ကိုယ်ဝန်ဆောင်သက်တမ်း (၁၃)ပတ်

by: Khin Nyein Lwin
 0 comments  0 love

သန္ဓေသားလေးကတော့ ပဲစိုက်တဲ့အိုးအရွယ်လောက်ရှိနေပါပြီ။ အစာစားချင်စိတ်တွေပိုကောင်းလာပါပြီ။ ဒါကြောင့် ဒီအချိန်မှာ စားနေကျအတိုင်းသာ ဆက်စားပါ။

ကိုယ်ဝန်(၁၃)ပတ်ဆိုတာက ကိုယ်ဝန် ဒုတိယအဆင့်ကို တရားဝင် ရောက်နေပြီဖြစ်ပါတယ်။ ကြီးမားတဲ့ မှတ်တိုင်တစ်ခုပါ။ အစပိုင်းမှာ လုပ်ခဲ့တဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေကို ဆက်လုပ်သင့်ပါတယ်။ မိခင်ရဲ့ခန္ဓာကိုယ်က ပိုပြီးတောင်ပြောင်းလဲလာနေပါပြီ။ အချိန်အကြာကြီးကျန်းမာအောင် နေထိုင်ဖို့လိုနေပါသေးတယ်။

ကလေးအရွယ်အစားက ပဲစေ့စိုက်တဲ့အိုးအရွယ်လောက်သာရှိသေးပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကလေးရဲ့လက်ချောင်းသေးသေးလေးတွေမှာ လက်ဗွေရာတွေပေါ်လာနေပါပြီ။ ပါးလွှာလွန်းတဲ့အရေပြားအောက်က သွေးကြောမျှင်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထင်ထင်ရှားရှားမြင်နေရပြီး ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါပြီ။ ဦးခေါင်းက သုံးပုံတစ်ပုံသာရှိပါတော့တယ်။ တကယ်လို့ မိန်းကလေးဆိုရင်တော့ မျိုးဥအိမ်မှာ မမျိုးဥ (၂) သန်းကျော်ရှိနေပါပြီ။ အရွယ်အစားကတော့ ပဲစေ့စိုက်တဲ့အိုးအရွယ်လောက်သာရှိပါသေးတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဒီအပတ်က ကိုယ်ဝန်ပထမအဆင့်ရဲ့နောက်ဆုံးအပတ်ဖြစ်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေက အစောပိုင်းကာလတွေထက် လျော့သွားပါပြီ။ နောက်အပတ်ဆိုရင် ကိုယ်ဝန်ဒုတိယအဆင့် စတော့မှာဖြစ်ပြီး ကိုယ်ဝန်အစောပိုင်း ကာလမှာဖြစ်တဲ့ ပျို့အန်တာနဲ့ ပင်ပန်းနွမ်းနယ်တာမျိုးတွေ သက်သာလာတော့မှာပါ။ ပိုကောင်းတဲ့သတင်းကတော့ အမျိုးသမီး တော်တော်များများက ဒီအချိန်မှာ ချစ်တင်းနှောချင်စိတ်ပိုများလာတာပဲဖြစ်ပါတယ်။ မွေးဖွားဖို့ လတော်တော်လိုပါသေးပေမယ့် နို့ရည်ဂလင်းတွေက ကလေးမွေးဖွားပြီးချိန်မှာ စစချင်းတိုက်ဖို့ နို့ရည်ကြည် တွေကို စပြီးထုတ်လုပ်နေပါပြီ။

ကိုယ်ဝန်ဆောင်မိခင်က သွားကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၃)ပတ်ရဲ့စားသောက်မှုပုံစံ

ဒီအချိန်မှာ အရမ်းကို ဆာလောင်နေတတ်ပြီး တွေ့တာမှန်သမျှကို စားနိုင်မယ်လို့ ခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကလေးကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့အတွက် တစ်နေ့ကို ကယ်လိုရီ (၃၀၀) နှင့်အထက်သာ လိုအပ်ပါတယ်။ ကလေးကို ကျွေးသင့်တဲ့ အကောင်းဆုံး အစားအစာတွေအတွက် မုယောစပါးပါဝင်တဲ့ အစားအစာတွေ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ၊ အဆီနည်းတဲ့အသားတွေကိုသာ စားသုံးပါ။

ဗီတာမင်အတွက်ကတော့ အစောပိုင်းမှာ သောက်ခဲ့သလိုပဲ ဆက်သောက်ပါ။ ပရိုတင်း၊ သံဓာတ်နဲ့ ကယ်ဆီယမ်တွေက ကလေးရဲ့ ကြီးထွားမှုအဆင့်တွေမှာ အရေးကြီးလိုအပ်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ ငါး၊ အခွံမာသီး၊ တိုဟူးနဲ့ ပဲအမျိုးမျိုးကနေ တစ်နေ့ကို ပရိုတင်း (၇၁) ဂရမ်လောက် စားသုံးပေးပါ။ တစ်နေ့ကို သံဓာတ် (၂၅) မီလီဂရမ်ရရှိအောင် ပဲနီလေး၊ ကန်စွန်းရွက်နဲ့ အနီရောင်အသားတွေကို စားပါ။ တစ်နေ့ကို နို့ထွက်ကုန် (၄) ခါလောက်စားခြင်းဖြင့် ကယ်ဆီယမ် (၁၀၀၀) မီလီဂရမ်ကို ရယူနိုင်ပါတယ်။

ခင်ပွန်းသည်အနေနဲ့ ကလေးအတွက် မွေးဖွားရင် လိုအပ်မယ့်ပစ္စည်းများကို စာရင်းပြုလုပ်ထားသင့်ပါတယ်

မိခင်တို့သိထားရမည့်အချက်များ

ကိုယ်ဝန်ဆောင်ဗီတာမင်တွေကို ဆက်သောက်သုံးပါ

အခုချိန်မှာတော့ ဗီတာမင်တွေကို ဆက်မှီဝဲသင့်ပါတယ်။ တကယ်လို့ ဆရာဝန်က ဗီတာမင်သောက်တာရပ်ဖို့ပြောရင် ကိုယ်ဝန်ကာလတစ်လျှောက်လုံးအတွက် အရေးကြီးတဲ့ ဖောလစ်အက်ဆစ်ကိုတော့ ဆက်သောက်ပါ။ ဆရာဝန်က သံဓာတ်အားဖြည့်ဆေးကိုပါ ညွှန်းပေးနိုင်ပါတယ်။

နာကျင်ကိုက်ခဲခြင်း

အခုချိန်ဆိုရင်တော့ အမျိုးသမီးအများစုမှာ ကိုယ်ဝန်ဆောင်နေပြီဆိုတာ သိသာနေပါပြီ။ ဗိုက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှ အရွတ်တွေနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို စပြီးခံစားရပါလိမ့်မယ်။ ဒီလိုကိုက်ခဲတာမျိုးက ပြင်းထန်နိုင်ပြီး ဒီလိုနာကျင်တာက ပုံမှန်ဖြစ်ပေမယ့် စိုးရိမ်တယ်ဆိုရင်တော့ ကိုက်ခဲတာမခံနိုင်တော့တဲ့အချိန်မျိုးမှာ ဆရာဝန်ကိုသွားပြသင့်ပါတယ်။

ကိုယ်အလေးချိန် ရုတ်တရက်မတက်လာစေပါနဲ့

အခုချိန်မှာ ကိုယ်အလေးချိန်တွေ တော်တော်တက်လာနေပြီဖြစ်ပြီး အကြောပြတ်တာတွေဖြစ်လာနိုင်ပါတယ်။ မျှတတဲ့အစားအစာတွေကိုသာ စားသောက်ပြီး ကိုယ်အလေးချိန် မြန်မြန်တက်လာတာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးအချို့က တခြားသူတွေထက်ကို ပိုဆိုးပါတယ်။ ကောင်းတဲ့လိုးရှင်းက အသားအရည်ကို ပျော့ပြောင်းနေစေပြီး အကြောပြတ်တာကြောင့်ဖြစ်တဲ့ ယားယံခြင်းဝေဒနာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

From Kalay with


Comments

0 comments
Latest video