ကိုယ်ဝန်ဆောင်သက်တမ်း (၁၁)ပတ်

by: Khin Nyein Lwin
 0 comments  60 love

ကိုယ်ဝန်ဆောင်သက်တမ်း (၁၁)ပတ်အချိန်မှာ ဆီးအိတ်ပေါ်မှာ ဖိအားများလာကြောင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာမျိုးကြုံတွေ့လာနိုင်ပါတယ်။ သန္ဓေသားလေးက သဖန်းသီးအရွယ်လောက်ရှိနေပါပြီ။

ကိုယ်ဝန်ဆောင်သက်တမ်း (၁၁)ပတ်ဆိုတဲ့အချိန်မှာ ကိုယ်ဝန်ပထမအဆင့်က ပြီးဆုံးသွားပြီး ဒုတိယအဆင့်အစ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလ လက္ခဏာတွေဖြစ်တဲ့ မနက်ပိုင်း ပျို့အန်တာ၊ မအီမသာဖြစ်တာတွေက ပျောက်သွားပြီး တချို့မိခင်လောင်းတွေဆိုရင် ပိုပြီးအားအင်တွေပြည့်ဝနေပြီး တက်ကြွနေတတ်ကြပါတယ်။ ကလေးကန်တာက သိသာလာပြီး မိခင်က ကလေးရဲ့နှလုံးခုန်သံကို ကြားနိုင်တာစတာတွေကို မျှော်လင့်ထားပါ။

ကိုယ်ဝန်ပတ် (၁၁)ပတ်မှာ ကလေးအရွယ်အစားက သလဲသီးအရွယ်လောက် ရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

သန္ဓေသားလေးက အပြည့်အစုံပုံပေါ်ပြီဖြစ်သော်လည်း သဖန်းသီးအရွယ်အစားလောက်သာရှိပါသေးတယ်။ သူ့အတွက်ကျန်တဲ့ တစ်ခုတည်းသောတာဝန်ကတော့ ကောင်းကောင်းနဲ့ သန်သန်မာမာကြီးထွားလာဖို့ပါပဲ။ ခြေသည်းခွံကနေ သွားဖုံးပေါက်အထိအားလုံး ရှိနေပြီးဖြစ်ပြီး လက်ချောင်းတွေနဲ့ ခြေချောင်းတွေက အရေပြားဆက်နေခြင်းမရှိတော့ပါဘူး။ ကယ်ဆီယမ်အနည်ကျခြင်းဖြင့် အရိုးတွေကလည်းပို သန်မာလာပါပြီ။

ဒီအဆင့်မှာ သန္ဓေသားက အလွန်တက်ကြွမှုရှိနေပေမယ့် လှုပ်ရှားမှုတွေကို မိခင်က သတိမထားမိသေးပါဘူး။ နောက်လလောက်မှသာ သိနိုင်မှာပါ။ မိခင်ကတော့ သတိထားမိသေးမှာမဟုတ်ပေမယ့် ရင်ဘတ်နဲ့ဝမ်းဗိုက် ကြွက်သားတွေ ဖွံ့ဖြိုးလာပြီဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ ကြို့ထိုးတတ်နေပါပြီ။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် ကြုံတွေ့ရတဲ့ လက္ခဏာတွေမတူတတ်ကြပါဘူး။ ကိုယ်ဝန်ဆောင်တော်တော်များများမှာတော့ မအီမသာဖြစ်တာ၊ ပျို့အန်တာတွေက ပျောက်လုနီးနီးဖြစ်နေပါပြီ။ အဲ့အစား ဝမ်းချုပ်တာနဲ့ ရင်ပူတာစတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေရှိလာပါတယ်။ လက္ခဏာတွေက ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်လာတာလို့ မှတ်ယူနိုင်ပါတယ်။ မဟော်မုန်း oestrogen နဲ့ မျိုးဥထုတ်တာကိုတားဆီးပေးတဲ့ ဟော်မုန်း progesterone များလာတာက အူလမ်းကြောင်းအတွင်း ရွေ့လျားမှုနဲ့ အစာချေဖျက်နှုန်းကို နှေးသွားစေတာကြောင့်ဖြစ်ပါတယ်။ ဒီဟော်မုန်းတွေက အစာအိမ်နဲ့ အစာပြွန်ကြားမှာရှိတဲ့ အမြှေးပါးလေးကို လှုပ်ရှားမှုလျော့သွားစေတာကြောင့် အစာအိမ်ထဲက အရာတွေနဲ့ အက်ဆစ်တွေကို အစာပြွန်အတွင်းသို့ ပြန်အန်ထွက်စေပါတယ်။ လဲလျောင်းနေတာနဲ့ အစားကို အလွန်အကျွံစားခြင်းက အခြေအနေကို ပိုဆိုးလာစေနိုင်ပါတယ်။

ကိုယ်ဝန်ပထမအဆင့်ရဲ့ ပင်ပန်းနွမ်းနယ်တာနဲ့ ထိုင်းမှိုင်းလေးကန်တာတွေက ကိုယ်ဝန်ဆောင်သက်တမ်း (၁၁)ပတ်အချိန်မှာ မရှိတော့ပါဘူး။ ကိုယ်ဝန်ဆောင်အများစုက တက်ကြွပြီး အင်အားတွေပြည့်နေတတ်ကြပါတယ်။ အစာစားချင်စိတ်ကတော့ ပိုကောင်းလာမှာ မဟုတ်ပေမယ့် စိတ်ပူစရာမလိုပါဘူး။ ကိုယ်ဝန်ပထမအဆင့် အတွင်းမှာ (၂) ပေါင်ကနေ (၅) ပေါင်အထိတက်လာတာက ပုံမှန်ပါပဲ။ ကိုယ်ဝန်ဒုတိယအဆင့်စပြီဆိုတာနဲ့ အစာစားချင်စိတ်တွေ ပိုဖြစ်လာပြီး တစ်ပတ်ကို (၁) ပေါင်လောက်တက်လာဖို့သာ မျှော်လင့်ထားလိုက်ပါ။

ကိုယ်ဝန်ဆောင်မိခင်များ အစာစားချင်စိတ် မြင့်တက်လာနေပါတယ်

လုပ်ဆောင်ရမည့်အချက်များ

မဟော်မုန်း oestrogen နဲ့ မျိုးဥထုတ်တာကိုတားဆီးပေးတဲ့ ဟော်မုန်း progesterone တို့ရဲ့ လှုံ့ဆော်ပေးမှုကြောင့် ရင်သား (နဲ့ အတွင်းမှာရှိတဲ့ နို့ရည်ဂလင်းတွေက) အင်္ကျီတွေကို ကျပ်လာစေမှာပါ။ ဘော်လီအသစ်ဝယ်ဖို့ အချိန်တန်ပါပြီ။ တကယ်လို့ နို့တိုက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ မိခင်နှင့်ကလေးကောင်တာ ကိုသာ သွားလိုက်ပါ။ မွေးဖွားပြီးချိန်မှာ အဆင်ပြေလွယ်ကူဖို့လိုအပ်တာကြောင့် ပုံမှန်ဘော်လီတွေထက် ကိုယ်ဝန်ဆောင်ဘော်လီတွေကို ပိုဝတ်ဖြစ်ပါလိမ့်မယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles