ကိုယ်ဝန်ဆောင်သက်တမ်း (၁၅)ပတ်

by: Khin Nyein Lwin
 2 comments  1 love

မေမေတို့အတွက် ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ခံစားခဲ့ရတဲ့ မအီမသာဖြစ်တာ၊ မောပန်းတာနဲ့ ပျို့အန်တာတွေကလည်း တဖြည်းဖြည်းလျော့ကျလာနေပါပြီ။

ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန် (၁၅) ပတ်ဆိုတဲ့ ကိုယ်ဝန်ပထမအပတ်ပြီးဆုံးချိန်မှာ စိတ်အေးလက်အေး အနားယူနေတတ်ကြပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ခံစားခဲ့ရတဲ့ မအီမသာဖြစ်တာ၊ မောပန်းတာနဲ့ ပျို့အန်တာတွေကလည်း တဖြည်းဖြည်းလျော့ကျလာနေပါပြီ။ မွေးဖွားရမယ့်ရက်ကလည်း ဝေးနေသေးတာကြောင့် မိခင်လောင်းဘဝကို တစ်ဝကြီးခံစားလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ပတ်(၁၅)ပတ်မှာ ကလေးအရွယ်အစားက လိမ္မော်သီးပမာဏလောက်ရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ဒီအချိန်မှာတော့ သန္ဓေသားရဲ့အရွယ်အစားက (၁၁.၅) စင်တီမီတာလောက်ရှိပါပြီ။ အလေးချိန်က (၁၀၀) ဂရမ်လောက်ရှိနေပြီဖြစ်ပြီး လိမ္မော်သီးအရွယ်လောက်ရှိနေပါပြီ။ ရေမြွှာကသူ့နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းတစ်လျှောက်ဖြတ်စီးနေပါတယ်။ ဒါက အစောပိုင်း အဆုတ်အတွင်း လေအိတ်ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်။ သန္ဓေသားလေးက လက်တွေခြေထောက်တွေအားလုံးကို လှုပ်နိုင်နေပြီဖြစ်ပြီး ခြေထောက်အရှည်က လက်ထက်ပိုသွားပါပြီ။ အလင်းရောင်ကို အာရုံခံနိုင်နေပြီဖြစ်ပေမယ့် မျက်ခွံတွေကတော့ ပိတ်နေဆဲပါပဲ။

ဥပမာ – ဝမ်းဗိုက်ကို အလင်းထိုးလိုက်မယ်ဆိုရင် သန္ဓေသားလေးက အလင်းနဲ့ဝေးရာကို ရွေ့သွားတာကို ခံစားနိုင်ပါတယ်။ အရသာခံတဲ့အဖုလေးတွေလည်း စပြီးဖြစ်ထွန်းလာပါပြီ။ ယောက်ျားလေးလား မိန်းကလေးလားဆိုတာကို အာထရာဆောင်းကတစ်ဆင့် သိနိုင်ပါတော့မယ်။ ဒါပေမယ့်လည်း ကလေးရဲ့ အနေအထားပေါ်မူတည်ပြီး ဖိုမခွဲခြားဖို့ အခက်အခဲရှိနိုင်ပါတယ်။

ဒီအချိန်က ကိုယ်ဝန်သည်အများစုအတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်ဘဝကို နေသားကျနေပြီလို့ ပြောနိုင်ပေမယ့် မတူတဲ့ လက္ခဏာတွေကို ကြုံတွေ့တိုင်း အံ့သြနေရဦးမှာပါ။ အကယ်လို့ နှာခေါင်းပိတ်တယ်ဆိုရင် ဟော်မုန်းတွေပြောင်းလဲတာနဲ့ ချွဲမြှေးပေါ်ကို သွေးဖိအားသက်ရောက်တာ နှစ်ခုပေါင်းရဲ့ သက်ရောက်မှုအနေနဲ့ ယူဆနိုင်ပါတယ်။ တချို့ကိုယ်ဝန်သည်တွေဆိုရင် သွေးပမာဏများလာတာနဲ့ နှာခေါင်းထဲရှိ သွေးကြောကျယ်လာခြင်းကြောင့် နှာခေါင်းသွေးလျှံတာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ ရေမြွှာဆန်းစစ်မှုလုပ်ချင်တယ်ဆိုရင် အခုချိန်နဲ့ ကိုယ်ဝန် (၁၈) ပတ်အတွင်းမှာလုပ်ပါ။ ဒီစစ်ဆေးမှုက မျိုးရိုးဗီဇနဲ့ chromosomal မူမမှန်တာတွေကို သိရှိနိုင်ပါတယ်။ ရလဒ်ကိုစောင့်နေရင်းနဲ့ အရမ်းစိုးရိမ်လာရင်တော့ အမျိုးသမီးအများစုက ဒီစစ်ဆေးမှုကနေပြီး သတင်းကောင်းသာရတတ်ကြတယ်ဆိုတာကို အသိပေးချင်ပါတယ်။

ဒီရက်ပိုင်းတွေမှာ စိတ်ဖိစီးမှုများနေနိုင်ပါတယ်။ အိမ်ထောင်သည်တော်တော်များများက ဒီအချိန်မှာ ကလေးရဲ့ကျန်းမာရေးနဲ့ နောက်ပိုင်းဖြစ်လာမှာတွေကို တွေးပူနေတတ်ကြပါတယ်။ ခန္ဓာကိုယ်ပိုင်း အဆင်မပြေတာတွေလျော့သွားပြီး အင်အားတွေပိုပြည့်လာမယ်။ ဒီအချိန်က ကိုယ်ဝန်သည်အများစုအတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

အိမ်ထောင်သည်တော်တော်များများက ဒီအချိန်မှာ ကလေးရဲ့ကျန်းမာရေးနဲ့ နောက်ပိုင်းဖြစ်လာမှာတွေကို တွေးပူနေတတ်ကြပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၅)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

ဘယ်လိုအိပ်သင့်လဲဆိုတာကို သိထားပါ

ဒီအချိန်က မှန်ကန်တဲ့ ပုံစံအနေအထားနဲ့ အိပ်တတ်၊ ထိုင်တတ်၊ မတ်တပ်ရပ်တတ်၊ လမ်းလျှောက်တတ်အောင် လေ့ကျင့်ဖို့ အချိန်ကောင်းပါပဲ။ ကျန်တဲ့ ကိုယ်ဝန်ဆောင်ချိန်တစ်ဝက်မှာ အနာသက်သာအောင် အတင်းကြီးလေ့ကျင့်ယူရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုကစပြီး လေ့ကျင့်လိုက်ကြရအောင်။

 ကလေးနဲ့ စကားတွေပြောပါ

ပိုရင်းနှီးမှုရအောင် ကလေးနဲ့ စကားတွေစပြောပါ။ နေ့စဉ်လှုပ်ရှားမှုအကြောင်း၊ စာအုပ်၊ သတင်းစာ၊ မဂ္ဂဇင်းဖတ်ပြတာမျိုး တွေလုပ်လို့ရပါတယ်။ လျှို့ဝှက်ထားတဲ့ ဆန္ဒတွေကိုလည်း ပြောပြနိုင်တယ်။ ကလေးတွေအတွက် ဘာသာစကားပိုင်းကို လေ့ကျင့်ပေးခြင်းအတွက် စကားပြောပေးခြင်းက အကောင်းဆုံးပါပဲ။

အမျိုးသားသိထားသင့်သောအချက်များ

အိပ်နေစဉ်အတွင်း အမျိုးသားက ပိုသက်တောင့်သက်သာရှိအောင် ခေါင်းအုံးအနေအထား ပြောင်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ သက်တောင့်သက်သာဖြစ်ပြီး အလွယ်တကူအိပ်ပျော်အောင် ခြေထောက်နှိပ်ပေးတာမျိုး နောက်ကျောနှိပ်ပေးတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။ အိပ်နေတဲ့အချိန်မှာ လိုအပ်တာတွေကို ဖြည့်ဆည်းပေးတာလည်း လုပ်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ညဘက်တစ်ရေးနိုးပြီး လုံးဝပြန်အိပ်မပျော်တော့တဲ့ အချိန်မျိုးဆိုရင်ပေါ့။

From Kalay with


Comments

0 comments
Latest video