ကိုယ်ဝန်ဆောင်သက်တမ်း (၁) ပတ်

by: Khin Nyein Lwin
 0 comments  4 love

ကိုယ်ဝန် (၁) ပတ်အချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ လက္ခဏာတွေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲ နေထိုင်စားသောက်သင့်လဲဆိုတာကို သိနိုင်အောင်ဖတ်ကြည့်ရအောင်

ကိုယ်ဝန်ဆောင်ဖို့ မရည်ရွယ်ထားတဲ့ အမျိုးသမီးတော်တော်များများဟာ ကိုယ်ဝန်ဆောင်သက်တမ်း (၁) ပတ်မှာ ကိုယ်ဝန် ရှိနေတယ်ဆိုတာကို သတိမထားမိတတ်ကြပါဘူး။ တစ်ချို့ဆိုရင် (၂) ပတ်အထိတောင် မသိကြသေးပါဘူး။ အမျိုးသမီးအများစုမှာ လစဉ်ဓမ္မတာလာချိန်တွေကို အတိအကျ ခန့်မှန်းလို့မရကြပါဘူး။ ဒါကြောင့် ဓမ္မတာလာချိန် မမှန်ရင်တောင် ဒါကိုပုံမှန်ပဲလို့ စဉ်းစားတတ်ကြပြီး ကိုယ်ဝန်ဆိုတဲ့အရာကို နောက်ဆုံးမှသာ စဉ်းစားတတ်ကြပါတယ်။

လစဉ်ရာသီစက်ဝိုင်းကို နားလည်ခြင်း

ပုံမှန်ရာသီလဟာ (၂၈) ရက်သာ ရှိတတ်သော်လည်း တချို့က (၂၄) ရက်ပဲရှိတတ်သလို တချို့မှာတော့ (၃၅) ရက်အထိ ကြာတတ်ပါတယ်။ မမျိုးဥက မျိုးဥအိမ်ကနေ သုတ်ပိုးနဲ့တွေ့ပြီးပေါင်းစပ်တဲ့ (Fallopian tube) သားအိမ်ပြွန်ဆီကို စပြီး ရွေ့တဲ့အချိန်မှာ စတင်တာဖြစ်ပါတယ်။ မမျိုးဥဟာ မျိုးစပ်ခြင်း (fertilization) ပြီးသွားရင်တော့ သားအိမ်နံရံမှာ တွယ်ကပ်ဖို့ သားအိမ်ထဲကို ရောက်သွားပါပြီ။ ကိုယ်ဝန်သက်တမ်း (၁) ပတ်မှာ ကိုယ်ဝန်ရှိတယ်လို့မဆိုနိုင်ဘူးဆိုပြီး ပြောကြတဲ့သူတွေလည်းရှိပါတယ်။ မျိုးစပ်ခြင်း (fertilization) က ဒုတိယပတ်မှာမှ ဖြစ်ပွားတာကြောင့်ဖြစ်ပါတယ်။ ဒီအချက်က ပထမအပတ်မှာ အများစုက ကိုယ်ဝန်ရှိနေတာကို သတိမထားမိခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်နိုင်ပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန် (၁) ပတ်မှာဆိုရင်တော့ သန္ဓေသားက ကြီးကြီးမားမားဖွံ့ဖြိုးမှု မရှိသေးပါဘူး။ မမျိုးဥဟာ မျိုးဥအိမ်ကနေ သားအိမ်ပြွန် Fallopian tube ကို ရွေ့သွားတာတစ်ခုပဲရှိပါတယ်။ ဒီအချိန်အအကြာတွင်းမှာတော့ သန္ဓေတည်ခြင်း မဖြစ်သေးတာကြောင့် ကိုယ်ဝန်ရှိနေပြီလို့တော့ တစ်ထစ်ချပြောလို့ မရသေးပါဘူး။ သန္ဓေတည်ခြင်းက ရာသီပြီးဆုံးပြီး (၂)ပတ် မှ ဖြစ်ပွားတာဖြစ်ပါတယ်။ သို့သော်လည်း ကိုယ်ဝန်ပထမပတ်ကို ကိုယ်ဝန်ပြက္ခဒိန်အတွင်းမှာ ထည့်သွင်းထားတာက ဆရာဝန်တွေအနေနဲ့ ကိုယ်နောက်ဆုံးရာသီလာတဲ့နေ့ကို တွက်ချက်ကြည့်လို့ ရနိုင်ရန်ဖြစ်ပါတယ်။ အဲ့နေ့ကတစ်ဆင့် နောက်အပတ် (၄၀) မှာ ကိုယ့်ရဲ့မွေးဖွားမဲ့ရက်ကို ခန့်မှန်းတွက်ချက်တာ ဖြစ်ပါတယ်။

နောက် (၇) ရက်ကနေ (၁၀) ရက်အတွင်း   မျိုးစပ်ပြီးတဲ့ မျိုးဥက စတင်ပြီး ကွဲထွက်လာပါပြီ။ ပထမအပတ်မှာတော့ “သန္ဓေသား”ကို blastocyte လို့ခေါ်ပါတယ်။  Blastocyte က အပိုင်း (၂) ပိုင်းအဖြစ် ဖြည်းဖြည်းချင်း ကွဲထွက် သွားပါမယ်။ အပြင်ဘက် blastocyte က အချင်း ဖြစ်လာမှာဖြစ်ပြီး အတွင်းပိုင်းကတော့ သန္ဓေသားလောင်းလေး ဖြစ်လာမှာ ဖြစ်ပါတယ်။ ကွဲထွက်ခြင်းက ဒုတိယအပတ်မှာ ဖြစ်ပွားမှာပါ။ တကယ်လို့ မမျိုးဥက တစ်ခုထက် ပိုထွက် လာခဲ့မယ်ဆိုရင်တော့ မျိုးစပ်ပြီး သန္ဓေသားလောင်းဆဲလ် အများကြီး ဖြစ်ပေါ်လာမှာပါ။ ၄င်းဆဲလ်တစ်ခုချင်းစီမှာ မိဘနှစ်ပါးလုံးဆီက စုစုပေါင်း (၄၆) ခုရှိတဲ့ chromosomes အရေအတွက် တူညီစွာ ပါဝင်ပါတယ်။ ၄င်း chromosomes တွေက မွေးလာမယ့်ကလေးရဲ့ လိင်၊ ပုံစံ၊ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အရပ်၊ ပင်ကိုစရိုက်နဲ့ အသားအရောင် စတာတွေကို ဆုံးဖြတ်ပေးမယ့် မျိုးရိုးဗီဇတွေကို သယ်ဆောင်ပေးတာဖြစ်ပါတယ်။

ကိုယ်ဝန် (၁) ပတ်အချိန်မှာပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပထမအပတ်အတွင်း ကိုယ့်ခန္ဓာကိုယ်က ကြီးကြီးမားမားပြောင်းလဲခြင်းရှိမှာ မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ်တွင်းမှာတော့ ပြောင်းလဲမှုတွေဖြစ်နေပါတယ်။ သိသာတဲ့လက္ခဏာတစ်ချို့ကတော့ မူးမေ့ခြင်း၊ ရင်သားနာကျင်ခြင်း၊ စိတ်ပြောင်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်းနဲ့ မနက်ပိုင်းပျို့အန်ခြင်း တို့ဖြစ်ပါတယ်။ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့ဆိုရင် ကိုယ်ဝန်ဒုတိယအပတ်အထိ ဘာမှ ပြောင်းလဲခြင်း မရှိတာမျိုးလည်း ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကိုယ်ဝန်ပထမအပတ်က သူတို့ပုံမှန်ဘဝရဲ့ နောက်ဆုံးအချိန်တွေလို့ တချို့ဆရာဝန်တွေက ပြောကြပါတယ်။ ဆိုလိုတာက ကိုယ့်ကိုယ်ဝန်ကို ကြီးကြီးမားမားထိခိုက်စေနိုင်မှာမဟုတ်လို့ ကိုယ်ဟာ  ပုံမှန်စားနေကျပုံစံမျိုး ဆက်စားနိုင်သေးပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x