ကိုယ်ဝန်ဆောင်သက်တမ်း (၁၀)ပတ်

by: Khin Nyein Lwin
 1 comments  13 love

ကိုယ်ဝန်ဆောင်သက်တမ်း (၁၀)ပတ်အချိန်ဟာ ကလေးက အရေးကြီးတဲ့ဖွံ့ဖြိုးမှုအဆင့်ကို ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ဝမ်းသာစရာကောင်းတဲ့အချိန်ဖြစ်ပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၀)ပတ်အချိန်မှာ ကလေးက အန္တရာယ်ကင်းကင်းနဲ့ ဖွံ့ဖြိုးနေတာကို သိရတာ အကောင်းဆုံးသတင်းပဲဖြစ်ပါတယ်။ မူမမှန်တဲ့ ဖွံ့ဖြိုးမှုတွေက လုံးဝကင်းသွားတာမျိုးမဟုတ်ပေမယ့် အရေးကြီးတဲ့အချိန်ကို ကျော်လွန်သွားတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သန္ဓေသားလောင်းဖွံ့ဖြိုးမှု ပြီးဆုံးသွားပြီး သန္ဓေသားဖွံ့ဖြိုးမှု အဆင့် အသစ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ တူညီတဲ့ သတိထားမှုတွေ၊ စောင့်ရှောက်မှုတွေနဲ့ ဆေးဝါးအထောက်အပံ့တွေကို ဆက်ပြီးလုပ်ဆောင်မယ်ဆိုရင်တော့ အဆုံးမှာ ကျန်းမာတဲ့ကလေးလေးကို မွေးဖွားနိုင်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် (၁၀)ပတ်မှာ ကလေးအရွယ်အစားက ဘယ်ရီသီးအရွယ်အစား ရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ဒီအချိန်မှာ သန္ဓေသားက အရွယ်အစားအရရော ကိုယ်အလေးချိန်အရပါ ငယ်သေးပေမယ့် အရေးကြီးတဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ ဖွံ့ဖြိုးလာတဲ့ (၁၀) ပတ်ဆိုတဲ့အချိန်ကာလမှာ မရှိမဖြစ်လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေက ဖွဲ့စည်းပြီးဖြစ်ကာ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို စတင်နေပြီဖြစ်ပါတယ်။ အခုဆိုရင် အနှစ်အိတ်ကို အစားထိုးဖို့ သွေးနီဥတွေကိုလည်း ထုတ်လုပ်နေပါပြီ။ အခြားကိုယ်အင်္ဂါတွေကလည်း ဖွံ့ဖြိုးမှု စတင်နေပြီးဖြစ်ပြီး ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်အတွင်း အရည်တွေအများကြီးကို လိုအပ်နေပါတယ်။

ခြေသည်းလက်သည်းခွံ၊ လက်ချောင်း၊ခြေချောင်းစတဲ့ အသေးစိတ်အင်္ဂါအသေးလေးတွေကအစ ဒီအဆင့်မှာ ဖြစ်ထွန်းလာပြီဖြစ်ပါတယ်။ သန္ဓေသားရဲ့ အရွယ်အစားက (၁.၂၅) လက်မလောက်တာရှိပြီး နောက်လာမယ့်အပတ်အနည်းငယ်အတွင်းမှာ နှစ်ဆနီးပါး ကြီးထွားလာမှာဖြစ်ပါတယ်။ တကယ်လို့  ဝမ်းခေါင်းထဲကိုမြင်ရခဲ့မယ်ဆိုရင်တော့ ကျောရိုးနဲ့ နာဗ့်ကြောတွေ ဖွံ့ဖြိုးလာနေတာကို မြင်ရမှာဖြစ်ပါတယ်။ သန္ဓေသားရဲ့ တစ်ဝက်လောက်ရှိတဲ့ ဦးနှောက်ရဲ့ လျင်မြန်တဲ့ဖွံ့ဖြိုးလာမှုကိုလည်း တွေ့နိုင်မှာပါ။

ပြောင်းလဲလာသော မိခင်ရဲ့ဘဝနေထိုင်မှုပုံစံ

ဒီအပတ်မှာတော့ ကျန်းမာရေးကို အထောက်အပံ့ပေးတဲ့ မတူညီတဲ့ လှုပ်ရှားမှုမှာ ပါဝင်လို့ရနေပါပြီ။ လမ်းလျှောက်တာ၊ ရေကူးတာတွေကို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်ဆက်ပြီးလုပ်နိုင်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ကာလနဲ့ သားဖွားပြီးချိန်မှာလိုအပ်တဲ့ အင်အား၊ ခံနိုင်ရည်နှင့် ခန္ဓာကိုယ်ပိုင်း ဖိစီးမှုတွေကို ခံနိုင်တဲ့ ကြွက်သားတွေဖြစ်အောင် ကူညီပေးမှာဖြစ်ပါတယ်။

ဆရာဝန်ဆီကို နောက်တစ်ခါသွားရောက်ပြသတော့မယ်ဆိုရင် ကလေးရဲ့ နှလုံးခုန်သံကို နားထောင်လို့ရနေပါပြီ။ မိခင်အများစုအတွက် ကလေးရဲ့နှလုံးသေးသေးလေးက ခုန်သံကိုကြားရချိန်က အရမ်းကို အဓိပ္ပါယ်ရှိတဲ့ အချိန်လေးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာတဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာ ကိုယ်ဝန်မဆောင်ခင်က သစ်တော်သီး အရွယ်လောက်သာရှိတဲ့ သားအိမ်က အခုရှောက်သီး အရွယ်လောက်ရှိနေပါပြီ။ ဗိုက်ထွက်လာပြီဖြစ်တဲ့အတွက် ပုံမှန် အဝတ်အစားမဟုတ်ပဲ ကိုယ်ဝန်ဆောင်အင်္ကျီကို ဝတ်ဆင်နေလောက်ပါပြီ။ ဘော်လီတွေကလည်း ရင်သားတွေကြီးထွားလာတဲ့အတွက် ကျပ်နေလောက်ပြီ။

လုပ်ဆောင်ရမည့်အချက်များ

နောက်ဆုံးတော့ ဒီအပတ်မှာ ကလေးလေးကို ပထမဆုံးမြင်တွေ့ရပါပြီ။ နောက်တစ်ခေါက် ဆရာဝန်နဲ့သွားပြတဲ့အခါမှာ ပထမဆုံး အာထရာဆောင်း ရိုက်ရတော့မှာ ဖြစ်ပါတယ်။ ဆရာဝန်က ကလေးရဲ့ လက်ချောင်းတွေ ခြေချောင်းတွေကို ထောက်ပြပြီး ကလေးနှလုံးခုန်သံကိုလဲ ကောင်းကောင်းကြားနိုင်ပါပြီ။ ဒီအပတ်မှာ  Down syndrome ရှိမရှိ၊ အခြား chromosome မူမမှန်တာမျိုးရှိမရှိနဲ့ မွေးရာပါနှလုံး ပြဿနာရှိမရှိ nuchal translucency test စစ်ဆေးမှုကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x