတော့ ပဲသီး၊ ပဲနီကလေး၊ ကောက်နှံဖြင့်ပြုလုပ်ထားသော နံနက်စာနဲ့ ကန်စွန်းရွက်တို့ဖြစ်ကြပါတယ်။

အသီးအနှံကရတဲ့သံဓာတ်ကို စုပ်ယူအောင်အားပေးတဲ့ ဗီတာမင် C ပါတဲ့ လီမွန်ရည်တစ်ခွက် ဒါမှမဟုတ် လိမ္မော်သီးကိုပါ တစ်ခါတည်းစားသုံးဖို့ အကြံပြုလိုပါတယ်။ အစားအသောက်တွေကို သံဓာတ်ပိုကောင်းအောင် သံနဲ့ပြုလုပ်ထားတဲ့ မီးဖိုချောင်သုံးအိုးခွက်တွေနဲ့ ချက်ပြုတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ကော်ဖီနဲ့ ဘလက်ခ်တီး နှစ်ခုလုံးက သံဓာတ်စုပ်ယူခြင်းကို အနှောက်အယှက်ပေးနိုင်တာကြောင့် အစာစားပြီးချက်ခြင်း မသောက်မိပါစေနဲ့။

သရေစာနဲ့ဖျော်ရည်များ

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်ပြည့်ဝတဲ့ ဖျော်ရည်တွေကို သောက်သုံးပေးပါ။ သရက်သီး၊ ဒိန်ချဉ်ပါသောဖျော်ရည်တွေနဲ့ သလဲသီးဖျော်ရည်တွေကိုသောက်ပါ။ အရသာရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်ပဲသရေစာတွေစားပေးပါ။ လူး၊ဆပ်၊ အုတ်စပါး သို့ ဂျုံတို့နဲ့ လုပ်ထားတဲ့ ဆန်ပြုတ်၊ ဆန်မုန့် သို့ အသီးအရွက်တွေပါတဲ့ ဂျုံခေါက်ဆွဲစတာတွေကို စားပေးပါ။

 

From Kalay with


Comments

0 comments
Latest video